Category: Feature


  • အောင်ပွဲရ အမှတ် ၈ စစ်ကြောင်းက တိုက်ပွဲ၀င်ရဲဘော်တွေကို ပြည်သူလူထုက ဂုဏ်ပြုကြိုဆို

    မကွေးတိုင်း ပခုက္ကူမြို့နယ် ရေလာလေးစစ်ကောင်စီစခန်းကို တိုက်ခိုက်ခဲ့ကြတဲ့အောင်ပွဲရအမှတ် (၈) စစ်ကြောင်းမှ တိုက်ပွဲ၀င်ရဲဘော်တွေကို ပေါက်မြို့နယ်ဒေသခံပြည်သူတွေက ဂုဏ်ပြုကြိုဆိုခဲ့ကြတယ်လို့ အမှတ် ၈ စစ်ကြောင်းက ဒီဇင်ဘာလ ၂၀ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ ဒီဇင်ဘာ ၁၁ရက်နေ့က စစ်ကောင်စီတပ်ရဲ့ ရေလာလေးရန်သူ့စခန်းကို အမှတ် ၈ စစ်ကြောင်းနဲ့အတူ ဒေသခံပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့၀င် ၆ ဦး သေဆုံးကာ သုံ့ပန်း၇ ဦးနဲ့ လက်နက် ၁၈ လက်သိမ်းဆည်းနိုင်ခဲ့တာဖြစ်ပါတယ်။ အမှတ် (၈) စစ်ကြောင်းဟာ လက်ရှိအချိန်မှာပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDA) ၊ပြည်သူ့တော်လှန်ဘရေးတပ်ဦး (PRF)နဲ့ ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ (SRF) တို့ ပူးပေါင်းထားတာဖြစ်တယ်လို့ သိရပါတယ်။ အမှတ် ၈ စစ်ကြောင်းအနေနဲ့ စစ်အာဏာရှင်စနစ် (စစ်သုံးစစ်) အမြစ်ပြတ်တိုက်ဖျက်ရေး၊တော်လှန် ရေးအင်အားစုများ ညီညွတ်ပေါင်းစည်းလာရေး၊လှုပ်ရှားစစ်အကောင်အထည်ဖော်ရေး၊အဖိနှိပ်ခံ…

  • လူပြောများသည့် မာနယ်ပလောအကြောင်း

    ကရင်အမျိုးသားအစည်းအရုံး KNU ၏ ဌာနချုပ်ဟောင်း မာနယ်ပလောကို KNLA နှင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တို့ ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်သည့်သတင်းသည်လူပြောများခဲ့သည်။ အဘယ်ကြောင့်ဆိုသော် မာနယ်ပလောသည် KNU သာမကတော်လှန်ရေးမဟာမိတ်အဖွဲ့အစည်းတို့အတွက် အစဉ်အလာကြီးမားသည့်နေရာတစ်ခုဖြစ်သည်။ မနယ်ပလော (ကရင်ဘာသာ) ကို ဗမာလို အောင်ပွဲရ နယ်မြေ သို့မဟုတ် အောင်မြေ လို့အနီးစပ်ဆုံးဘာသာပြန်ဆိုနိုင်သည်။ မာနယ်ပလောကို သြဇာကြီးမားသည့်အထင်ကရ ကရင်ခေါင်းဆောင်ကြီးလည်းဖြစ် KNU ၏ ဥက္ကဋ္ဌဟောင်း လည်းဖြစ်တဲ့ ဗိုလ်ချုပ်ကြီးစောဘိုမြ ကိုယ်တိုင်ဦးစီးဦးဆောင်တည်ဆောက်ခဲ့သည့် KNU ဌာနချုပ်ဖြစ်ခဲ့ပြီး ၁၉၉၅ မတိုင်ခင် မာနယ်ပလောဒေသသည် KNU ၏ဌာနဆိုင်ရာရုံးများ၊ သင်တန်းအဆောင်အဦးများ စာသင်ကျောင်းများ၊ ဆေးရုံဆေးခန်းများနှင့် အလွန်စည်ကားခဲ့ပြီး မဟာမိတ်အဖွဲ့အစည်းတို့၏ အခြေစိုက်ရာ နေရာြဖစ်သည်။ ကရင်လူမျိုးများအထွဋ်အမြတ်ထားသည့်အထိမ်းအမှတ်နေ့တွေဆိုရင်လည်း အခမ်းအနားများ၊ ပွဲလမ်းသဘင်များ၊ လက်၀ှေ့ပွဲ၊ ဘောလုံးပွဲစသည့်…

  • မင်းအောင်လှိုင် အဖြေညှိရမည့် ပဟေဠိ များ

    ဒေါက်တာ ဆာဆာ ဦးဆောင်သော အမျိုးသား ညီညွတ်ရေး အစိုးရ ကိုယ်စားလှယ် အဖွဲ့သည် အမေရိကန် ခရီးစဉ် အတွင်း အောက်လွှတ်တော် နိုင်ငံခြား ဆက်ဆံရေး ကော်မတီ အဖွဲ့ဝင်များ၊ အထက်လွှတ်တော် အမတ်များ နှင့် တွေ့ဆုံခဲ့သည် ဟု သိရသည်။ ဒေါက်ဝာာ ဆာဆာ တွေ့ဆုံခဲ့သူများသည် ဇန်နဝါရီလ တွင် သမ္မတ ဖြစ်လာမည့် ဒေါ်နယ် ထရန့်၏ ယုံကြည်စိတ်ချခြင်း ခံထားရသူ များ ဖြစ်သည်။ NUG ကိုယ်စားလှယ် အဖွဲ့၏ ခရီးစဉ်သည် အမေရိကန် အစိုးရသစ် နှင့် ဆက်‌ဆံရေး တည်ဆောက်သော ပမာဏ ခရီးစဉ် ဖြစ်ပြီး နိုင်ငံခြားရေး ဝန်ကြီး ဖြစ်လာမည့် အထက်လွှတ်တော် အမတ် မာကို ရူဘီယို ရုံး…

  • မတ္တရာတိုက်ပွဲများတွင် စစ်တပ်၏  ဒရုန်းအမျိုးမျိုးကို MDY-PDF ရင်ဆိုင်ရ

    စခန်းပေါင်းများစွာ လက်လွှတ်လိုက်ရပြီးနောက် စစ်ကောင်စီတပ်က မန္တလေးတိုင်း၊ မတ္တရာမြို့နယ်နှင့် ဒေသအများအပြားတွင် ဒရုန်းအသုံးပြုမှု ပိုများလာသည်။မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် ကြည်း၊ ရေ၊ လေ တပ်များ သုံးပြီး ထိုးစစ်ပြန်ဆင်ရာတွင် စစ်ကောင်စီက ဒရုန်းအမျိုးမျိုးသုံးစွဲလာကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF) က ပြောသည်။မတ္တရာမြို့အနီးဝန်းကျင်အထိ ဝိုင်းပတ်ပိတ်ဆို့ထားသည့် တော်လှန်ရေးတပ်ဖွဲ့များကို စစ်ကောင်စီက နိုဝင်ဘာ လလယ်ခန့်မှစပြီး တန်ပြန်ထိုးစစ်ဆင်ရာတွင် ပါဝင်လာသည်မှာ ဗုံးသီးချတိုက်ခိုက်ရာတွင် သုံးသည့် ဒရုန်း၊ Suicide ဒရုန်း ဟု ခေါ်ကြသည့် ပေါက်ကွဲမည့်ဗုံးသီးနှင့်အတူ ပျက်စီးသွားမည့် တစ်ခါသုံးဒရုန်း၊ ကင်းထောက်ဒရုန်းတို့ ဖြစ်သည်ဟု သိရသည်။“စစ်ကောင်စီက သူတို့လက်လွှတ်ဆုံးရှုံးလိုက်ရတဲ့ နယ်မြေတွေ၊ တပ်စခန်းတွေကို ပြန်လည်ရရှိရေး ထိုးစစ်ဆင်ရာမှာ ဒရုန်းကို အရင်ကထက် ပိုမိုအသုံးပြုလာတယ်။ အထူးသဖြင့်တော့ ကာမီကာဇေလို့ ခေါ်တဲ့ Suicide ဒရုန်းတွေကို ပိုပြီး…

  • ကချင်စစ်မျက်နှာမှ ဗန်းမော် စစ်ဆင်ရေး

    ကချင်ပြည်နယ်တွင် အခြေစိုက်သည့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) သည် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် အလောဘွမ်တိုက်ပွဲမှစ၍ စစ်ကောင်စီကို တုံ့ပြန်တိုက်ခိုက်ခဲ့၏။ ထို့နောက် ပြည်မအင်အားစုများနှင့် စုစည်း၍ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) ၏ စစ်ဒေသ ၁ ကို တာဝန်ယူခဲ့သကဲ့သို့ ကချင်နှင့် ရှမ်းမြောက်တွင်လည်း ကချင်ပြည်သူ့ ကာကွယ်ရေးတပ် (KPDF) များကို ဖွဲ့စည်းခဲ့၏။ ၂၀၂၁၊ ၂၀၂၂ ခုနှစ်များတွင် KIA ၏ စစ်ရေးလှုပ်ရှားမှုများကို KPDF, PDF, အာရက္ခတပ်တော် (AA)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) စသည့် မဟာမိတ်များနှင့်တွဲ၍ မြင်ရသည်။ ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းနှင့် ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းတွင် KIA ၏…