Category: Feature


  • မင်းအောင်လှိုင် အဖြေညှိရမည့် ပဟေဠိ များ

    ဒေါက်တာ ဆာဆာ ဦးဆောင်သော အမျိုးသား ညီညွတ်ရေး အစိုးရ ကိုယ်စားလှယ် အဖွဲ့သည် အမေရိကန် ခရီးစဉ် အတွင်း အောက်လွှတ်တော် နိုင်ငံခြား ဆက်ဆံရေး ကော်မတီ အဖွဲ့ဝင်များ၊ အထက်လွှတ်တော် အမတ်များ နှင့် တွေ့ဆုံခဲ့သည် ဟု သိရသည်။ ဒေါက်ဝာာ ဆာဆာ တွေ့ဆုံခဲ့သူများသည် ဇန်နဝါရီလ တွင် သမ္မတ ဖြစ်လာမည့် ဒေါ်နယ် ထရန့်၏ ယုံကြည်စိတ်ချခြင်း ခံထားရသူ များ ဖြစ်သည်။ NUG ကိုယ်စားလှယ် အဖွဲ့၏ ခရီးစဉ်သည် အမေရိကန် အစိုးရသစ် နှင့် ဆက်‌ဆံရေး တည်ဆောက်သော ပမာဏ ခရီးစဉ် ဖြစ်ပြီး နိုင်ငံခြားရေး ဝန်ကြီး ဖြစ်လာမည့် အထက်လွှတ်တော် အမတ် မာကို ရူဘီယို ရုံး…

  • မတ္တရာတိုက်ပွဲများတွင် စစ်တပ်၏  ဒရုန်းအမျိုးမျိုးကို MDY-PDF ရင်ဆိုင်ရ

    စခန်းပေါင်းများစွာ လက်လွှတ်လိုက်ရပြီးနောက် စစ်ကောင်စီတပ်က မန္တလေးတိုင်း၊ မတ္တရာမြို့နယ်နှင့် ဒေသအများအပြားတွင် ဒရုန်းအသုံးပြုမှု ပိုများလာသည်။မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် ကြည်း၊ ရေ၊ လေ တပ်များ သုံးပြီး ထိုးစစ်ပြန်ဆင်ရာတွင် စစ်ကောင်စီက ဒရုန်းအမျိုးမျိုးသုံးစွဲလာကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF) က ပြောသည်။မတ္တရာမြို့အနီးဝန်းကျင်အထိ ဝိုင်းပတ်ပိတ်ဆို့ထားသည့် တော်လှန်ရေးတပ်ဖွဲ့များကို စစ်ကောင်စီက နိုဝင်ဘာ လလယ်ခန့်မှစပြီး တန်ပြန်ထိုးစစ်ဆင်ရာတွင် ပါဝင်လာသည်မှာ ဗုံးသီးချတိုက်ခိုက်ရာတွင် သုံးသည့် ဒရုန်း၊ Suicide ဒရုန်း ဟု ခေါ်ကြသည့် ပေါက်ကွဲမည့်ဗုံးသီးနှင့်အတူ ပျက်စီးသွားမည့် တစ်ခါသုံးဒရုန်း၊ ကင်းထောက်ဒရုန်းတို့ ဖြစ်သည်ဟု သိရသည်။“စစ်ကောင်စီက သူတို့လက်လွှတ်ဆုံးရှုံးလိုက်ရတဲ့ နယ်မြေတွေ၊ တပ်စခန်းတွေကို ပြန်လည်ရရှိရေး ထိုးစစ်ဆင်ရာမှာ ဒရုန်းကို အရင်ကထက် ပိုမိုအသုံးပြုလာတယ်။ အထူးသဖြင့်တော့ ကာမီကာဇေလို့ ခေါ်တဲ့ Suicide ဒရုန်းတွေကို ပိုပြီး…

  • ကချင်စစ်မျက်နှာမှ ဗန်းမော် စစ်ဆင်ရေး

    ကချင်ပြည်နယ်တွင် အခြေစိုက်သည့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) သည် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် အလောဘွမ်တိုက်ပွဲမှစ၍ စစ်ကောင်စီကို တုံ့ပြန်တိုက်ခိုက်ခဲ့၏။ ထို့နောက် ပြည်မအင်အားစုများနှင့် စုစည်း၍ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) ၏ စစ်ဒေသ ၁ ကို တာဝန်ယူခဲ့သကဲ့သို့ ကချင်နှင့် ရှမ်းမြောက်တွင်လည်း ကချင်ပြည်သူ့ ကာကွယ်ရေးတပ် (KPDF) များကို ဖွဲ့စည်းခဲ့၏။ ၂၀၂၁၊ ၂၀၂၂ ခုနှစ်များတွင် KIA ၏ စစ်ရေးလှုပ်ရှားမှုများကို KPDF, PDF, အာရက္ခတပ်တော် (AA)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) စသည့် မဟာမိတ်များနှင့်တွဲ၍ မြင်ရသည်။ ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းနှင့် ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းတွင် KIA ၏…