Category: News
-

သေဆုံးခဲ့သော စစ်သားများ၏ လစာများနှင့် ဘဏ်စုငွေများကို မိသားစုဝင်များထံ ပြန်မပေးတော့
မိုင်းတွမ်း ခမရ ၅၅၄ မှ တပ်ရေး ဗိုလ်ကြီး ဟိန်းသော်ဇင်စိုးက ရှေ့တန်းတိုက်ပွဲများတွင် သေဆုံးခဲ့သော စစ်သားများ၏ လစာများနှင့် ဘဏ်စုငွေများကို မိသားစုဝင်များထံ ပြန်မပေးတော့ဘဲ ရယူ သုံးဖြုန်းနေ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ၊ မိုင်းတွမ်းဒေသရှိ အမှတ် ၁၄ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် လက်အောက်ခံ ခမရ ၅၅၄ တပ်ရင်းတွင် တပ်ရေး ဗိုလ်ကြီး ဟိန်းသော်ဇင်စိုးက ရှေ့တန်းတိုက်ပွဲ၌ သေဆုံးခဲ့သော စစ်သားများ၏ လစာများနှင့် ဘဏ်စုငွေများကို မိသားစုဝင်များထံ ပြန်မပေးတော့ဘဲ သုံးဖြုန်းနေကြောင်း တပ်တွင်း သတင်းရင်းမြစ်က ပြောဆိုသည်။ ခမရ ၅၅၄ မှ ဗိုလ်လောင်းသင်တန်းအပတ်စဉ် ၅၄ ကျောင်းဆင်း ဗိုလ်ကြီး ဟိန်းသော်ဇင်စိုးက တပ်ရင်းရှိ ခွင့်မဲ့ စစ်သည်များ၏ လစာများကို လိမ်လည် ထုတ်ယူသုံးစွဲခြင်း၊…
-

ရွှေမြင်တင် မီးသဂြိုလ်စက်တွင် စစ်တပ်က လုံခြုံရေးတင်းကျပ်၍ သဂြိုလ်
ရွှေသောင်ယံမြို့၊ ဘောမိရွာ တိုက်ပွဲတွင် ဒဏ်ရာရရှိပြီး ဆေးကုသမှုခံယူစဉ် သေဆုံးခဲ့သော စစ်အရာရှိနှင့်စစ်သည်များကို ရွှေမြင်တင် မီးသဂြိုလ်စက်တွင် စစ်တပ်က လုံခြုံရေးတင်းကျပ်၍ သဂြိုလ် ဧရာဝတီတိုင်း၊ ရွှေသောင်ယံမြို့၊ ဘောမိရွာ တိုက်ပွဲတွင် ဒဏ်ရာရပြီး ဆေးကုသမှုခံယူနေသည့် စစ်အရာရှိ ၂ ဦး သေဆုံးသွားပြီး ရွှေမြင်တင် မီးသဂြိုလ်စက်ကို စစ်တပ်က လုံခြုံရေးယူ၍ သဂြိုလ်ခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောဆိုသည်။ ဇန်နဝါရီလ ၂၂ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်ခန့်တွင် ပုသိမ်မြို့နယ် အနောက်တောင်တိုင်းစစ်ဌာနချုပ်နှင့် အမှတ် ၄ စစ်မြေပြင်ဆေးတပ်ရင်းတွင် ဆေးကုသမှုခံယူနေသော ဘောမိရွာ တိုက်ပွဲမှ ဒဏ်ရာရ အကြမ်းဖက် စစ်ကောင်စီ တပ်သားများထဲမှ အရာရှိ ၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။ အဆိုပါ…
-

KNU အုပ်ချုပ်နယ်မြေတွေမှာ တစ်နှစ်တာတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သား ၃၀၀၀ ကျော် သေဆုံး
KNU အုပ်ချုပ်နယ်မြေတွေမှာ တစ်နှစ်တာတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သား ၃၀၀၀ ကျော် သေဆုံးပြီး ဗျူဟာမှူးတွေ အပါအဝင် ရာနဲ့ချီ ဖမ်းမိ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကော်သူးလေအုပ်ချုပ်နယ်မြေတွေမှာ ဖြစ်ပွားခဲ့တဲ့ တစ်နှစ်တာတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သား ၃၀၀၀ ကျော် သေဆုံးပြီး ဗျူဟာမှူးတွေ အပါအဝင် ရာနဲ့ချီ ဖမ်းမိခဲ့တယ်လို့ KNU(ဗဟို)မှ ထုတ်ပြန်လိုက်ပါတယ်။ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကော်သူးလေအုပ်ချုပ်နယ်မြေတွေမှာ ဝင်ရောက်ကျူးကျော် တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) တို့ရဲ့ ဦးဆောင်မှုအောက်ရှိ တော်လှန်ရေး ပူးပေါင်းတပ်တွေ အကြား ၂၀၂၄ခုနှစ် တစ်နှစ်အတွင်း တိုက်ပွဲကြီး၊ တိုက်ပွဲငယ်ပေါင်း (၃၂၂၉) ကြိမ် ထက်မနည်း ဖြစ်ပွားခဲ့တာပါ။ တိုက်ပွဲတွေအတွင်း အကြမ်းဖက်စစ်ကောင်စီဘက်မှ အရာရှိ အရာခံတွေ အပါအဝင် တပ်သား (၃၁၃၆)ဦး ထက်မနည်း…
-

မန္တလေးမှာ စစ်အုပ်စုက ဆိုက်ဘာလုံခြုံရေး ဥပဒေ အကြောင်းပြပြီး ဖမ်းဆီးငွေညှစ်မှုတွေ ပိုလုပ်လာ
ဖုန်းစစ်ဆေးရာမှာ VPN သာမက ဖုန်း Contact list တွေအထိ စစ်ဆေးနေ မန္တလေးမြို့မှာ ယခု ဇန်နဝါရီ လဆန်းကစလို့ စစ်အုပ်စုက လမ်းသွားလမ်းလာ ပြည်သူတွေကို ဖမ်းဆီးစစ်ဆေး ငွေညှစ်တာတွေ ပိုမို လုပ်ဆောင်နေပြီး ဖုန်းတွေကို အဓိကထား စစ်ဆေးနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။ ဇန်နဝါရီလ ၁ရက်မှာ စစ်အုပ်စုက ဆိုက်ဘာလုံခြုံရေး ဥပဒေကို အတည်ပြုပြီးနောက် အခုလို စစ်ဆေး ငွေညှစ်တာတွေ ပိုလုပ်နေတာ ဖြစ်ပြီး ဖုန်းတွေကို စစ်ဆေးရာမှာ VPN (Virtual Private Network) သာမက Contact list (ဖုန်းနံပါတ် မှတ်တမ်းစာရင်း) တွေ၊ Call History (ခေါ်ဆိုမှုမှတ်တမ်း) တွေအထိ စစ်နေတယ်လို့ ဆိုပါတယ်။ မန္တလေးမြို့တွင်း လမ်းမတွေပေါ်မှာ…
-

စစ်မှုထမ်းအရေအတွက်တိုးခေါ်ဖို့ စစ်ကောင်စီကို နိုင်ငံရေးပါတီတွေ အကြံပေး
စစ်မှုထမ်းအရေအတွက် တိုးမြှင့်ခေါ်ယူဖို့ နိုင်ငံရေးပါတီတွေက စစ်ကောင်စီရဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC)နဲ့ တွေ့ဆုံပွဲမှာ အကြံပြုဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီထိန်းချုပ်တဲ့ မီဒီယာတွေက ဇန်နဝါရီ ၂၄ ရက်နေ့ညက ဖော်ပြပါတယ်။ ဇန်နဝါရီလ ၂၃ ရက်နဲ့ ၂၄ ရက်တွေက နိုင်ငံရေးပါတီတွေနဲ့ NSPNC တို့ နေပြည်တော်မှာ နှစ်ရက်ကြာ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပခဲ့တာဖြစ်ပါတယ်။ အဲဒီဆွေးနွေးပွဲမှာ နိုင်ငံရေးပါတီအစုအဖွဲ့ရဲ့ အလုပ်အဖွဲ့ခေါင်းဆောင် ဦးကိုကိုကြီး၊ ဒေါက်တာအေးမောင်အပါအဝင် စစ်ကောင်စီ အသိအမှတ်ပြုထားတဲ့ နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့သလို စစ်ကောင်စီရဲ့ NSPNC ကော်မတီဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်နဲ့ ကော်မတီအဖွဲ့ဝင်တွေ တက်ရောက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ အစည်းအဝေးကို တက်ရောက်ခဲ့တဲ့ နိုင်ငံရေးပါတီတွေက ၂၀၂၅ ရွေးကောက်ပွဲကိစ္စ၊ နိုင်ငံတော်အေးချမ်းအောင် လုပ်ဆောင်သင့်တဲ့ အစီအမံတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့…