📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန် ➔
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

AA ထိန်းချုပ်ထားသည့် မြို့နယ် ၁၅ ခု၌ မီးဘေးအန္တရာယ် အသိပေး

—

by

in

အာရက္ခတပ်တော် (AA) က သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်ရှိ မြို့နယ် ၁၄ ခုနဲ့ ပလက်ဝမြို့နယ်တို့မှာ အာရက္ခပြည်သူ့အစိုးရရဲ့ မီးသတ်ဦးစီးဌာနက မီးဘေးအန္တရာယ် သတိပေးမှုနဲ့ ကြိုတင်ပြင်ဆင်မှုတွေကို စစ်ဆေးပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

​မီးသတ်ဦးစီးဌာန တာဝန်ရှိသူတွေဟာ AA ထိန်းချုပ်ထားတဲ့ မြို့နယ် ၁၅ ခုစလုံးက မြို့ရွာတွေမှာ မီးဘေးအန္တရာယ် အသိပညာပေးမှုနဲ့ မီးဘေးကြုံလာရင် ငြှိမ်းသတ်နိုင်ဖို့ လိုအပ်တဲ့ အသုံးအဆောင်တွေကို အိမ်တိုင်းမှာ မဖြစ်မနေဆောင်ထားဖို့ တင်းတင်းကျပ်ကျပ် ညွှန်ကြားထားတယ်လို့ မြောက်ဦးမြို့၊ ဆင်ချဆိပ်ရပ်ကွက်က ဒေသခံ အမျိုးသားတယောက်က ပြောပါတယ်။

“ရခိုင်မှာတော့ ဒီဇင်ဘာလကတည်းက မီးဘေးအန္တရာယ် သတိပေးတာတွေ၊ နောက် မီးဘေးကြုံလာရင် လျှင်မြန်စွာ ငြှိမ်းသတ်နိုင်အောင် အိမ်တိုင်းမှာ လှေကားတွေ၊ မီးသတ်တံတွေ၊ သဲနဲ့ ရေတွေကို အမြဲမပြတ်ဆောင်ထားဖို့ ညွှန်ကြားထားတယ်။ လူနေထူထပ်တဲ့ မြို့တွေနဲ့ စစ်ဘေးရှောင်စခန်းတွေဆိုရင် ပိုပြီးတော့ တင်းတင်းကျပ်ကျပ်ကို မီးဘေးသတိထားဖို့နဲ့ မီးသတ်ကိရိယာတွေ ဆောင်ထားကြဖို့ ညွှန်ကြားထားရှိတယ်။”

အာရက္ခတပ်တော် (AA) ဟာ သူတို့မသိမ်းပိုက်ရသေးတဲ့ မြို့နယ်တွေမှာ စစ်ဆင်ရေးတွေ ပြုလုပ်နေသလို သူတို့ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာလည်း အုပ်ချုပ်ရေးယန္တရားကို တိုးမြှင့်လုပ်ဆောင်နေပါတယ်။

ရခိုင်ပြည်နယ်အတွင်း မြို့နယ်တွေမှာ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရဟာ အရင်က မီးသတ်ဦးစီးဌာနမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ကျွမ်းကျင်ဝန်ထမ်းတွေနဲ့ မီးသတ်ဌာနကို ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ အခုနှစ်အတွင်း မီးကြွင်းမီးကျန်နဲ့ ပေါ့ဆမီးတွေကြောင့် မီးလောင်မှု အများဆုံးဖြစ်ပွားခဲ့ပြီး မြောက်ဦး၊ မင်းပြား၊ ပေါက်တောနဲ့ မောင်တောမြို့နယ်အပြင် ပလက်ဝမြို့နယ်တို့မှာလည်း မီးလောင်မှု ၆ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပါတယ်။

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်