Category: News

  • ဖလမ်းတိုက်ပွဲ လက်နက် ၉ လက်နဲ့ စစ်သား ရုပ်အလောင်းအချို့ ချင်းပူးပေါင်းတပ်သိမ်းရ

    ဖလမ်းတိုက်ပွဲ လက်နက် ၉ လက်နဲ့ စစ်သား ရုပ်အလောင်းအချို့ ချင်းပူးပေါင်းတပ်သိမ်းရ

    ချင်းပြည်နယ်၊ဖလမ်းမြို့နယ်ထင်းရှူးစခန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ချင်းတော်လှန်ရေး ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ လက်နက် ၉လက်နဲ့ စစ်သား ရုပ်အလောင်းအချို့ သိမ်းရတယ်လို့ ချင်းသတင်းရင်းမြစ်က ပြောပါတယ်။ ချင်းအမျိုးသားတပ်မတော်(CNA)၊ CDF တပ်ဖွဲ့တွေနဲ့ ချင်းအမျိုးသားကာကွယ်ရေးတပ်(CNDF) တို့ ပူးပေါင်းပြီး စစ်ကောင်စီကို တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ “လက်နက်၉လက်သိမ်းဆည်းရရှိခဲ့တယ်။ပြီးရင်ဒီမနက်မှာလည်း ဆက် လက်ပြီး နယ်မြေရှင်းလင်းရေး လုပ်နေတုန်း စကစ ကျန်ရှိနေတဲ့သူတွေနဲ့ တိုက်ပွဲရှိတယ်။ စကစက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တယ်။ စကစ နှစ်ယောက် အလောင်းတွေ့ရှိခဲ့တယ်။ နယ်မြေရှင်းလင်းရေး အပြီးမလုပ်နိုင်သေးဘူး။ အခု ပြောနေတဲ့ အချိန်မှာလည်း တိုက်ပွဲ ကရှိနေတယ်။ ချင်းတော်လှန်ရေးဘက်က ဒဏ်ရာရသူတွေရှိပါတယ်။ CDF KKG တယောက်က ကျဆုံးခဲ့တာပေါ့” လို့ ချင်းသတင်းရင်းမြစ်က ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ ဖလမ်းမြို့ ပြန်ရဖို့…

  • ရန်ကုန်ပကဖ ရဲဘော်များသည် တိုင်းစစ်ဌာနကြီး (၄) ခုနှင့်အတူ ရှေ့တန်းစစ်မျက်နှာပြင်တွင် တာဝန်ထမ်းဆောင်လျက်ရှိ

    ရန်ကုန်ပကဖ ရဲဘော်များသည် တိုင်းစစ်ဌာနကြီး (၄) ခုနှင့်အတူ ရှေ့တန်းစစ်မျက်နှာပြင်တွင် တာဝန်ထမ်းဆောင်လျက်ရှိ

    နွေဦးတော်လှန်ရေးဟာ အရှိန်အဟုန် မြင့်မားလာသည်နှင့်အမျှ ရန်ကုန်တိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ (ရန်ကုန်ပကဖ)၏ ခရိုင်တိုက်ခိုက်ရေးတပ်ဖွဲ့အသီးသီးရှိ ရဲဘော်များသည် မြို့ပြပြောက်ကျားစစ်ဆင်ရေးများသာမက ယခုအခါ တိုင်းစစ်ဌာန (၄) ခုနှင့် ပူးပေါင်းကာ ရှေ့တန်းစစ်မျက်နှာပြင် အသီးသီးတွင် ကျရာတာဝန်ကို အားမာန်အပြည့်ဖြင့် ထမ်းဆောင်နေလျက်ရှိပါသည်။ အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် ဆင်နွှဲနေသော နွေဦးတော်လှန်ရေး အရှိန်အဟုန်သည် အဆုံးအဖြတ်ပေးမည့် ကာလများသို့ ရောက်ရှိလာပြီ ဖြစ်ပါသည်။ ထိုသို့သော အခြေအနေတွင် ရန်ကုန်တိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ (ရန်ကုန်ပကဖ) အနေဖြင့် မြို့ပြပြောက်ကျားစစ်ဆင်ရေးများသာမက ယခုအခါ ရှေ့တန်းစစ်မျက်နှာပြင် အသီးသီးသို့ ရောက်ရှိကာ တိုင်းစစ်ဌာန (၄) ခုဖြစ်သော: ရန်ကုန်တိုင်းစစ်ဌာန၊ အထူးတိုင်းစစ်ဌာန၊ ပဲခူးတိုင်းစစ်ဌာန နှင့် နေပြည်တော်တိုင်းစစ်ဌာန တို့မှ ရဲဘော်များနှင့်အတူ ပခုံးချင်းယှဉ်ကာ ကျရာကဏ္ဍအသီးသီးတွင် တာဝန်များကို အောင်မြင်စွာ ထမ်းဆောင်လျက်ရှိပါသည်။…

  • ဗန်းမော်က ခလရ(၂၃၆)ကာကင်းစခန်း KIAပူးပေါင်းတပ် သိမ်းပိုက်

    ဗန်းမော်က ခလရ(၂၃၆)ကာကင်းစခန်း KIAပူးပေါင်းတပ် သိမ်းပိုက်

    ကချင်ပြည်နယ်၊ ဗန်းမော်မြို့အခြေစိုက် စစ်ကောင်စီရဲ့ ခလရ( ၂၃၆) တပ်ရင်းရဲ့ ကာကင်းစခန်းတစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။ ဖေဖော်ဝါရီ ၂၁ရက်မှာ ခလရ(၂၃၆)တပ်ရင်း ကာကင်းစခန်းကို သိမ်းရခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်က သေဆုံးထိခိုက်ရှိခဲ့တယ်လို့ အသိပေးပါတယ်။ “လက်နက်တွေရတယ်။ တပ်ရင်းမှူး တယောက် ဒဏ်ရာရသွားတယ်” လို့ ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။ ခလရ(၂၃၆)တပ်ရင်းကို KIA ပူးပေါင်းတပ်က ၂၀၂၅ ဖေဖော်ဝါရီမှာ ပထမအကြိမ် အပြီးသတ် သိမ်းပိုက်ခဲ့ပါသေးတယ်။ နှစ်ကုန်ပိုင်းမှာတော့ စစ်ကောင်စီက ဗန်းမော်မြို့ကို စစ်အင်အားတွေ ပြန်ဖြည့်ပြီး တန်ပြန်ထိုးစစ်ဆင်ကာ KIA သိမ်းထားတဲ့နေရာအချို့ကို ပြန်နေရာယူထားတာဖြစ်ပါတယ်။ KIA အနေနဲ့ ဗန်းမော်မြို့သိမ်းတိုက်ပွဲကို တစ်နှစ်ကျော်ကြာတဲ့အထိ ဆက်လက်ဆင်နွှဲနေတာဖြစ်ပြီး အပြန်အလှန် ထိုးစစ်တွေ နဲ့ ကာလရှည်တိုက်ပွဲဖြစ်ပွားနေတာပါ။…

  • ရန်ကုန်-မန္တလေး အမြန်လမ်း ၃၉ မိုင် ဘောနက်ကြီးဂိတ်တွင် ခရီးသည်များကို တစ်ဦးလျှင် ငွေကျပ် ၃ သောင်းနှုန်း တောင်း

    ရန်ကုန်-မန္တလေး အမြန်လမ်း ၃၉ မိုင် ဘောနက်ကြီးဂိတ်တွင် ခရီးသည်များကို တစ်ဦးလျှင် ငွေကျပ် ၃ သောင်းနှုန်း တောင်း

    ရန်ကုန်-မန္တလေး အမြန်လမ်း ၃၉ မိုင် ဘောနက်ကြီးဂိတ်တွင် ခရီးသည်များကို တစ်ဦးလျှင် ငွေကျပ် ၃ သောင်းနှုန်း တောင်းယူပြီး မပေးနိုင်သူများကို စစ်မှုထမ်းအဖြစ် ဖမ်းဆီး ညောင်ရွှေတွင် လူငယ် ၃၀ ကျော် ပေါ်တာဆွဲ ဖမ်းဆီးခံရ ရန်ကုန်-မန္တလေး အမြန်လမ်းမ ၃၉ မိုင်ရှိ ဘောနက်ကြီးစစ်ဆေးရေးဂိတ်တွင် စစ်တပ်က ခရီးသွားပြည်သူများကို အကြောင်းအမျိုးမျိုးပြ၍ အဆမတန် ငွေညှစ်မှုများ ပြုလုပ်နေသည့်အပြင် ငွေမပေးနိုင်သော လူငယ်များကို စစ်မှုထမ်းအဖြစ် ဖမ်းဆီးနေကြောင်း ကိုယ်တိုင်ကြုံတွေ့ရသည့် ခရီးသည်များနှင့် ယာဉ်မောင်းများထံမှ သိရသည်။ ရန်ကုန်-မန္တလေးအမြန်လမ်း ၃၉ မိုင်မှ ပဲခူးမြို့၊ဘုရားကြီးဘက်သို့ ဆင်းသည့် အဝင် ဘောနက်ကြီးစစ်ဆေးရေးဂိတ်တွင် ခရီးသည်တစ်ဦးလျှင် ငွေကျပ် ၃၀၀၀၀ နှုန်း တောင်းယူနေပြီး အထူးသဖြင့် မှတ်ပုံတင် ၅/၊ ၈/၊…

  • ဂျော်ဒန်အခြေစိုက်စခန်းတွင် အမေရိကန်လေယာဉ် ဒါဇင်များစွာ အင်အားဖြည့်တင်းထား

    ဂျော်ဒန်အခြေစိုက်စခန်းတွင် အမေရိကန်လေယာဉ် ဒါဇင်များစွာ အင်အားဖြည့်တင်းထား

    ဂျော်ဒန်အလယ်ပိုင်းရှိ အခြေစိုက်စခန်းတခုသည် အီရန်အပေါ် အမေရိကန်စစ်တပ်၏ ဖြစ်နိုင်ခြေရှိသော တိုက်ခိုက်မှုများအတွက် စီစဉ်ရာ အဓိကဗဟိုချက်တခု ဖြစ်လာကြောင်း ဂြိုဟ်တုပုံရိပ်အသစ်များနှင့် ပျံသန်းမှုခြေရာခံဒေတာများက ပြသနေသည်။ သောကြာနေ့က ရိုက်ကူးထားသော ပုံရိပ်များအရ Muwaffaq Salti ခေါ် အခြေစိုက်စခန်းတွင် တိုက်ခိုက်ရေးလေယာဉ် အစင်း ၆၀ ကျော် ရပ်နားထားပြီး ပုံမှန်ရှိနေသော ဂျက်လေယာဉ်အရေအတွက်ထက် သုံးဆခန့် ပိုများသည်။ လေယာဉ်ခြေရာခံဒေတာများအရ တနင်္ဂနွေနေ့မှစ၍ ကုန်တင်လေယာဉ် ၆၈ စင်းထက်မနည်း သည် ထိုအခြေစိုက်စခန်းတွင် ဆင်းသက်ခဲ့သည်။ အမိုးအကာများအောက်တွင်လည်း အခြားသော တိုက်လေယာဉ်များ ထပ်မံရှိနေနိုင်သေးသည်။ ဂြိုဟ်တုဓာတ်ပုံများတွင် ပုံမှန်တွေ့ရလေ့ရှိသော လေယာဉ်များနှင့်မတူဘဲ F-35 အဆင့်မြင့်ကိုယ်ပျောက်တိုက်လေယာဉ်များ အပါအဝင် ပိုမိုခေတ်မီသော လေယာဉ်များကို တွေ့ရသည်။ ဒရုန်းများနှင့် ရဟတ်ယာဉ် အမြောက်အမြားကိုလည်း တွေ့ရှိရသည်။ စစ်သည်များသည် အီရန်နိုင်ငံမှ…