Category: News

  • မြန်အောင်မြို့ အစွန်ရှိ KTV တွင် ကောင်မလေး လုရာကနေ ရဲနှင့်စစ်သား  စကားများပြီး ပစ်ခတ်မှုဖြစ်

    မြန်အောင်မြို့ အစွန်ရှိ KTV တွင် ကောင်မလေး လုရာကနေ ရဲနှင့်စစ်သား စကားများပြီး ပစ်ခတ်မှုဖြစ်

    ဧရာဝတီတိုင်း မြန်အောင်ခရိုင် မြန်အောင်မြို့ရှိ KTV ဆိုင်တစ်ဆိုင်တွင် ကောင်မလေး လုရာကနေ ရဲနှင့်စစ်သားများ အချင်းချင်း စကားများ ရန်ဖြစ်ရာမှ ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ မြန်အောင်မြို့မှ ကြံခင်းမြို့ဘက်သို့အထွက် မြို့စွန်ရှိ KTV တခုတွင် ၂၀၂၅ခုနှစ် ဇန်နဝါရီလ ( ၂၆ ) ရက်နေ့ ညပိုင်း၌ ကွင်းကောက်တပ်မှ ဆင်းလာသည့် စစ်ကောင်စီတပ်သား ( ၃ ) ဦးနှင့် မြန်အောင်မြို့ နယ်မြေခံရဲတို့ အချင်းများရာမှ ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ “ သူတို့ အချင်းချင်း ဆော်ညှိတဲ့ ကိစ္စကနေပြီးတော့ မြန်အောင်ရဲက လိုချင်တာနဲ့ အဲ့ကိစ္စတွေပဲ နေမှာပါ။ အချင်းချင်းပြသနာတက်တာကနေ စစ်တပ်ကကောင်က လေပေါ်ကို သေနတ်ဖောက်တယ်။ ဖောက်တော့ ရဲက G1 နဲ့…

  • စစ်တက္ကသိုလ် အပတ်စဉ် တစ်ခုလျှင် တက်ရောက်သည့် ဗိုလ်လောင်းအရေအတွက် ၃၀၀ အောက်သို့ ထိုးကျနေ

    စစ်တက္ကသိုလ် အပတ်စဉ် တစ်ခုလျှင် တက်ရောက်သည့် ဗိုလ်လောင်းအရေအတွက် ၃၀၀ အောက်သို့ ထိုးကျနေ

    စစ်တက္ကသိုလ် အပတ်စဉ် တစ်ခုလျှင် တက်ရောက်သည့် ဗိုလ်လောင်းအရေအတွက် ၃၀၀ အောက်သို့ ထိုးကျနေပြီး လျှောက် ထားသူမရှိ၍ တပ်မိသားစုများမှ ၁၀ တန်းအောင်ကျောင်းသားများကို ဆွဲခေါ်တက်ခိုင်းနေရ ပြင်ဦးလွင် စစ်တက္ကသိုလ် လုံး၀အပြီး ရွှေ့ပြောင်းခိုင်းသည့် အမိန့် လတ်တလော မရှိသေးသော်လည်း စာသင်နှစ်အလိုက် နေပြည်တော်နှင့် ပြင်ဦးလွင် ပေါင်းကူး တက်ခိုင်းရန်ရှိနေ မန္တလေးတိုင်း၊ ပြင်ဦးလွင်တွင် ဖွင့်လှစ်ထားသော စစ်တက္ကသိုလ်အပတ်စဉ် တစ်ခုလျှင် တက်ရောက်နေသည့် ဗိုလ်လောင်း အရေအတွက်မှာ လူဦးရေ ၃၀၀ အောက်သို့ ထိုးကျဆင်းနေပြီး လျှောက်ထားသူမရှိဖြစ်နေ၍ တပ်မိသားစုများမှ ၁၀ တန်းအောင် ကျောင်းသားများကို ဆွဲခေါ် တက်ခိုင်းနေရကြောင်း နေပြည်တော် တပ်သတင်းရင်းမြစ်က ပြောဆိုသည်။ “DSA ဗိုလ်လောင်းသင်တန်းက ၂၀၀ ကျော်နဲ့ ၃၀၀ အကြားပဲ ရှိပါတယ်။…

  • ဗန်းမော်လေယာဉ်ကွင်း နှင့် စရဖရုံးကို  KIA နှင့်ပူး​ပေါင်းတပ် ဆက်လက်သိမ်းပိုက်

    ဗန်းမော်လေယာဉ်ကွင်း နှင့် စရဖရုံးကို KIA နှင့်ပူး​ပေါင်းတပ် ဆက်လက်သိမ်းပိုက်

    ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် တိုက်ပွဲများ ဆက်လက် ပြင်းထန်နေဆဲဖြစ်ပြီး လေယာဉ်ကွင်းနှင့် စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ)ရုံးအား သိမ်းပိုက်နေရာယူထားကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ယနေ့(ဇန်နဝါရီ ၂၇ရက်) ညပိုင်း၌ ပြောကြားသည်။ KIA နှင့် ပူး​ပေါင်းတပ်ကဇန်နဝါရီ ၂၅ရက် ညနေပိုင်းတွင်အမှတ်(၂၁)စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (စကခ-၂၁)အနီးရှိ အမှတ်(၆၀၀၇) သံချပ်ကာ တပ်ရင်းကို သိမ်းပိုက်ပြီးနောက် စကခ -၂၁ အနီးရှိ အမြောက်တပ်၊ လေယာဉ်ကွင်းနေရာများ အပါအဝင် စစ်ကောင်စီတပ်စွဲရာနေရာများကို ဆက်လက်ထိုးစစ်ဆင်နေခြင်း ဖြစ်သည်။ “လေယာဉ်ကွင်းကတော့ KIA တပ်ပေါင်းစုတွေ နေရာယူထားပြီလို့ တော့ ပြောကြတယ်။ ရှေ့တန်းသမားတွေပြောတာပေါ့။ အမြောက်တပ်ကတော့ သိမ်းပိုက်နိုင်ပြီဆိုကျနော် မကြားပါဘူး။ ဒါပေမဲ့အနီးကပ် စောင့်ကြည့်ထားတဲ့ အနေအထားလောက်တော့ရှိလောက်ပါပြီ။အရင်က စရဖရုံးအဟောင်းတွေပေါ့နော် အဲဒီ စရဖ ရုံးဘက်မှာတော့ သိမ်းပိုက်လို့ရပြီတဲ့”ဟု…

  • ကပစ(၂၁)မှ တပ်ကြပ်ကြီးအား ပစ်ခတ်ခဲ့ရဟု ပခုက္ကူခရိုင်အမှတ်(၄)တပ်ရင်း အသိပေး

    ကပစ(၂၁)မှ တပ်ကြပ်ကြီးအား ပစ်ခတ်ခဲ့ရဟု ပခုက္ကူခရိုင်အမှတ်(၄)တပ်ရင်း အသိပေး

    လေယာဥ် ဗုံးထုတ်သည့် မကွေးတိုင်း၊ ဆိပ်ဖြူမြို့အခြေစိုက် စစ်ကောင်စီ၏ အမှတ်(၂၁)ကာကွယ်ရေးပစ္စည်းစက်ရုံမှ တပ်ကြပ်ကြီးအောင်ကြည်ဆန်းအား ပစ်ခတ်ခဲ့ကြောင်း ပခုက္ကူခရိုင်အမှတ်(၄) တပ်ရင်းက အသိပေးထုတ်ပြန်သည်။ ဇန်နဝါရီ ၂၅ ရက် နေ့လည် ၃ နာရီခန့်က ဆိပ်ဖြူ -တညောင်လမ်းပိုင်းတနေရာတွင် ကပစ (၂၁)မှ တပ်ကြပ်ကြီး အောင်ကြည်ဆန်းနှင့် ကျန်း‌‌မာရေးဌာန Non CDM ၀န်ထမ်းသုံးဦးတို့သည် ဆုံဆည်းရာစားသောက်ဆိုင်မှ သောက်စားပြန်လာချိန် စစ်ဆေးခဲ့သည်ဟု ဆိုသည်။ တားဆီးစစ်ဆေးမှုကို လက်မခံသည့် တပ်ကြပ်ကြီး အောင်ကြည်ဆန်းက ရဲဘော်များအား ကိုယ်ထိလက်‌ရောက် ခုခံသောကြောင့် အဆိုပါနေရာတွင် ပစ်ခတ်စီရင်ခဲ့ရကြောင်း အသိပေးသည်။ ထို့အပြင် Non CDM ကျန်းမာ‌ရေး၀န်ထမ်း သုံးဦးကိုမူ စစ်အာဏာရှင်လက်‌အောက်တွင် ဆက်လက်မလုပ်ကြရန် မှာကြားပြီ ပြန်လွတ်ပေးခဲ့သည်ဟု ဆိုသည်။ တပ်ကြပ်ကြီးအောင်ကြည်ဆန်းထံမှ ဖုန်းတစ်လုံး၊ စာရွက်စာတမ်းများနှင့် ဆိုင်ကယ်တစ်စီးသိမ်းဆည်းရရှိခဲ့သည်ဟု…

  • မြို့သာရဲစခန်းကို ၅ ရက်ဆက် ဗုံးသီး ၂၀ ကျော် ကြဲချတိုက်ခိုက်

    မြို့သာရဲစခန်းကို ၅ ရက်ဆက် ဗုံးသီး ၂၀ ကျော် ကြဲချတိုက်ခိုက်

    မြို့သာရဲစခန်းကို ၅ ရက်ဆက် ဗုံးသီး ၂၀ ကျော် ကြဲချတိုက်ခိုက်၊ စစ်ကောင်စီတပ်သားတွေ သေဆုံးမှုများနိုင် (ရုပ်/သံ) မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ မြို့သာရဲစခန်းကို ဇန်နဝါရီ ၁၉ ရက်ကနေ ၂၃ ရက်အထိ ၅ ရက်ဆက် ဒရုန်းနဲ့ ဗုံးသီးအများအပြား ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ကျောက်ဆည်ခရိုင် အမှတ် ၁၈၄၄ ဒရုန်းတပ်ရင်းထံက သိရပါတယ်။ မြို့သာရဲစခန်းမှာ အကြမ်းဖက်စစ်သား၊ ရဲနဲ့ ပျူစောထီး အင်အား ၄၀၀ ခန့် ဖြည့်တင်းထားတဲ့အတွက် လက်လုပ် 3 Kg ဒရုန်းဗုံးသီး ၁၇ လုံး၊ 1 Kg ဒရုန်းဗုံးသီး ၆ လုံး အသုံးပြုပြီး တိုက်ခိုက်ခဲ့ရာ ရဲစခန်းအတွင်း ကျရောက်ပေါက်ကွဲပြီး စစ်ကောင်စီတပ်သား အများအပြားသေဆုံးနိုင်တယ်လို့ သိရပါတယ်။ အဲဒီတိုက်ခိုက်မှုကို…