Category: News

  • ပြည်တွင်းကနေ စစ်မှုထမ်း ရှောင်ဖို့

    ပြည်တွင်းကနေ စစ်မှုထမ်း ရှောင်ဖို့

    ပြည်တွင်းကနေ စစ်မှုထမ်း ရှောင်ဖို့ cb မှာ လာမေးထားတဲ့သူ အားလုံးအတွက် ဒီကနေပဲ ပို့စ်တင်ပြီး ပြောပါမယ်။ ခုရက်ပိုင်း အလုပ်မအားလို့ တစ်ယောက်ချင်းတော့ သေချာ မပြောပြပေးနိုင်တော့ပါဘူး။ လိုင်းတောင် ညသန်းခေါင်မှ ဝင်သုံးရတာပါ။ ရွေးစရာနည်းလမ်း ၃ ခု ရှိပါတယ်။ ၁။ တော်လှန်ရေး တပ်တွေထဲ ဝင်မလား။ ၂။ လွတ်မြောက် နယ်မြေကို သွားမလား။ ၃။ ပြည်ပကို ထွက်မလား။ စစ်တပ်ကို မကြိုက်ဘူး၊ ပြန်ချချင်တယ်၊ တခြားနိုင်ငံကို ထွက်သွားနိုင်တဲ့ အခြေအနေလည်း မရှိဘူး ဆိုတဲ့သူတွေ အတွက် တော်လှန်ရေး တပ်တွေထဲ ဝင်တာကတော့ အကုန်အကျ အသက်သာဆုံး နည်းလမ်းပါ။ လက်ရှိလည်း တပ်တော်တော် များများက လူသစ် လက်ခံနေပါတယ်။ အဆင်ပြေရင် ဆက်သွယ်ရမယ့်…

  • တောင်ပိုင်းစစ်ဒေသ၌ တော်လှန်ရေးတပ်များကတစ်ပတ်အတွင်း စစ်ကောင်စီတပ်အား ၁၆ ကြိမ် တိုက်ခိုက်

    တောင်ပိုင်းစစ်ဒေသ၌ တော်လှန်ရေးတပ်များကတစ်ပတ်အတွင်း စစ်ကောင်စီတပ်အား ၁၆ ကြိမ် တိုက်ခိုက်

    ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသတွင် တပတ်အတွင်း ဖြစ်ပွားခဲ့သော စစ်ရေးသတင်းအကျဉ်းချုပ်အား ယနေ့ (ဇန်နဝါရီ ၂၅ရက်)တွင် ထုတ်ပြန်ခဲ့ရာ တော်လှန်ရေး ပူးပေါင်းတပ်များက စစ်ကောင်စီတပ်အား ၁၆ကြိမ်တိုက်ခိုက်ခဲ့ပြီး သေဆုံးထိခိုက်မှုရှိခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသက အသိပေးသည်။ ဇန်နဝါရီ ၁၈ ရက်မှ ဇန်နဝါရီ ၂၄ ရက်အထိ ၇ရက်တာကာလအတွင်း တောင်ပိုင်းစစ်ဒေသ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ KNU-KNLA နှင့် အခြား တော်လှန်ရေးပူးပေါင်းအဖွဲ့ များပူးပေါင်း၍ စစ်ကောင်စီတပ်အား (၁၆) ကြိမ်ခန့် သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂၇ ဦး သေဆုံးပြီး ၂၂ ဦး ဒဏ်ရာရခဲ့ဟု ဖော်ပြသည်။ တစ်ပတ်အတွင်းတိုက်ပွဲများ၌ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် လေးဦးကျဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ အနည်းငယ်ရှိခဲ့ကြောင်း အသိပေးသည်။ တိုက်ပွဲများအနက် ဇန်နဝါရီ ၂၃ ရက်က ဖြစ်ခဲ့သည့် ပဲခူးတိုင်း ညောင်လေးပင်မြို့နယ်…

  • နိုင်ငံကျော်အဆိုတော် မာရဇ္ဇရဲ့ ဈာပနမြင်ကွင်း

    နိုင်ငံကျော်အဆိုတော် မာရဇ္ဇရဲ့ ဈာပနမြင်ကွင်း

    ကျောက်ကပ်ရောဂါနဲ့ ဇန်နဝါရီလ ၂၃ ရက်နေ့ ညပိုင်းက ကွယ်လွန်ခဲ့တဲ့ အဆိုတော် မာရဇ္ဇ (ခ) ကိုသိန်းဇော်ရဲ့ ဈာပနအခမ်းအနားကို ရန်ကုန်မြို့ ရေဝေးသုသာန်မှာ ဇန်နဝါရီလ ၂၅ ရက်နေ့ ဒီကနေ့မှာ ကျင်းပခဲ့ပါတယ်။ ဈာပနအခမ်းအနားမှာ အဆိုတော် မာရဇ္ဇကိုချစ်တဲ့ ပရိသတ်တွေနဲ့ ဂီတညီအစ်ကိုမောင်နှမတွေက သူ့ရဲ့ နောက်ဆုံးခရီးကို လာရောက်ပို့ဆောင်တာကို တွေ့ရပါတယ်။ နိုင်ငံကျော် တီးဝိုင်းတစ်ခုဖြစ်တဲ့ iron cross တေးဂီတအဖွဲ့ရဲ့ မန်နေဂျာ ဦးကိုကိုလွင်ကလည်း အဆိုတော် မာရဇ္ဇ ကွယ်လွန်သွားတဲ့အပေါ် ဝမ်းနည်းမိတယ်လို့ ပြောပါတယ်။ “ညီအစ်ကိုလို ရင်းနှီးခဲ့ရသူမို့ တော်တော် စိတ်မကောင်းဖြစ်ရပါတယ်၊ အနုပညာနဲ့ပတ်သက်ရင် တော်တော်ခေါင်းမာပြီး သူ ယုံကြည်ရာကို သူ လုပ်တဲ့သူပါ။ အောင်မြင်ကျော်ကြားတဲ့သီချင်းတွေကို ကိုယ်တိုင်ဖန်တီးနိုင်တဲ့ တေးရေး၊ တေးဆိုတစ်ယောက်မို့ နှမြောမိပါတယ်” အဆိုတော်…

  • စစ်ကောင်စီ၏ လူ့အခွင့်အရေးကော်မရှင်ကို ကမ္ဘာလုံးဆိုင်ရာ နိုင်ငံအဆင့် လူ့အခွင့်အရေးဌာနများ မဟာမိတ်အဖွဲ့ (GANHRI) က အဖွဲ့ဝင်အဖြစ်မှ ထုတ်ပယ်

    စစ်ကောင်စီ၏ လူ့အခွင့်အရေးကော်မရှင်ကို ကမ္ဘာလုံးဆိုင်ရာ နိုင်ငံအဆင့် လူ့အခွင့်အရေးဌာနများ မဟာမိတ်အဖွဲ့ (GANHRI) က အဖွဲ့ဝင်အဖြစ်မှ ထုတ်ပယ်

    စစ်ကောင်စီ၏ လူ့အခွင့်အရေးကော်မရှင်ကို ကမ္ဘာလုံးဆိုင်ရာ နိုင်ငံအဆင့် လူ့အခွင့်အရေးဌာနများ မဟာမိတ်အဖွဲ့ (GANHRI) က အဖွဲ့ဝင်အဖြစ်မှ ထုတ်ပယ်ပြီး အရည်အသွေးသတ်မှတ်ချက်များကိုပါ ဖယ်ရှား အကြမ်းဖက် စစ်ကောင်စီ၏ လူ့အခွင့်အရေးကော်မရှင်ကို အဖွဲ့ဝင်အဖြစ်မှ ထုတ်ပယ်ခြင်း နှင့် ထိုကော်မရှင်၏ အရည် အသွေး သတ်မှတ်ချက်များကို ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေးကော်မရှင်များမဟာမိတ်အဖွဲ့ (GANHRI) က ဆုံးဖြတ်လိုက်ကြောင်း Progressive Voice ထံမှ သိရှိရသည်။ Global Alliance of National Human Rights Commission – GANHRIက စစ်အုပ်စုထိန်းချုပ်ထားသည့် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ အရည်အသွေးအဆင့်သတ်မှတ်ချက်ကို အပြီးသတ်ဆုံးဖြတ်ချက်ခဲ့ကြောင်း၊ အဆိုပါ ဆုံးဖြတ်ချက်ကို အရပ်ဘက်လူထုအဖွဲ့အစည်းများက ကြိုဆိုထောက်ခံပြီး APF နှင့် SEANF တို့ကိုလည်း အလားတူ လိုက်ပါဆောင်ရွက်ရန် တိုက်တွန်းတောင်းဆိုကြောင်း…

  • မန္တလေး ဆိုင်ကယ်လုယက်မှု အမှုလာဖွင့်သူကို ရဲက အလှုပ်ရှုပ်တယ်လို့ ငေါက်လွှတ်

    မန္တလေး ဆိုင်ကယ်လုယက်မှု အမှုလာဖွင့်သူကို ရဲက အလှုပ်ရှုပ်တယ်လို့ ငေါက်လွှတ်

    မန္တလေးမှာ နေ့ခင်းအချိန် အုပ်စုဖွဲ့ပြီး ဆိုင်ကယ်လုယက် မန္တလေးမြို့ ၊ ချမ်းမြသာစည်မြို့နယ်မှာ နေ့ခင်းအချိန် လူမြင်ကွင်းမှာ အုပ်စုဖွဲ့ပြီး ဆိုင်ကယ်လုယက်မှု မနေ့ ဇန်နဝါရီလ ၂၂ ရက် နေ့ခင်းပိုင်း ၃ နာရီ ခွဲ ဝန်းကျင်က ဖြစ်ပွားခဲ့ပါတယ်။ ချမ်းမြသာစည်မြို့နယ် ၊ အနောက်မြို့သစ် ၆၉ အေလမ်း ၊ ၁၁၅ လမ်းနဲ့ ၁၁၆ လမ်းကြားမှာ ဖြစ်ပွားတာဖြစ်ပြီး ဆိုင်ကယ် စီး အမျိုးသား ၆ ဦးက အခြားသောဆိုင်ကယ်စီးအမျိုးသားကိုရန်ပြုကာ ဆိုင်ကယ်လုယက်သွားတာပါ။ CCTV မှတ်တမ်းအရ ကလစ် ဆိုင်ကယ် (Click) အမျိုးအစားမောင်းနှင်လာတဲ့အမျိုးသားကို မျက်နှာချင်းဆိုင်လာတဲ့ ဆိုင်ကယ် ၃ စီးနဲ့အမျိုးသား ၆ ဦးက ဆိုင်ကယ်နဲ့ဝင်တိုက်ပြီး ရန်ပြုကာ ဆိုင်ကယ်ကိုလုယက်သွားတာတွေ့ရပါတယ်။ ဆိုင်ကယ်ပိုင်ရှင်အမျိုးသားက…