Category: News

  • ဗန်းမတ်ရွာသစ်ကို မီးရှို့ခဲ့သည့် PNO ဗိုလ်ကြီး စနိုက်ပါထိ သေဆုံး

    ဗန်းမတ်ရွာသစ်ကို မီးရှို့ခဲ့သည့် PNO ဗိုလ်ကြီး စနိုက်ပါထိ သေဆုံး

    မောက်မယ်မြို့နယ်၊ ကဒူးကြီးဒေသ ဗန်းမတ်ရွာသစ် (စစ်ဘေးရှောင်ရွာ) ကို မီးရှို့ခဲ့သည့် PNO ပြည်သူ့စစ် ဗိုလ်ကြီးတဦး တိုက်ပွဲအတွင်း စနိုက်ပါဖြင့် အပစ်ခံရပြီး သေဆုံးသွားသည်ဟု သတင်းရင်း မြစ်များထံမှ သိရသည်။ စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်မှ ဗိုလ်ကြီးခွန်မောင်ကွိ (ခ) လရောင် ဆိုသူသည် ဖေဖော်ဝါရီ ၁၄ ရက်တွင် စနိုက်ပါထိပြီး သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ “PNO လူကြီးတွေရဲ့အမိန့်အရ ၁၃ ရက်ညမှာ ပွန်ချောင်းအရှေ့ဘက်ကို ကူးပြီး ဗန်းမတ်ရွာသစ်ကို မီးရှို့တာ။ နောက်ရက် မနက်ရောက်တော့ စနိုက်ပါထိပြီး သေသွားတာလို့ပြောတယ်ဗျ၊”ဟု ခွန်မောင်ကွိနှင့် တစ်ရွာတည်းနေ သတင်းရင်း မြစ်တစ်ဦးက ပြောသည်။ ၎င်း၏ နာရေးကို ယနေ့ ဖေဖော်ဝါရီ ၁၆ ရက်တွင် ပြုလုပ်သွားမည်ဟုလည်း ခွန်မောင်ကွိနှင့်နီးစပ်သူတစ်ဦးက ပြောသည်။…

  • မနက်ဖြန် ၁၇ ရက် အထူးသတိထား…

    မနက်ဖြန် ၁၇ ရက် အထူးသတိထား…

    မြန်မာနိုင်ငံက မမြင်ရသော်လည်း သတိပြုရမည့် နေကြတ်ချိန်ခါ မနက်ဖြန် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၇) ရက်၊ အင်္ဂါနေ့မှာ “ကွင်းပုံသဏ္ဌာန် နေကြတ်ခြင်း (Annular Solar Eclipse)” ဖြစ်ပေါ်မှာ ဖြစ်ပါတယ်။ ဒီနေကြတ်ခြင်းနဲ့ ပတ်သက်ပြီး သိထားသင့်တဲ့ အချိန်အခါနဲ့ မန္ဒိုင်ဗေဒင် (Mundane Astrology) အရ ဟောကိန်းများကို ဖော်ပြပေးလိုက်ပါတယ်။ **🕒 နေကြတ်မည့် အချိန် (မြန်မာစံတော်ချိန်)** * **နေကြတ်စတင်ချိန်:** ညနေ ၄ နာရီ ၂၆ မိနစ် (16:26) * **အများဆုံးကြတ်ချိန်:** ညနေ ၆ နာရီ ၄၂ မိနစ် (18:42) * **နေကြတ်ပြီးဆုံးချိန်:** ည ၈ နာရီ ၅၇ မိနစ်…

  • ရန်ကုန်ရှိ တီမောသံရုံးကို မြန် မာစစ်တပ်က နှင်ထုတ်

    ရန်ကုန်ရှိ တီမောသံရုံးကို မြန် မာစစ်တပ်က နှင်ထုတ်

    မင်းအောင်လှိုင်နှင့် စစ်တပ် ကျူးလွန်သော စစ်ရာဇဝတ်မှုများကို အရေးယူနိုင်ရေး တီမောနိုင်ငံက အမှုလက်ခံလိုက်ပြီးနောက် ရန်ကုန်ရှိ တီမောသံရုံးကို မြန် မာစစ်တပ်က နှင်ထုတ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ နောက်ဆုံးထား၍ မြန်မာ နိုင်ငံမှ တီမောသံရုံး ထွက်ခွာရန် အမိန့်ပေး အကြမ်းဖက် မင်းအောင်လှိုင်နှင့် စစ်တပ်တို့ ကျူးလွန်သော စစ်ရာဇဝတ်မှုများကို အရေးယူနိုင်ရေး တီမောနိုင်ငံက ဥပဒေကြောင်းအရ စုံစမ်းစစ်ဆေးရန် အမှုလက်ခံလိုက်ပြီးနောက် ရန်ကုန်ရှိ တီမောသံရုံးကို မြန်မာစစ်တပ်က ၇ ရက်အတွင်း ထွက်ခွာရန် နှင်ထုတ်ကြောင်း ယမန်နေ့ညပိုင်း ကြေညာသည်။ ဖေဖော်ဝါရီလဆန်းပိုင်းတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်သော တီမောနိုင်ငံက မြန်မာနိုင်ငံမှ မင်းအောင် လှိုင်နှင့် စစ်ဗိုလ်ချုပ်များ ကျူးလွန်သော စစ်ရာဇဝတ် မှုများကို အရေးယူရန် ဥပဒေအရ အမှုလက်ခံခဲ့ကြောင်း၊ အဆိုပါအမှုမှာ ချင်းပြည်နယ်တွင်…

  • ရွှေသူခိုးဟုစွပ်စွဲကာ အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီးများက ရိုက်နှက်စစ်ဆေးရင်း သေဆုံး

    ရွှေသူခိုးဟုစွပ်စွဲကာ အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီးများက ရိုက်နှက်စစ်ဆေးရင်း သေဆုံး

    တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသ၊ သဲချောင်းကျေးရွာအုပ်စု၊ သဘွတ်ချောင်းရွာမှ အမျိုးသမီးတစ်ဦးကို စစ်ကော်မရှင်ခန့် အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီးအဖွဲ့ဝင်များက ရွှေခိုးသည်ဟု စွပ်စွဲကာ ဖမ်းဆီးရိုက်နှက်သတ်ဖြတ်ခဲ့ကြောင်း မိသားစုနှင့် နီးစပ်သူများထံမှ သိရသည်။ ပျူစောထီးများသည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၂ ရက် နံနက် ၈ နာရီခန့်က သဘွတ်ချောင်းရွာတွင် နေထိုင်သည့် အသက် (၃၅) နှစ်ဝန်းကျင်ရှိ မခိုင်ကို ရွှေခိုးသည်ဟု စွတ်စွဲကာ ၎င်း၏နေအိမ်တွင် လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်။ “အုပ်ချုပ်ရေးမှူး နောင်ကြီး ရဲ့ ချွေးမက ရွှေ သုံးကျပ်သားကျော်ပျောက်တယ်တဲ့။ အဲ့ဒါကို နောင်ကြီးနဲ့ သူ့တပည့်ပျူစောထီးတွေက မခိုင်ကို ရွှေခိုးတယ်လို့ စွပ်စွဲတယ်။ ပြီးတော့ စစ်ဆေးစရာရှိတယ်ဆိုပြီး အိမ်မှာလာခေါ်သွားတယ်”ဟု မိသားစုနှင့် နီးစပ်သည့်ရွာခံအမျိုးသမီးတစ်ဦးက ပြောသည်။ ပျူစောထီးအဖွဲ့ဝင်များက အဆိုပါ အမျိုးသမီးအား ဖမ်းဆီးသွားပြီးနောက်…

  • ကွတ်ခိုင်မှာ TNLAနဲ့ MNDAA တင်းမာမှု လျော့ကျ၊ ပစ်ခတ်မှု ထပ်မဖြစ်

    ကွတ်ခိုင်မှာ TNLAနဲ့ MNDAA တင်းမာမှု လျော့ကျ၊ ပစ်ခတ်မှု ထပ်မဖြစ်

    ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့မှာ တအာင်းတပ်မတော်(TNLA)နဲ့ ကိုးကန့် တပ်မတော် (MNDAA)တို့ တင်းမာမှု ညှိနှိုင်းနေဆဲဖြစ်ပြီး နှစ်ဘက်စလုံးက မြို့တွင်း၊ မြို့ပြင်မှာပါ တပ်စွဲထားဆဲလို့ သတင်းရရှိပါတယ်။ ကွတ်ခိုင်မြို့နေရာများစုမှာ MNDAA တပ်ဆင်ထားတဲ့ CCTV တွေနဲ့ MNDAA ရုံးတွေကို TNLA က အင်အားအများအပြားနဲ့ ဖေဖော်ဝါရီ ၁၃ ရက်ညမှာ လိုက်လံဖြုတ်သိမ်းတာကနေ တင်းမာမှုစတင်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။ “MNDAA က သူတို့ စီစဉ်ထားတဲ့ တရုတ်နှစ်သစ်ကူးပွဲကို မလုပ်တော့ဘူး။ TNLA ရော MNDAA ပါ နေရာတော်တော်များများတပ်စွဲထားတယ်။ အခြေအနေက စိတ်ဒုံးဒုံးချလို့ မရသေးဘူး။ ညှိတော့ ညှိတော့ ညှိနေကြတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ ကွတ်ခိုင်မြို့နယ်မှာ ကိုးကန့် တပ်မတော် (MNDAA)နဲ့ တအာင်းတပ်မတော်(TNLA)တို့အကြား ဖေဖော်ဝါရီ…