Category: News
-

သဲကုန်းမြို့ပေါ် တယ်သီးပင် ရပ်ကွက် ဆရာအတတ်သင် ၁ လမ်းရှိ စစ်တပ်၏ စစ်ဆေးရေးဂိတ်ကို ဝင်ရောက် ပစ်ခတ်မှု စစ်သား ၄ ဦး သေဆုံး
ပဲခူးတိုင်း၊ သဲကုန်းမြို့ပေါ် တယ်သီးပင် ရပ်ကွက် ဆရာအတတ်သင် ၁ လမ်းရှိ အကြမ်းဖက် စစ်တပ်၏ စစ်ဆေးရေးဂိတ်ကို ဝင်ရောက် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား ၄ ဦး သေဆုံးခဲ့ကြောင်း ၃၆၀၁ တပ်ရင်း စစ်ထောက်လှမ်းရေးနှင့် သတင်းပြန်ကြားတာဝန်ခံ ရဲဘော် Shadow က ပြောဆိုသည်။ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နံနက် ၁၁ နာရီအချိန်တွင် အကြမ်းဖက်စစ်တပ်၏ စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး အကြမ်းဖက်စစ်သားများနှင့်တိုက်ပွဲ ၁၀ မိနစ်ခန့်ဖြစ်ပွားခဲ့ကာ နေရာတွင်ပင် အကြမ်းဖက်စစ်သားများ သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။ အဆိုပါ တိုက်ခိုက်မှုကို ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (၃၆၀၁ PPDF) တပ်ရင်း တပ်ခွဲ ၃ နှင့် တပ်ခွဲ ၅…
-

သရက်ချောင်းတွင် စစ်ကြောင်းထိုးလာသော စစ်တပ်ကို ၁၇ ရက်ကြာ တိုက်ခိုက်မှု စစ်သား ၂၅ ဦး သေဆုံး
သရက်ချောင်းတွင် စစ်ကြောင်းထိုးလာသော စစ်တပ်ကို ၁၇ ရက်ကြာ တိုက်ခိုက်မှု စစ်သား ၂၅ ဦး သေဆုံးပြီး တော်လှန်ရေး ရဲဘော် ၃ ဦး ကျဆုံး၊ လက်နက် ၄ လက် သိမ်းဆည်းရရှိ တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များအကြား ၁၇ ရက်ကြာ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၂၅ ဦး သေဆုံးကာ လက်နက် ၄ လက် သိမ်းဆည်းရရှိခဲ့ကြောင်း သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ ဖေဖော်ဝါရီလ ၉ ရက်နေ့ နံနက် ၉ နာရီခန့်အချိန်မှ စတင်၍ သရက်ချောင်းမြို့နယ် သရက်နှစ်ခွရွာလမ်းဆုံကို အကြမ်းဖက် စစ်တပ်က…
-

ကျွန်းစုတွင် ပျူစောထီးအဖွဲ့ဝင် ၁ ဦးက ညီအရင်းကို သေနတ်ဖြင့်ပစ်သတ်
တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်၊ ကျွဲခရိုင်ကျေးရွာအုပ်စု၊ သဇင်ရွာမှာ ဖေဖော်ဝါရီ ၂၇ ရက် နေ့လယ် ၂ နာရီခွဲလောက်က အစ်ကိုဖြစ်သူက ညီအရင်းဖြစ်သူကို စကားများပြီး သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ နီးစပ်ရာမိသားစုဝင်တွေဆီက သိရပါတယ်။ အစ်ကိုဖြစ်သူ ကိုခက်ခဲက သဇင်ရွာရဲ့ ပျူစောထီးတယောက်ဖြစ်ပြီး လက်နက်ကိုင်ဆောင်ခွင့် ရတာ တလခန့်ရှိပြီလို့ ဒေသခံတွေက ပြောပါတယ်။ နီးစပ်ရာ မိသားစုဝင်တယောက်က “အစ်ကိုဖြစ်တဲ့သူက သူ့မိဘအိမ်ကိုလာရင်း ညီဖြစ်သူနဲ့ စကားများပြီး သေနတ်နဲ့ ပစ်သတ်လိုက်တာ။ ကျည်က တင်ပါးကနေ ဆီးအိမ်ကို ဖောက်ဝင်သွားတယ်” လို့ ပြောပါတယ်။ ကျူးလွန်သူ ကိုခက်ခဲကို သဇင်ရွာရဲတွေက ညနေဘက်မှာ ဖမ်းဆီးခဲ့ပြီး ကျွန်းစုမြို့ကို ပို့ဆောင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ညီဖြစ်သူ ကိုမြင့်သူရဲ့ အလောင်းကိုတော့ မြိတ်မြို့ကို ပို့ဆောင်ပြီး စစ်ချက်ယူနေတယ်လို့…
-

စစ်ကိုင်းဝန်ကြီးချုပ် မြတ်ကျော်အတွက် လုံခြုံရေး ယူနေသော စစ်တပ်ကို တိုက်ခိုက်
စစ်ကောင်စီခန့် စစ်ကိုင်းဝန်ကြီးချုပ် မြတ်ကျော်အတွက် လုံခြုံရေး ယူနေသော စစ်တပ်ကို တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး၊ စစ်တပ်က လက်နက်ကြီးဖြင့် ပြန်လည် ပစ်ခတ်၍ ပြည်သူ ၂ ဦး ထိမှန်သေဆုံး အကြမ်းဖက် စစ်ကောင်စီခန့် စစ်ကိုင်းဝန်ကြီးချုပ် မြတ်ကျော်အတွက် လုံခြုံရေး ယူနေသော စစ်တပ်ကို တိုက် ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးကြောင်း လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ယမန်နေ့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်အချိန် စစ်ကိုင်းမြို့ရှိ ဆွမ်းဦးပုညရှင် ဘုရား ထီးတင်ပွဲသို့ ရောက်ရှိနေသည့် စစ်ကောင်စီခန့် စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် မြတ်ကျော် လုံခြုံရေးအတွက် စစ်ကိုင်းမြို့အဝင် ဆိုင်းဘုတ်အနီး…
-

ကချင်ဒုက္ခသည်စခန်းမှ ၁၀နှစ်သမီး ၃ ဦး ပြန်ပေးဆွဲသတ်ဖြတ်ခံရ
ဖေဖော်ဝါရီ ၂၂ နေ့ကတည်းက ပြန်ပေးဆွဲခံထားရသည့် ကချင်ပြည်နယ်၊ လိုင်ဇာမြို့အနီးရှိ ဂျေယန်းဒုက္ခသည်စခန်းမှအသက် ၁၀ နှစ်အရွယ်မိန်းကလေးငယ်သုံးဦးကို ပြန်ပေးသမားက သတ်ဖြတ်လိုက်ပြီဟု ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ၏ပြန်ကြားရေးအရာရှိကအတည်ပြုသည်။ ဖေဖော်ဝါရီ ၂၂ နေ့ကတည်းက ပြန်ပေးဆွဲခံထားရသည့် ကချင်ပြည်နယ်၊ လိုင်ဇာမြို့အနီးရှိ ဂျေယန်းဒုက္ခသည်စခန်းမှအသက် ၁၀ နှစ်အရွယ်မိန်းကလေးငယ်သုံးဦးကို ပြန်ပေးသမားက သတ်ဖြတ်လိုက်ပြီဟု ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ၏ပြန်ကြားရေးအရာရှိကအတည်ပြုသည်။ ကလေးငယ်နှစ်ဦး၏ ရုပ်အလောင်းများကို ယမန်နေ့ ညနေပိုင်းတွင်လည်းကောင်း၊ အခြားတဦး၏ ရုပ်အလောင်းကို ယနေ့နံနက်ပိုင်းတွင်လည်းကောင်း ရှာဖွေတွေ့ရှိခဲ့ပြီးနောက် ဓားစာခံသုံးဦးစလုံး သတ်ဖြတ်ခံခဲ့ရကြောင်း KIA ဘက်ကအတည်ပြုခဲ့ခြင်းဖြစ်သည်။ အမှုအတွက် အဆိုပါဒုက္ခသည်စခန်းတွင်နေထိုင်သည့် အမျိုးသားတဦးကို သံသယမှုဖြင့်ဖမ်းဆီးထားကြောင်း၊ နောက်ထပ် ပူးပေါင်းပါဝင်သူများ ရှိ၊မရှိကိုလည်း ဆက်လက်စစ်ဆေးနေသည်ဟု KIAပြောခွင့်ရအရာရှိ ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။ “စစ်ရှောင်စခန်းကြားမှာ သွားလာနေရင် ပြန်ပေးဆွဲသွားတယ်လို့…