Category: News

  • မြန်မာကို လောင်စာဆီတင်ပို့မှု ရပ်ဆိုင်းဖို့ ထိုင်း ပြင်ဆင်

    မြန်မာကို လောင်စာဆီတင်ပို့မှု ရပ်ဆိုင်းဖို့ ထိုင်း ပြင်ဆင်

    ထိုင်းအစိုးရပိုင် လောင်စာဆီကုမ္ပဏီ PTT Oil and Retail Business Plc (OR) က မြန်မာနိုင်ငံကို လောင်စာဆီတင်ပို့မှု ရပ်ဆိုင်းဖို့ ပြင်ဆင်နေတယ်လို့ ဘန်ကောက်ပို့စ်က ဖေဖော်ဝါရီလ ၆ ရက်နေ့ ဖော်ပြပါတယ်။ အိမ်နီးချင်းနိုင်ငံမှာ ရာဇဝတ်ဂိုဏ်းတွေရဲ့ လှုပ်ရှားမှုနဲ့ ပတ်သက်ပြီး အစိုးရရဲ့ မူဝါဒအရ အခုလိုရပ်ဆိုင်းဖို့ ပြင်ဆင်နေတာလို့ ဆိုပါတယ်။ ထိုင်းအမျိုးသားလုံခြုံရေးကောင်စီ (NSC) ရဲ့ နယ်စပ်ဂိတ်ငါးခုက လောင်စာဆီတင်ပို့မှုကို တားမြစ်ဖို့အတွက် တရားဝင်ညွှန်ကြားချက်ကို စောင့်ဆိုင်းနေတယ်လို့လည်း OR ရဲ့ အမှုဆောင် ဒုဥက္ကဋ္ဌ ရာချာ ယူထိုင်ချန် (Racha Uthaichan) က ပြောပါတယ်။ ထိုင်း-မြန်မာနယ်စပ်ကို ဆက်သွယ်ရေးဝန်ဆောင်မှုနဲ့ လောင်စာဆီတင်ပို့မှု ရပ်ဆိုင်းဖို့အတွက် NSC က ဖေဖော်ဝါရီလ ၄ ရက်နေ့မှာ…

  • ထွက်ပြေးသောတပ်ရင်းမှူးကို ထပ်မံထွက်ပြေးမည်စိုး၍ တိုက်ပွဲနှင့်ဝေးရာတွင် နေရာချထားရ

    ပုသိမ် ခလရ ၁၁ မှ ထွက်ပြေးသောတပ်ရင်းမှူးကို ထပ်မံထွက်ပြေးမည်စိုး၍ တိုက်ပွဲနှင့်ဝေးရာတွင် နေရာချထားရ ဂွ-ငါးသိုင်းချောင်းတိုက်ပွဲတွင် ထွက်ပြေးသည့် ခလရ ၁၁ ၏ တပ်ရင်းမှူးဖြစ်သူကို သာပေါင်းမြို့နယ် အထက်ခြမ်း ခွေးကုပ်ရွာအုပ်စု အနန်းကုန်းသို့ ပို့လွှတ်တာဝန်ပေးထားကြောင်း သိရသည်။ ခလရ ၁၁ တပ်ရင်းမှူးသည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၄ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၄၀ ခန့်ပါဝင်သည့် စစ်သုံးဖောကားတစ်စီး နှင့် အတူ ဆိုင်ကယ် သုံးစီး၊ စစ်ကောင်စီတပ်သား ‌ခြောက်ဦးတို့ဖြင့် အနန်းကုန်းရွာဘုန်းကြီးကျောင်းသို့ ရောက်ရှိလာပြီး ညနေပိုင်းတွင် နောက်ထပ် အင်အား ၅၀ ခန့် ထပ်မံရောက်ရှိလာ၍ ဦးစီးကွပ်ကဲနေကြောင်း သိရသည်။ “ခွေးကုပ်အုပ်စုက ကြံ့ဖွံသိန်းထွန်းအပိုင်၊ အနန်းကုန်းကျေးရွာထဲကို အင်အား…

  • သာပေါင်းမြို့ထဲ AA ဝင်ရောက်လာမည်စိုး၍ အင်အားဖြည့်တင်းရန် စက္ကူစက်ရုံမှ ဝန်ထမ်းများကိုပါ စစ်သင်တန်းပေး

    သာပေါင်းမြို့ထဲ AA ဝင်ရောက်လာမည်စိုး၍ အင်အားဖြည့်တင်းရန် စက္ကူစက်ရုံမှ ဝန်ထမ်းများကိုပါ စစ်သင်တန်းပေး

    AA ၏ထိုးစစ်မှာ သာပေါင်းမြို့နယ်အတွင်းထိ ရောက်ရှိလာပြီး ထိုးစစ်အရှိန်မြှင့်တင်လာသည့်အတွက် အင်အားလိုအပ်ချက်အရ သာပေါင်းစက္ကူစက်ရုံမှ ဝန်ထမ်းများကိုပါ စစ်သင်တန်းပေးနေကြောင်း သတင်းရရှိသည်။ အခြေခံစစ်ပညာသင်တန်းကို စက္ကူစက်ရုံမှ ဝန်ထမ်းများဖြင့် ပြည်သူ့စစ်အရေးပေါ်ဖွဲ့စည်းပြီး ဖေဖေါ်ဝါရီ ၃ ရက်နေ့တွင် ခလရ ၃၀၈ မှစစ်သင်တန်းလာရောက်ပေးနေကြောင်း သိရ သည်။ “စက်ရုံကာကွယ်ရေးအတွက်ဆိုပြီး စစ်သင်တန်းလာပေးတာ မလုပ်တော့မလုပ်ချင်ဘူးပေါ့။ ဒါပေမဲ့ ကုမ္ပဏီဝန်ထမ်းဆိုတော့ သူတို့ခိုင်းတာလုပ်‌နေရတာပဲ။ တကယ်လာတိုက်ရင် ဝါရင့်စစ်သားတွေတောင်ပြေးနေကြတာ။ ကျုပ်တို့လည်း မဟန်ရင်တော့ အသေမခံဘူး လွတ်အောင်တော့ပြေးရမှာပဲ။ ခက်တာက စက်ရုံလုံခြုံရေးဆိုပြီး ရှေ့တန်းပို့မှာစိုးရိမ်နေကြတယ်”ဟု စက္ကူစက်ရုံမှ ဝန်ထမ်းတစ်ဦးက ပြောသည်။ ယနေ့ ဖေဖော်ဝါရီ ၆ ရက်နေ့ နေ့လည်ပိုင်းအထိ ကျားခေါင်း၊ သစ်ဝမ်းပူ၊ သာပေါင်းလေးဒေသတို့တွင် တိုက်ပွဲများပြင်းထန်နေပြီး သာပေါင်းမြို့နယ် ခွေးကုပ်အုပ်စု၊ အနန်းကုန်းရွာ ဘုန်းကြီးကျောင်းတွင်လည်း စစ်ကောင်စီအင်အား ၁၀၀…

  • စစ်တွေမြို့အဝင်က စစ်ကောင်စီ ဂိတ်စခန်းအချို့ကို AA က စနိုက်ပါဖြင့် ပစ်ခတ်တိုက်ခိုက်

    ရခိုင်ပြည်၊ စစ်တွေမြို့အဝင် ဟိုက်ဝေးလမ်းမပေါ်ရှိ စစ်ကောင်စီ၏ ဂိတ်စခန်းအချို့ကို အာရက္ခတပ်တော် AA က စနိုက်ပါဖြင့် ပစ်ခတ်တိုက်ခိုက်နေကြောင်း စစ်တွေမြို့ခံ စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။ အာရက္ခတပ်တော် AA မှ စစ်တွေမြို့အဝင်က စစ်ကောင်စီတပ်ရင်း၊ တပ်စခန်းများအား စနိုက်ပါဖြင့် ပစ်ခတ်တိုက်ခိုက်နေသည်မှာ တစ်လနီးပါး ရှိလာနေပြီဖြစ်ကြောင်း သတင်းရင်းမြစ်က ပြောသည်။ “စစ်တွေမြို့အဝင်မှာရှိတဲ့ စစ်ကောင်စီတပ်ရင်း၊ တပ်စခန်းတွေက ရန်ကုန်-စစ်တွေ ဟိုက်ဝေးလမ်းမပေါ် ဘေးတစ်ဖက်တစ်ချက်စီမှာ ရှိတယ်။ အဓိက ပါဒလိတ်၊ အမြင့်ကျွန်း၊ ရွှေမင်းဂံ စတဲ့ နေရာတွေကို AA က အဓိက တိုက်ခိုက်နေတယ်” ဟု ပြောသည်။ အာရက္ခတပ်တော် AA က စနိုက်ပါပစ်ခတ် တိုက်ခိုက်မှုအပြင် လက်နက်ကြီးများဖြင့်လည်း ကုလားတန်မြစ်ဝရှိ စစ်ကောင်စီ ရေတပ်သင်္ဘော (စစ်သင်္ဘော) များကို…

  • လုပ်ငန်းရှင်များအားလုံး ဆိုလာစနစ်ဖြင့် လျှပ်စစ် ထုတ်ယူသုံးစွဲကြရန် စိုးဝင်း ညွှန်ကြား

    လုပ်ငန်းရှင်များအားလုံး ဆိုလာစနစ်ဖြင့် လျှပ်စစ် ထုတ်ယူသုံးစွဲကြရန် စိုးဝင်း ညွှန်ကြား

    နေပြည်တော်စစ်ရုံးပင် ဆိုလာဓာတ်အားပေးစနစ်သုံးနေရပြီး လုပ်ငန်းရှင်များအားလုံး ဆိုလာစနစ်ဖြင့် လျှပ်စစ် ထုတ်ယူသုံးစွဲကြရန် စိုးဝင်း ညွှန်ကြား ဆိုလာပြားနှင့်ဓာတ်အားထုတ်စက်များကို မင်းအောင်လှိုင်သားနှင့် ဗိုလ်ချုပ်အသိုင်းအ၀ိုင်းက တင်သွင်းချုပ်ကိုင်ထား နေပြည်တော်စစ်ရုံးပင် ဆိုလာဓာတ်အားပေးစနစ်သုံးနေရပြီး လုပ်ငန်းရှင်များအားလုံး ဆိုလာစနစ်သုံး လျှပ်စစ်ဓာတ်ထုတ်ယူသုံးစွဲကြရန် ဒုစစ်ခေါင်းဆောင် စိုးဝင်းက ညွှန်ကြားလိုက်သည်။ ယမန်နေ့ နေပြည်တော်တွင် ပြုလုပ်သည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး MSME ထုတ်ကုန် ပြပွဲနှင့် ပြိုင်ပွဲ ကျင်းပရေး လုပ်ငန်းအစည်းအဝေးတွင် အကြမ်းဖက် စိုးဝင်းက အထက်ပါအတိုင်း ပြောဆိုခြင်းဖြစ်သည်။ အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းရှင်များက လျှပ်စစ်ရရှိရေးအတွက် တင်ပြချက်များ ရရှိကြောင်း၊ လျှပ်စစ်ဓာတ်အားရရှိရေးအတွက် အသိပညာပေးလိုသည်မှာ နေပြည်တော်ရှိ ကာကွယ်ရေးဦးစီးချုပ်ရုံးအတွင်း ၂၀ မဂ္ဂါဝပ်ရှိ ဆိုလာဓာတ်အားပေးစနစ်ကို လွန်ခဲ့သည့် ၂ နှစ်ခန့်မှ စတင်တည်ဆောက်…