📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန် ➔
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

လုပ်ငန်းရှင်များအားလုံး ဆိုလာစနစ်ဖြင့် လျှပ်စစ် ထုတ်ယူသုံးစွဲကြရန် စိုးဝင်း ညွှန်ကြား

—

by

in

နေပြည်တော်စစ်ရုံးပင် ဆိုလာဓာတ်အားပေးစနစ်သုံးနေရပြီး လုပ်ငန်းရှင်များအားလုံး ဆိုလာစနစ်ဖြင့် လျှပ်စစ် ထုတ်ယူသုံးစွဲကြရန် စိုးဝင်း ညွှန်ကြား

ဆိုလာပြားနှင့်ဓာတ်အားထုတ်စက်များကို မင်းအောင်လှိုင်သားနှင့် ဗိုလ်ချုပ်အသိုင်းအ၀ိုင်းက တင်သွင်းချုပ်ကိုင်ထား

နေပြည်တော်စစ်ရုံးပင် ဆိုလာဓာတ်အားပေးစနစ်သုံးနေရပြီး လုပ်ငန်းရှင်များအားလုံး ဆိုလာစနစ်သုံး လျှပ်စစ်ဓာတ်ထုတ်ယူသုံးစွဲကြရန် ဒုစစ်ခေါင်းဆောင် စိုးဝင်းက ညွှန်ကြားလိုက်သည်။

ယမန်နေ့ နေပြည်တော်တွင် ပြုလုပ်သည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး MSME ထုတ်ကုန် ပြပွဲနှင့် ပြိုင်ပွဲ ကျင်းပရေး လုပ်ငန်းအစည်းအဝေးတွင် အကြမ်းဖက် စိုးဝင်းက အထက်ပါအတိုင်း ပြောဆိုခြင်းဖြစ်သည်။

အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းရှင်များက လျှပ်စစ်ရရှိရေးအတွက် တင်ပြချက်များ ရရှိကြောင်း၊ လျှပ်စစ်ဓာတ်အားရရှိရေးအတွက် အသိပညာပေးလိုသည်မှာ နေပြည်တော်ရှိ ကာကွယ်ရေးဦးစီးချုပ်ရုံးအတွင်း ၂၀ မဂ္ဂါဝပ်ရှိ ဆိုလာဓာတ်အားပေးစနစ်ကို လွန်ခဲ့သည့် ၂ နှစ်ခန့်မှ စတင်တည်ဆောက် အသုံးပြုခဲ့ရာ လာမည့် ၁ နှစ်ခွဲအတွင်း အရင်းကျေကာလပြည့်မြောက်မည်ဖြစ် ကြောင်း၊ သို့ဖြစ်၍ လုပ်ငန်းရှင်များအနေဖြင့် သက်ဆိုင်ရာ တိုင်း/ပြည်နယ်များရှိ စက်မှုဇုန် မြေလွတ်နေရာများနှင့် အခြားမြေလွတ်နေရာများတွင် ဆိုလာစနစ် ဖြင့် တစ်ပိုင်တစ်နိုင် လျှပ်စစ်ဓာတ်အား ရရှိရေး ဆောင်ရွက်စေလိုကြောင်း စိုးဝင်းက ဆိုသည်။

လက်ရရှိနေသော လျှပ်စစ်ဓာတ်အားမှာ တစ်နိုင်ငံလုံးသို့ ဖြန့်ဝေခြင်းဖြစ်သည့် အတွက် အချိုးအစားအလိုက်ဓာတ်အား ရရှိမည်ဖြစ်ပြီး လုပ်ငန်းရပ်များ အလိုက် ကိုယ်ပိုင် Solar စနစ်ဖြင့် ဆောင်ရွက်နိုင်မည်ဆိုပါ လုပ်ငန်းများ ပိုမိုအဆင်ပြေမည်ဖြစ်ကြောင်း စိုးဝင်းက ပြောဆိုသည်။

UMFCCI အဖွဲ့ဝင်ဖြစ်သော အသေးစားလုပ်ငန်းရှင်တစ်ဦးကမူ ဆိုလာစနစ်အ တွက် စိုက်ထုတ်ရသော အရင်းအနှီးမှာ လုပ်ငန်းစတင်တည်ထောင်သကဲ့သို့ပင် အရင်းအနှီး အလွန်ကြီးမားကြောင်း၊ ထို့ကြောင့် ဆိုလာစနစ်ဖြင့် လျှပ်စစ်ထုတ်ယူ သုံးစွဲရန် စရိတ် မတတ်နိုင်ပါကြောင်း ပြောဆိုသည်။

မြန်မာနိုင်ငံအတွင်းသို့ ဆိုလာပြားနှင့်ဓာတ်အားထုတ်စက်များကို မင်းအောင် လှိုင်သား အောင်ပြည့်စုံ နှင့်ဗိုလ်ချုပ် အသိုင်းအ၀ိုင်းက တင်သွင်းချုပ်ကိုင်ထားပြီး စျေးနှုန်းမှာလည်း လက်ဝါးကြီးအုပ်ထားသဖြင့် ၎င်းတို့သတ်မှတ်သော စျေးနှုန်းအတိုင်းသာ လုပ်ငန်းရှင်နှင့် ပြည်သူများက ဝယ်ယူရကြောင်း စီးပွားရေးလုပ်ငန်းရှင်များက သုံးသပ်ပြော ဆိုသည်။

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်