Category: News

  • ရခိုင်ရိုးမအရှေ့ခြမ်းဥသျှစ်ပင်ကပစ(၁၆)အနီးမှ စစ်တပ်၏အခိုင်အမာတည်ဆောက်ထားသည့်ကာ ကင်းစခန်းတစ်ခုကိုAAနှင့်ပူးပေါင်းတပ်မှသိမ်းပိုက်

    (စစ်တပ်မိသားစုဝင် ၃၀ ခန့်ကိုပါဖမ်းမိပြီး စစ်သား ၄၀ ကျော်သေဆုံးကာလက်နက်ခဲယမ်းများပါ သိမ်းဆည်းရမိဟုဆို) ရခိုင်ရိုးမအရှေ့ခြမ်း ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့၊ မသုန်ရွာ ကပစ (၁၆) အနီးမှအကြမ်းဖက်စစ်တပ်၏ အခိုင်အမာတည်ဆောက်ထားသည့် ကာကင်းတစ်ခုကိုအာရက္ခတပ်တော် (AA)နှင့် ပူးပေါင်းတပ်များကအောက်တိုဘာ ၁၄ ရက်နေ့က သိမ်းပိုက်ခဲ့သည်ဟုသတင်းရရှိသည်။ တိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်၏ အမျိုးသမီးများအပါအဝင် မိသားစု ဝင် ၃၀ ခန့်ကိုပါ လက်ရဖမ်းမိထားပြီး စစ်သား ၄၀ ကျော် သေဆုံးကာ လက်နက်ခဲယမ်း များပါ သိမ်းဆည်းရမိသည်ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက အတည်ပြုပြောဆိုသည်။ ” ကပစ(၁၆)ရဲ့အပြင်ဖက်မှာရှိတဲ့ အရင်ကတည်းကနေ အခိုင်အမာတည်ဆောက် ထားတဲ့စ ခန်းကုန်းကို (AA)နဲ့ ပူးပေါင်းတော်လှန်ရေးတပ်တွေက တိုက်ခိုက်တာ။အဲဒီ စခန်းကုန်းအနားမှာ စစ်တပ်မိသားစုဝင်တွေနေတယ်လေ။ အရင်ကတည်းက။ မနေ့ က အဲဒီစခန်းကာကင်းကိုသိမ်းပြီး မိသားစုဝင်တွေအမျိုးသမီး၊…

  • ခရစ်စမတ်ညမှာ အမူးလွန်အောင်သောက်ပီး မနက်ကျမိန်းမနဲ့ ခလေးတွေပါရနေသောအခါ…

    ✨ခရစ်စမတ်ညမှာ အမူးလွန်အောင်သောက်ပီး မနက်ကျမိန်းမနဲ့ ခလေးတွေပါရနေသောအခါ… Sw-itc-h (202-3) ‘——————————————–‘ 18နှစ်ပြည့်ပီးဘဝအကြောင်းကိုသင်ယူချင်တဲ့ညိုကီတို့အတွက့်

  • စစ်တပ်ထိုးစစ်ကြောင့် သီပေါမြို့ကို TNLA လက်လွှတ်ရနိုင်

    စစ်တပ်ထိုးစစ်ကြောင့် သီပေါမြို့ကို TNLA လက်လွှတ်ရနိုင်

    မြန်မာ-တရုတ်ကုန်သွယ်ရေးလမ်းကြောင်းပေါ်ရှိ သီပေါမြို့ကို သိမ်းပိုက်ရန် ကျောက်မဲမြို့မှတဆင့် ထိုးစစ်ဆင်လာသည့် စစ်တပ် မြို့နှင့်လေးမိုင်အကွာသို့ ရောက်ရှိလာသလို TNLA အမာခံ ခံစစ်စခန်းများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေသည်ဟု ဒေသခံများထံက သိရသည်။ ပြီးခဲ့သည့် အောက်တိုဘာလ ၁၃ ရက်နေ့တွင် သီပေါမြို့နှင့်လေးမိုင်အကွာ ဘော်ကြိုရွာကို စစ်တပ်က သိမ်းပိုက်ခဲ့ပြီး ဘော်ကြိုရွာနှင့် တဆက်တည်းရှိနေသည့် နားခဲကျေးရွာအထိ စစ်ကြောင်းများ ရောက်ရှိလာသည်ဟု ဒေသခံများက ဆိုသည်။ “ဘော်ကြို ကျော်ပြီပဲ။ သီပေါနဲ့ သိပ်မလိုတော့ဘူး။ နားခဲမှာ စစ်တပ်ရောက်ပြီ။ TNLA တပ်ဖွဲ့တွေ မန်ဟဲဘက်မှာ သိပ်မကွာဘူး။ တစ်မိုင်ကျော် နှစ်မိုင်ပဲ” ဟု သီပေါ ဒေသခံတစ်ဦးက ပြောသည်။ သမိုင်းဝင် ဘော်ကြိုဘုရားအနီး တိုက်ပွဲများဖြစ်ပါက စေတီပုထိုးများ ပျက်စီးမည့်အရေးကြောင့် နှစ်ဖက်တပ်ဖွဲ့များ တိုက်ပွဲမဖော်ဆောင်ရန် ဘော်ကြိုဆရာတော်နှင့် ဒေသခံများက…

  • လောင်စာထင်းရှားပါးပြီး ဈေးမြင့်တက်နေလို့ ကိုယ့်နေအိမ်ကို ကိုယ်တိုင်ဖြိုဖျက် ထင်းဆစ်သုံးစွဲနေကြရ

    လောင်စာထင်းရှားပါးပြီး ဈေးမြင့်တက်နေလို့ ကိုယ့်နေအိမ်ကို ကိုယ်တိုင်ဖြိုဖျက် ထင်းဆစ်သုံးစွဲနေကြရ

    စစ်တွေမြို့မှာ လောင်စာထင်းရှားပါးပြီး ဈေးမြင့်တက်နေလို့ ကိုယ့်နေအိမ်ကို ကိုယ်တိုင်ဖြိုဖျက် ထင်းဆစ်သုံးစွဲနေကြရတယ်လို့ဆို အာဏာသိမ်းစစ်တပ် ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်မြို့တော် စစ်တွေမြို့မှာ ထင်းရှားပါးပြီး ဈေးမြင့်တက်နေတဲ့အတွက် ကိုယ့်နေအိမ်ကို ကိုယ်တိုင်ဖြိုဖျက် ထင်းဆစ်သုံးစွဲနေကြရတယ်လို့ မြို့ခံတွေက ပြောကြပါတယ်။ ၁ ပေလောက်အရှည်ရှိတဲ့ ထင်းလေးချောင်းပါ တစ်စည်းကို ငွေကျပ် ၁၅၀၀ အထိ ဈေးနှုန်းမြင့်တက်နေတဲ့အတွက် အခုလို ကိုယ့်နေအိမ်ကို ကိုယ်တိုင်ဖြိုဖျက်ပြီးတော့ ထင်းဆစ် သုံးစွဲနေကြရတာဖြစ်တယ်လို့ စစ်တွေမြို့ခံ အမျိုးသမီးတစ်ယောက်က ပြောပါတယ်။ “ထင်း ၅၀၀၀ ဖိုးနဲ့ တစ်နပ်တောင်ချက်မရဘူး။ အိမ်မှာ မလိုတဲ့ အောက်က အခန်းလေးကို ဖြိုတယ်။ ချက်တယ်။ နောက်ဖေးခန်းကို ဖြိုလိုက်တယ်။ ချက်တယ်။ ထင်းက ဈေးကြီးနေတာကိုး” လို့ ပြောပါတယ်။ ဒါ့အပြင် အိမ်နီးနားချင်း အသက် ၆၀ ကျော်အရွယ်…

  • တရားမဝင် ရွေးကောက်ပွဲကို ပါဝင်လုပ်ဆောင်နေသော ကြံ့ဖွတ်ရုံးကို ဖောက်ခွဲ တိုက်ခိုက်

    တရားမဝင် ရွေးကောက်ပွဲကို ပါဝင်လုပ်ဆောင်နေသော ကြံ့ဖွတ်ရုံးကို ဖောက်ခွဲ တိုက်ခိုက်

    မင်္ဂလာဒုံမြို့နယ်တွင် စစ်တပ်၏ တရားမဝင် ရွေးကောက်ပွဲကို ပါဝင်လုပ်ဆောင်နေသော ကြံ့ဖွတ်ရုံးကို ဖောက်ခွဲ တိုက်ခိုက် ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်တွင် အကြမ်းဖက် စစ်တပ်၏ တရားမဝင် ရွေးကောက်ပွဲကို ပါဝင်လုပ်ဆောင်နေသော ကြံ့ဖွတ်ရုံးကို ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း Yangon Army (YA) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ ယနေ့ အောက်တိုဘာလ ၁၅ ရက်နေ့ နံနက် ၉ နာရီ ၁၀ မိနစ်ခန့်တွင် မင်္ဂလာဒုံမြို့နယ်ရှိ ကြံ့ဖွတ်ပါတီရုံးကို တော်လှန်ရေးတပ်ဖွဲ့များက ပြင်းအားမြင့်မိုင်း ၁ လုံး ၊ လက်ပစ်ဗုံး ၂ လုံးတို့ဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ထိုတိုက်ခိုက်မှုအတွင်း ပစ်မှတ်ကို ထိရောက်စွာ တိုက်ခိုက်နိုင်ခဲ့ပြီး ထိခိုက်မှု အခြေအနေကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း၊ တိုက်ခိုက်မှု…