Category: News

  • စစ်ကော်မရှင်က ၎င်းတို့တပ်ဖွဲ့ဝင်များ တပ်စွဲထားရာ ကျေးရွာကို ပါရာမော်တာဖြင့် မှားယွင်း ဗုံးကြဲ

    စစ်ကော်မရှင်က ၎င်းတို့တပ်ဖွဲ့ဝင်များ တပ်စွဲထားရာ ကျေးရွာကို ပါရာမော်တာဖြင့် မှားယွင်း ဗုံးကြဲ

    နတ်တလင်းတွင် စစ်ကော်မရှင်က ၎င်းတို့တပ်ဖွဲ့ဝင်များ တပ်စွဲထားရာ ကျေးရွာကို ပါရာမော်တာဖြင့် မှားယွင်း ဗုံးကြဲ၍ စစ်သား ၁၀ ဦးထက်မနည်း သေဆုံး ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်၊ ငုတ်တရာကျေးရွာတွင် တပ်စွဲထားသော စစ်ကော်မရှင်တပ်ဖွဲ့ဝင်များ ရှိရာသို့ ၎င်းတို့အချင်းချင်း ပါရာမော်တာဖြင့် မှားယွင်းဗုံးကြဲတိုက်ခိုက်ခဲ့ရာ တပ်သား ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၇ ရက်တွင် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များနှင့် ပျူစောထီးများ တပ်စွဲအခြေချ ထားသည့် ငုတ်တရာကျေးရွာအတွင်းသို့ စစ်ကော်မရှင်၏ ပါရာမော်တာတစ်စင်းက ဗုံးကြဲချခဲ့ခြင်း ဖြစ်ပြီး၊ အောက်ခြေရှိ တပ်ဖွဲ့ဝင်များကလည်း အဆိုပါ ပါရာမော်တာကို ပြန်လည်ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ “မှားကြဲတဲ့အချိန်မှာ တပ်သားတွေက ပါရာမော်တာကို လိုက်ပစ်နေတာကို တော်လှန်ရေးရဲဘော်တွေ မြင်လိုက်ရတယ်။ မှားကြဲတာကတော့ သေချာတယ်။ အဲဒီနေ့…

  • ဗုံးကြဲနေတဲ့ကြားက ရဲဘော်တွေရဲ့ ရုပ်လောင်းကိုဆွဲထုတ်ခဲ့ရတယ် (ရုပ်/သံ)

    ဗုံးကြဲနေတဲ့ကြားက ရဲဘော်တွေရဲ့ ရုပ်လောင်းကိုဆွဲထုတ်ခဲ့ရတယ် (ရုပ်/သံ)

    ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်၊ ငုတ်တိုကျေးရွာအပြင်ဖက် ကာကင်းစခန်းမှာ ရှိနေခဲ့တဲ့ တပ်စုမှူး ရဲဘော်မိုးစက်၊ ရဲဘော်နေကြီး၊ ရဲဘော်ရှိုင်းလေး၊ ရဲဘော် နောက်တိုး၊ ရဲဘော်မဲလုံး နဲ့ ရဲဘော်ကြွက်နီတို့ဟာစစ်ကော်မရှင်ရဲ့ ဒရုန်း တိုက်ခိုက်မှုကြောင့် ဖေဖော်ဝါရီလ ၆ ရက်နေ့မနက်ပိုင်းမှာ ကျဆုံးခဲ့ရတယ်လို့ သူတို့ရဲ့တပ်ရင်းက အတည်ပြုပါတယ်။ တပ်ရင်းရဲ့ပြောဆိုမှုအရ စစ်ကော်မရှင်ရဲ့ဒရုန်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားခဲ့ရသူတွေဟာ အသက် ၁၉ နှစ်ကနေ ၂၇ နှစ်အတွင်းလူငယ်တွေ ဖြစ်ပါတယ်။

  • AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နှင့် မရာနယ်မြေအုပ်ချုပ်ရေးကောင်စီတို့ တွေ့ဆုံ

    AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နှင့် မရာနယ်မြေအုပ်ချုပ်ရေးကောင်စီတို့ တွေ့ဆုံ

    AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နှင့် မရာနယ်မြေအုပ်ချုပ်ရေးကောင်စီတို့ တွေ့ဆုံခဲ့ပြီး ပိုမိုခိုင်မာသော လက်တွဲ ပူးပေါင်းမှုများ တည်ဆောက်သွားမည်ဟု ပြောဆို အာရက္ခတပ်တော်(AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နှင့် ချင်းပြည်နယ်၊ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီတို့ တွေ့ဆုံဆွေးနွေးခဲ့ပြီး ပိုမိုခိုင်မာသော လက်တွဲ ပူးပေါင်းမှုများ တည်ဆောက်သွားမည်ဟု မရာနယ်မြေ အုပ်ရေးကောင်စီက ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ထုတ်ပြန်ပြောဆိုထားသည်။ ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့တွင် အာရက္ခတပ်တော် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နှင့် မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ (MTC)၊ မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ (MDF) မှ အကြီးအကဲများ တွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထိုသို့ တွေ့ဆုံခဲ့မှုနှင့် ပတ်သက်ပြီး မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ (MTC) က “ယခင်ကတည်းက မဟာမိတ်ထက်ပိုသော ဂရုစိုက်မှုနှင့် ဖော်ရွေမှုများ ပြသပေးခဲ့သည့် ULA/AA…

  • မန္တလေးမှာ ဇာတ်ပွဲကြည့်ပြီးပြန်လာသူကို ပေါ်တာဆွဲ

    မန္တလေးမှာ ဇာတ်ပွဲကြည့်ပြီးပြန်လာသူကို ပေါ်တာဆွဲ

    အာဏာသိမ်းစစ်ကောင်စီရဲ့အုပ်ချုပ်မှုအောက်မှာရှိတဲ့ မန္တလေးမြို့မှာ ပြီးခဲ့တဲ့ရက်ပိုင်းဖေဖော်ဝါရီလ ၇ ရက်မနက်အစောပိုင်းမှာဇာတ်ပွဲကြည့်ပြီး ပြန်လာတဲ့ လူငယ်အမျိုးသားတစ်ဦး ပေါ်တာဆွဲခံလိုက်ရတယ်လို့မြို့ခံဆီကသိရပါတယ်။ ဖေဖော်ဝါရီ ၇ ရက်မနက်အစောပိုင်း ၃ နာရီခန့်မှာ မန္တလေး ဘုရားကြီး ဇာတ်ပွဲကနေအပြန် အသက် ၂၅ နှစ်အရွယ်အမျိုးသား ပေါ်တာဆွဲခံရတာဖြစ်ပြီး မန္တလေးနန်းတွင်းအခြေစိုက် တပ်ထဲကို ပို့ခံလိုက်ရတယ်လို့သိရပါတယ်။ “စမ်းရေမိုးဇာတ် ပထမနေ့က တူလေးပါသွားတာ၊ မိုးမလင်းသေးဘူး ပြန်လာတာ၊ လမ်းမှာတင်ဆွဲသွားတာ”လို့ မြောက်ပြင်ရပ်မှာနေထိုင်တဲ့မြို့ခံ အမျိုးသမီးကပြောပါတယ်။ မန္တလေးမှာ မဟာမုနိဘုရားကြီးပွဲနဲ့ ကုသိုလ်တော်ဘုရား ရန်ပုံငွေပွဲတွေကို လူမှုကွန်ရက်မှာနာမည်ကြီးနေတဲ့ ဇာတ်အဖွဲ့တွေကိုခေါ်ယူပြီး ဖေဖော် ဝါရီလ ၆ ရက်ကနေ ဖေဖော်ဝါရီလ ၉ ရက်အထိကျင်းပခဲ့တာပါ။ အဲဒီဇာတ်ပွဲတွေအပြန်မှာလူငယ်အမျိုးသားအချို့ ပေါ်တာဆွဲခံရတာရှိပြီး ကနဦး စုံစမ်းမေးမြန်းမှုအရတော့ ငါးဦးခန့်ရှိနေပါတယ်။ ပေါ်တာဆွဲခံရသူ အချို့ကို သက်ဆိုင်ရာမိသားစုဝင်တွေက လက်လှမ်းမီသလောက်ငွေကြေးပေးပြီး ပြန်ထုတ်ဖို့ ကြိုးစားနေပေမယ့်…

  • ဗန်းမော်တိုက်ပွဲက နိုင်ငံရေးသိက္ခာတိုက်ပွဲဖြစ်ဟု KIO ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်ပြော

    ဗန်းမော်တိုက်ပွဲက နိုင်ငံရေးသိက္ခာတိုက်ပွဲဖြစ်ဟု KIO ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်ပြော

    တိုက်ပွဲတွေမဖော်ဖို့ တရုတ်က ပြောတာရှိကြောင်းနဲ့ ဗန်းမော်တိုက်ပွဲဟာ နိုင်ငံရေးသိက္ခာတိုက်ပွဲ ဖြစ်လို့ အရင်းမြစ်တွေ အများကြီးသုံးရသလို တိုင်းရင်းသားပေါင်းစုံက ပါဝင် တိုက်ခိုက်နေတဲ့အ ကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်က ပြောပါတယ်။ ဒါ့အပြင် ၂၀၂၆ ခုနှစ်ဟာ အပြောင်းအလဲတွေများမဲ့နှစ် ဖြစ်လာမယ်လို့လည်း သူက မျှော်မှန်းထားပါတယ်။ စစ်အာဏာသိမ်းပြီးချိန်မှာ တိုက်ပွဲတွေ မဖော်ဆောင်ဖို့ တရုတ်က သတိပေးခဲ့ပေမဲ့ ရှောင်လွှဲမရတဲ့ အခြေအနေတွေကို “ထိုင်ဝမ်” ကို ဥပမာပေး ရှင်းပြခဲ့ကြောင်းနဲ့ လက်ရှိ ဗန်းမော်တိုက်ပွဲဟာ နိုင်ငံရေးသိက္ခာတိုက်ပွဲ ဖြစ်တဲ့အကြောင်း ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်က ပြောပါတယ်။ အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ်မှာ ဖေဖော်ဝါရီ ၈ ရက်က ပြုလုပ်တဲ့ ၆၅ နှစ်မြောက် ကချင်တော်လှန်ရေးနေ့ အခမ်းအနား မိန့်ခွန်းမှာ အွန်လိုင်းကတဆင့်…