Category: News
-

ပလတ်စတစ်ဘူးတွေနဲ့ ဖန်တီးထားတဲ့ ရေပေါ်ဖောင်ပေါ်က ၆ နှစ်သမီးလေးရဲ့ ပညာသင်ယူလိုစိတ်
ပလတ်စတစ်ဘူးတွေနဲ့ ဖန်တီးထားတဲ့ ရေပေါ်ဖောင်ပေါ်က ၆ နှစ်အရွယ် ကွန်တီယာလေးရဲ့ ပညာသင်ယူလိုစိတ် ကျောင်းသွားဖို့ဆိုတာ တချို့ကလေးတွေအတွက် မနက်အိပ်ရာထ၊ ကျောင်းဝတ်စုံဝတ်ပြီး မိဘရဲ့လက်ကိုကိုင်ကာ လွယ်လွယ်ကူကူ သွားရတဲ့အရာတစ်ခုပါ။ ဒါပေမယ့် ကမ္ဘောဒီးယားနိုင်ငံ၊ စီယမ်ရိပ်ပြည်နယ်၊ ပူအော့ခ်ခရိုင်၊ ကီအို ပိုအာ ရပ်ကွက်၊ ပီအမ် တာ အော် ရွာက အသက် ၆ နှစ်အရွယ် Chhong Kunthea (ချောင်း ကွန်တီယာ) အတွက်တော့ ကျောင်းသွားဖို့ဆိုတာ ရိုးရှင်းတဲ့ ခရီးတစ်ခု မဟုတ်ခဲ့ပါဘူး။ သူမဟာ ရေပေါ်မှာ အိမ်လေးတွေ ဆောက်ကာ အခြေချ နေထိုင် ကြ တဲ့ မိသားစုက ကလေးတစ်ယောက်ဖြစ်ပြီး မက်ချရေး မူလတန်းကျောင်း မှာ Grade 1 တက်နေခဲ့တာပါ။ ကျောင်းကလည်း ရေပေါ်မှာတည်ဆောက်ထားတဲ့…
-

တံတားဦး ငှက်သိုက်ကို ကျွေးလိုက်ပြန်ပြီ
တံတားဦးလေတပ်စခန်းအတွင်းသို့ ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခံရပြီး လေယာဉ် ၂ စီးပျက်စီးကာ စစ်သားများလည်း ထိခိုက်သေဆုံးမှုရှိ မန္တလေးတိုင်း၊ တံတားဦးလေတပ်စခန်းအတွင်းသို့ ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခံရပြီး လေယာဉ် ၂ စီး ပျက်စီးကာ စစ်သားများလည်း ထိခိုက်သေဆုံးမှုရှိကြောင်း ဒေသခံသတင်းရင်းမြစ်က ပြောကြားသည်။ ယနေ့ စက်တင်ဘာလ ၁၀ ရက် မွန်းလွဲ ၂ နာရီခန့်က တံတားဦး အပြည်ပြည်ဆိုင်ရာ လေတပ် စခန်း အတွင်းသို့ တော်လှန် ရေးတပ်ဖွဲ့တစ်ခုက ဒရုန်းဖြင့် ဗုံးသီး ၃ လုံးကျဲချတိုက်ခိုက်ခဲ့ရာလေယာဉ် ၄ စီး ထိမှန်ပြီး ၂ စီးမှာ ပြန်လည်အသုံးပြု၍ မရတော့ဘဲ ပျက်စီးခဲ့ကြောင်း၊ ထို့အပြင် စစ်ကောင်စီ တပ်သားများလည်း ထိခိုက်သေဆုံးမှုရှိပြီး အရေအတွက် အတိအကျ သိရှိရခြင်းမရှိသေးကြောင်း သိရသည်။ “လေယာဉ်…
-

သခင်ကို ကို-က်T-တ်ဖူးသည့်ခွေးက နောက်ထပ်သခင်ကို ထပ်မံကို-က်T-တ်
သခင်ကို ကိုက်သတ်ဖူးသည့်ခွေး ၅ နှစ်အကြာ နောက်ထပ်သခင်ကို ထပ်မံကိုက်သတ် ဘန်ကောက်မြို့၊ ဘွန်းခမ်ခရိုင်ရှိ နေအိမ်တစ်အိမ်အတွင်း ဂျိုင်ယန့် အမည်ရှိ ဘန်ဒေါ့မျိုးခွေး (ပစ်ဘူးလ်စပ်မျိုး) ၏ တိုက်ခိုက်မှုကြောင့် အသက် ၇၀ အရွယ် မစ္စစ်ဝန်ဒီ သေဆုံးခဲ့ကြောင်း သိရသည်။ အဆိုပါ ခွေးကိုက်မှုကြောင့် သေဆုံးခဲ့သူ၏ ရုပ်အလောင်းကို မိသားစုဝင်များက စက်တင်ဘာ ၁၀ ရက်တွင် ဆေးရုံရဲတပ်ဖွဲ့ ရင်ခွဲစစ်ဆေးရေးဌာနမှ သွားရောက်ထုတ်ယူခဲ့ကြသည်။ အဆိုပါ ဆေးရုံရင်ခွဲစစ်ဆေးရေးဌာနသို့ ယနေ့ နံနက် ၁၁ နာရီခွဲခန့်တွင် မစ္စစ်ဝန်ဒီ၏ မိသားစုဝင်များ ရောက်ရှိလာကြပြီး ဘာသာရေးထုံးတမ်းအတိုင်း သင်္ဂြိုဟ်နိုင်ရန် ရုပ်အလောင်းကို ပြန်လည်လက်ခံယူခဲ့ကြခြင်းဖြစ်သည်။ မိသားစုကိုယ်စား မြေးဖြစ်သူ အမျိုးသားနှစ်ဦးက လိုအပ်သည့် စာရွက်စာတမ်းများဖြင့် လာရောက်ဆောင်ရွက်ခဲ့ကြသည်။ မြေးဖြစ်သူနှစ်ဦးသည် ဝမ်းနည်းပူဆွေးနေကြသည့်အတွက် မျက်နှာဖုံး၊ အနက်ရောင်နေကာမျက်မှန်နှင့်…
-

သိုင်းကျွမ်းတဲ့ ကျောင်းထိုင် ဘုန်းကြီးတစ်ပါး ဖမ်းဆီးခံရ
အယုဒ္ဓယတွင် ချစ်သူမိန်းကလေးထံ ကျောင်းရန်ပုံငွေ ဘတ် ၉၂ သန်းကျော်လွှဲပေးသည့် ကျောင်းထိုင်ဘုန်းကြီးဖမ်းခံရ ထိုင်းနိုင်ငံ၊ အယုဒ္ဓယခရိုင် ဘုန်းကြီးကျောင်းတစ်ခုတွင် သက်တော် ၆၆ နှစ်အရွယ််ရှိ ကျောင်းထိုင်ဆရာတော်ဖြစ်သူမှ ဘုန်းကြီးကျောင်း ရန်ပုံငွေ ဘတ် ၉၂ သန်းကျော် (မြန်မာကျပ် ၁၂ ဘီလီယံ နီးပါး) အလွဲသုံးစားလုပ်မှုဖြင့် ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းများတွင်ဖော်ပြသည်။ ယနေ့ (စက်တင်ဘာ ၁၀ ရက်) မနက်အစောပိုင်းတွင် ထိုင်းနိုင်ငံ ဗဟိုစုံစမ်းရေးဗျူရို (CIB) မှ အယုဒ္ဓယ ခရိုင်အတွင်းရှိ Wat Phutthaisawan ဘုန်းကြီးကျောင်းအတွင်း ထိုကျောင်းထိုင်ဆရာတော်အား ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ စုံစမ်းမှုများအရ ပြီးခဲ့သည့် နှစ်နှစ်ကျော်ကာလအတွင်း ဘုန်းကြီးကျောင်း၏ အမည်အားအသုံးပြု၍ အလှူငွေပြေစာ အစောင် ၂၀ အား အလွဲသုံးစားပြုလုပ်ခဲ့ကြောင်း၊ ထိုအလှူငွေပြေစာ ၂၀ မှ…
-

KIA ကို မအလ နောက်ဆုံး လန ထုတ်သုံးပြီ
ကချင်ပြည်နယ်သို့ ရှေ့တန်းထွက်နေသည့် တပ်မ ၃၃ လက်အောက်ခံ တပ်များအတွက် ဂါထာ၊ မန္တန်၊ အစီအရင်များ စီရင်ပေးပြီး နောက်ချန်တပ်ရင်းများတွင်လည်း ပရိတ်၊ ပဌာန်းများ ရွတ်ဖတ်ကာ ကုသိုလ်ကောင်းမှုများ ပြုလုပ်ခိုင်းနေ ကချင်ပြည်နယ်တွင် ရှေ့တန်းထွက်နေသည့် တပ်မ ၃၃ လက်အောက်ခံ တပ်ရင်းများမှ တပ်ရင်းမှူးနှင့် စစ်ကြောင်းမှူးများကို ဂါထာ၊ မန္တန်နှင့် အစီအရင်များ ပြုလုပ်ပေးပြီး စေလွှတ်နေသကဲ့သို့ နောက်ချန်တပ်ရင်းများတွင်လည်း ပရိတ်၊ ပဌာန်းနှင့် မေတ္တာပို့ တရားတော်များ ရွတ်ဖတ်ကာ ကုသိုလ်ကောင်းမှုများ ပြုလုပ်ခိုင်းနေကြောင်း CDM ဗိုလ်ကြီး ဇင်ယော်က ပြောကြားသည်။ ရှေးမြန်မာဘုရင်များလက်ထက်တွင် ဗိုလ်မှူးကြီးများ၊ ဗိုလ်ကြီးများနှင့် မင်းသားများ စစ်ချီတက်ရာတွင် တပ်ဦးမှ ရွတ်ဆိုလေ့ရှိသည့် ဂါထာဖြစ်သည်ဟု ပေစာများတွင် ဖော်ပြထားသည့် ဂါထာတစ်ရပ်ကို လက်ရှိ စစ်ကောင်စီတပ်က အသုံးပြုရန်…