Category: News
-

မှော်အင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး သန်းဦး ပစ်ခတ်ခံရ၍ သေဆုံး
လက်ပံတန်းတွင် စစ်မှုထမ်းရမည့် လူငယ်များ စာရင်းကို ထွေ/အုပ်ရုံးသို့ သွားပို့သည့် မှော်အင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး သန်းဦး ပစ်ခတ်ခံရ၍ သေဆုံးပြီး လက်ပစ်ဗုံး ၂ လုံး သိမ်းဆည်းရရှိ ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်တွင် စစ်မှုထမ်းရမည့် လူငယ်များ၏ စာရင်းကို ထွေ/အုပ်ရုံးသို့ သွားရောက်ပို့ဆောင်သည့် မှော်အင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး သန်းဦးကို ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ နံနက် ၈ နာရီ ၁၀ မိနစ်ခန့်တွင် လက်ပံတန်းမြို့နယ်၊ မှော်အင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ပျူခေါင်းဆောင် သန်းဦးသည် ၄င်း၏ အပေါင်းအပါ ပျူစောထီး ၁ ဦး ၊ ရာအိမ်မှူး ၁…
-

AA ထိန်းချုပ်ထားသည့် မြို့နယ် ၁၅ ခု၌ မီးဘေးအန္တရာယ် အသိပေး
အာရက္ခတပ်တော် (AA) က သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်ရှိ မြို့နယ် ၁၄ ခုနဲ့ ပလက်ဝမြို့နယ်တို့မှာ အာရက္ခပြည်သူ့အစိုးရရဲ့ မီးသတ်ဦးစီးဌာနက မီးဘေးအန္တရာယ် သတိပေးမှုနဲ့ ကြိုတင်ပြင်ဆင်မှုတွေကို စစ်ဆေးပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မီးသတ်ဦးစီးဌာန တာဝန်ရှိသူတွေဟာ AA ထိန်းချုပ်ထားတဲ့ မြို့နယ် ၁၅ ခုစလုံးက မြို့ရွာတွေမှာ မီးဘေးအန္တရာယ် အသိပညာပေးမှုနဲ့ မီးဘေးကြုံလာရင် ငြှိမ်းသတ်နိုင်ဖို့ လိုအပ်တဲ့ အသုံးအဆောင်တွေကို အိမ်တိုင်းမှာ မဖြစ်မနေဆောင်ထားဖို့ တင်းတင်းကျပ်ကျပ် ညွှန်ကြားထားတယ်လို့ မြောက်ဦးမြို့၊ ဆင်ချဆိပ်ရပ်ကွက်က ဒေသခံ အမျိုးသားတယောက်က ပြောပါတယ်။ “ရခိုင်မှာတော့ ဒီဇင်ဘာလကတည်းက မီးဘေးအန္တရာယ် သတိပေးတာတွေ၊ နောက် မီးဘေးကြုံလာရင် လျှင်မြန်စွာ ငြှိမ်းသတ်နိုင်အောင် အိမ်တိုင်းမှာ လှေကားတွေ၊ မီးသတ်တံတွေ၊ သဲနဲ့ ရေတွေကို အမြဲမပြတ်ဆောင်ထားဖို့ ညွှန်ကြားထားတယ်။…
-

အောင်ပြည့်စုံ သိမ်းယူမည့် မြေကွက်ပေါ်မှ ပြည်သူပိုင် နေအိမ်များကို ဖြိုဖျက်ရန် မြေကော်စက်နှင့်ဘူဒိုဇာကားများရောက်ရှိ
ပြင်ဦးလွင်၊ ရေချမ်းအိုးရပ်ကွက်ရှိ မင်းအောင်လှိုင်၏သား အောင်ပြည့်စုံ သိမ်းယူမည့် မြေကွက်ပေါ်မှ ပြည်သူပိုင် နေအိမ်များကို ဖြိုဖျက်ရန် မြေကော်စက်နှင့်ဘူဒိုဇာကားများရောက်ရှိ၊ စစ်တပ်နှင့်ရဲများက လုံခြုံရေးယူထား မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့၊ ရေချမ်းအိုး ရပ်ကွက်တွင် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏သား အောင်ပြည့်စုံက သိမ်းယူမည့် မြေကွက်ပေါ်မှ ပြည်သူပိုင် နေအိမ်များကို ဖြိုဖျက်ရန် မြေကော်စက်များနှင့် ဘူဒိုဇာကားများ ယခု နံနက်ပိုင်းတွင် ရောက်ရှိလာပြီး စစ်တပ်နှင့်ရဲများက လုံခြုံရေးယူထားကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ မင်းအောင်လှိုင်၏သားဖြစ်သူ ရယူမည့် မြေကွက်ပေါ်မှ ပြည်သူပိုင် နေအိမ်များကို ဖြိုဖျက်ရန် မန္တလေး တိုင်းစစ်ကောင်စီဝန်ကြီးများ ကိုယ်တိုင် ကွင်းဆင်း၍ ဆေးနီများဖြင့် အဆောက်အဦးများတွင် ရေးမှတ်သွားခဲ့ပြီးနောက် နေအိမ်များကို ဖျက်သိမ်းရန် ယနေ့ နံနက်ပိုင်းတွင် ဘူဒိုဇာမြေကော်စက်များနှင့်…
-

အောင်ဇေယျစစ်ကြောင်းအား ကော်ဘရာ၊ PDF ပူးပေါင်းတပ် တနေကုန်တိုက်ခိုက်
ကရင်ပြည်နယ်၊ ဒေါနတောင်ပေါ်၌ စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းအား KNLA ၊ ကော်ဘရာ နှင့် PDFပူးပေါင်းစစ်ကြောင်းတို့က ဖေဖော်ဝါရီ ၂၁ ရက်တွင်တနေကုန်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း ကော်ဘရာစစ်ကြောင်းမှ စစ်ကြောင်းမှူးတစ်ဦးက ပြောသည်။ “ဒီနေ့တိုက်ပွဲဖြစ်တယ်။ မနက်ရော နေ့လည်ရော။ ခုတော့ ပြီးသွားပြီ”ဟု ကော်ဘရာစစ်ကြောင်းမှ စစ်ကြောင်းမှူးတစ်ဦးက ညနေ ၅နာရီကျော်တွင်ပြောသည်။ တိုက်ပွဲအတွင်း အောင်ဇေယျစစ်ကြောင်းမှ စစ်သား ထိခိုက်သေဆုံးမှုရှိ၊မရှိကိုမူမသိရသေးပေ။ ဒေါနတောင်ပေါ်ရှိ အောင်ဇေယျစစ်ကြောင်းအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော်များနှင့် ကော်ဘရာစစ်ကြောင်း ပူးပေါင်းတပ်တို့က ပိတ်ဆို့ဖြတ်တောက်တိုက်ခိုက်နေခြင်း ဖြစ်သည်။ အောင်ဇေယျစစ်ကြောင်းနှင့် ကော်ဘရာ၊PDFပူးပေါင်းတပ်တို့ နေ့စဉ် ပစ်ခတ်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုတို့မကြာခဏဖြစ်ပွားလေ့ရှိသော်လည်း ဖေဖော်ဝါရီ ၂၁ ရက်တွင် တနေကုန်နီးပါးတိုက်ပွဲ ပြန်လည် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ကော်ဘရာပူးပေါင်းတပ်များသည် ပြီးခဲ့သည့်လပိုင်းကတည်းက အောင်ဇေယျစစ်ကြောင်းအား ခံစစ်အနေအထားမှ ထိုးစစ်ဖြင့်…
-

မင်းတုန်းမြို့နယ်တွင် စစ်ကြောင်းထိုးလာသော စစ်တပ်ကို တိုက်ခိုက်မှု စစ်သား ၁၀ ဦးထက်မနည်း သေဆုံးပြီး တော်လှန်ရေး ရဲဘော် ၁ ဦးကျဆုံး
မကွေးတိုင်း၊ မင်းတုန်းမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသော စစ်တပ်ကို တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သရက်ခရိုင် အမှတ် ၄ တပ်ရင်း သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က ပြောဆိုသည်။ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ မင်းတုန်းမြို့နယ်၊ ကန်မနိုင်ကျေးရွာမှ စစ်ကြောင်းထိုးရန် ထွက်လာသော အကြမ်းဖက် စစ်တပ်၏ တပ်မ ၈၈ ၊ ကပစ ၁၂ နှင့် ပျူစောထီးများ ပူးပေါင်းထားသော အင်အား ၇၀ ပါ စစ်ကြောင်းက မြောက်ပြင်ကျေးရွာ ဘုန်း ကြီးကျောင်းအတွင်း ဝင်ရောက်တပ်စွဲခဲ့ကြောင်း၊ ယင်းနောက် ဖေဖော်ဝါရီလ ၁၉ ရက်နေ့ မွန်းလွဲ ၂ နာရီ ၂၅ မိနစ်ခန့်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ တပ်စွဲထားသော…