Category: Feature
-

“မဲ”ကိစ္စကို ခုတုံးလုပ်ပြီး ပလ္လင်သိမ်းတဲ့ပွဲ
ဒေါ်အောင်ဆန်းစုကြည်နဲ့ NLDအစိုးရကို မဲခိုးတယ်လို့ တဖွဖွ စွပ်စွဲခဲ့သူက စစ်အာဏာ သိမ်းပြီး ၅ နှစ်ကျော်အကြာ အရှက်ဂုဏ်သိက္ခာမဲ့စွာဖြင့် သမ္မတပလ္လင် ခိုးယူပြီ အကြမ်းဖက်စစ်တပ်ကနေ အငြိမ်းစားယူလိုက်တဲ့ မင်းအောင်လှိုင်က အခုဆိုရင်ကြံ့ဖွတ် ပြည်သူ့လွှတ်တော်က ရွေးချယ်လိုက်တဲ့ ဒုတိယသမ္မတ ဖြစ်လာပါပြီ။ သိပ်မကြာခင်မှာ ဒုတိယသမ္မတကနေ သူအမြဲတမ်း တပ်မက်ခဲ့တဲ့ တခဲ့တဲ့ “သမ္မတ” ဆိုတဲ့ ပလ္လင်ဆီကို တရားဝင် တက်လှမ်းတော့မှာဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ကစလို့ အခုအချိန်အထိ မင်းအောင်လှိုင် ပါးစပ်က အမြဲပြောခဲ့ပြီး မြန်မာပြည်သူတွေ နားခါးအောင် ကြားခဲ့ရတဲ့ စကားတစ်ခွန်းရှိပါတယ်။ အဲဒါကတော့ “မဲစာရင်း မှားယွင်းမှုတွေနဲ့ မဲမသမာမှုတွေကြောင့် အာဏာကို ခေတ္တထိန်းသိမ်းရခြင်းဖြစ်တယ်” ဆိုတဲ့ ဆင်ခြေပါပဲ။ ဒါပေမဲ့ ဒီကနေ့မှာတော့ အဲဒီဆင်ခြေရဲ့ နောက်ကွယ်က…
-

ကျွန်တော် ဆီမတိုးဘဲ ပြန်ခဲ့ပါပြီ
ဆီမတိုးဘဲ ပြန်ခဲ့ပြီ ဒီနေ့ မနက် ၇ နာရီခွဲအချိန် ဆီသွားတိုးခဲ့တယ်။ “ဝန်ထမ်းတွေဒီဖက်မှာစီ၊အရပ်သားတွေဟိုဖက်မှာသွားစီ´´ ။ ဆိုင်ဝန်ထမ်းလားဘာလားမသိ။ သူ့အသံကြောင့် ဆီတိုးသူတွေလူစုခွဲပြီး နှစ်တန်းခွဲစီကြတယ်။ “ဆိုင်ကယ်တွေထားပြီး အထဲမှာ QR ကုဒ်လာလုပ်ကြပါ´´ ဒုတိယအကြိမ် သူ့အသံထပ်ပေါ်လာပြန်ပြီ။ နှစ်တန်းခွဲပြီးတန်းစီထားသူတွေ ရုတ်ရုတ်သဲသဲဖြစ်ပြီး အလုအယက်သွားတန်းစီကြပြန်ပြီ။ သိပ်မကြာလိုက်။ “ဆီထုတ်ရင်းနဲ့ QR ကုဒ်လုပ်ကြပါ ´´ တတိယအကြိမ် သူ့အသံထပ်ထွက်လာပြန်ပြီ။ စောစောက QR ကုဒ်လုပ်ဖို့ အထဲမှာသွားတန်းစီနေသူတွေ အပြေးအလွှားဆိုင်ကယ်တွေပေါ်တက်ကြပြန်ပြီ။ ဆီဆိုင်ရှေ့က သံတံခါးတစ်ချပ်ပွင့်လာချိန်မှာ ဝန်ထမ်းတွေနဲ့အရပ်သားတွေခွဲခြားထားတဲ့စည်းက ပျက်ပြီး တံခါးအပေါက်ဝရှေ့ အလုအယက်တိုးကြလေပြီ။ မနေ့ကထဲက QR ကုဒ်လုပ်ပြီးထားသူတွေ၊ ဝန်ထမ်းတွေ၊ ရဟန်းသံဃာတွေ၊ အရပ်သားတွေဆိုတဲ့ သတ်မှတ်ချက်ဟူသမျှ ဘာမှမရှိတော့။ အချိန်က မနက် ၁၀ နာရီထိုးလုပြီ။ မိမိတို့ဆီရရှိရေးသာ အဓိကဖြစ်ကြလေပြီ။ အပူရှိန်က…
-

မော်လမြိုင်နှင့် ချောင်းဆုံတွင် ဆီတန်းစီနေသူများကို ပြည်သူချင်း ကူညီ ဒါနပြု
စစ်ကော်မရှင်နှင့် ပါတီများ မသိချင်ယောင်ဆောင်နေကြ မွန်ပြည်နယ်၊မော်လမြိုင်နှင့် ချောင်းဆုံတို့တွင် ဆီဘေးဒုက္ခကြောင့် တန်းစီနေကြသူများကို ပြည်သူ – ပြည်သူချင်း ဖေးမကူညီကာ အလှူဒါနပြုနေကြကြောင်း သိရသည်။ ဓာတ်ဆီ တစ်လီတာရရန်အတွက် ပင်ပန်းကြီးစွာဖြင့် ညအိပ်တန်းစီရသည်အထိ ဒုက္ခရောက် နေသော ပြည်သူများကို ပြည်သူချင်းကပင် ရေသန့်ဗူးတိုက်ခြင်း၊အအေးတိုက်ခြင်း၊ ဓာတ်ဆားနှင့် ရေ သန့်ဗူး လှူဒါန်းပေးနေကြပြီး တရားမဝင်မွန်ပြည်နယ်အစိုးရအဖွဲ့နှင့် ပါတီများကမူ မသိချင်ယောင် ဆောင်နေကြကြောင်း ဒေသခံအချို့ထံက သိရသည်။ “တန်းစီရတာ နေပူကြီးထဲလည်း ၄-၅နာရီ အနည်းဆုံးစီရတာလေ။နေကလည်း အရမ်းပူတော့ မူးလဲ တာတွေ၊ ချောင်းဆုံမှာဆို အပူရှပ်ပြီး သေတာတွေ ဖြစ်နေတော့ ပြည်သူချင်းပဲ တတ်နိုင်သလောက် ကူကြတာ တကယ်ကျေးဇူးတင်ရတယ်”ဟု မော်လမြိုင်မြို့ခံ လူမှုကူညီရေးသမားတစ်ဦးက ပြောသည်။ ဆီတန်းစီရာလမ်းမကြီးဘေးရှိ အိမ်အချို့က ရေသန့်ဗူးကြီးများ ချထားပေးသလို အပေါ့အပါးသွားခွင့်…
-

ချမ်းမြမြသော် ရဲ့ ရှင်းလင်းချက် အနှစ်ချုပ်
Korea က ဘောမသွားတဲ့ Tr. ချမ်းမြမြသော် ရဲ့ စာမျက်နှာ ၁၄ မျက်နှာပါ ရှင်းလင်းချက် စာတွေကို အကုန်မဖတ်နိုင်လို့ အဓိကဆိုလိုရင်းကို Ai ကနေ အနှစ်ချုပ် ပေးလိုက်ပါတယ် အချုပ်ဆိုလိုရင်း – သူမသည် နိုင်ငံရေး အဖွဲ့အစည်းများ၏ စနစ်မကျမှုနှင့် ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုများကို စိတ်ပျက်၍ လမ်းခွဲခဲ့ခြင်း ဖြစ်ပြီး၊ အဖွဲ့အစည်းဝင် အဖြစ်ထက် လွတ်လပ်သော စီးပွားရေး လုပ်ငန်းရှင် တစ်ဦးအနေဖြင့် မြန်မာပြည်သူများ၏ လက်တွေ့ကျသော လူမှုစီးပွား ဘဝများ တိုးတက်လာစေရန်သာ အဓိကထား လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ရဲရဲဝံ့ဝံ့ ရှင်းလင်းထားခြင်း ဖြစ်ပါတယ်။ သူမဟာ တောင်ကိုရီးယား နိုင်ငံရေး/အဖွဲ့အစည်း (တလရ – တော်လှန်ရေးဟု ယူဆရ) လောကကနေ ဘာကြောင့် ထွက်ခွာခဲ့ရတယ်ဆိုတာကို…
-

အီရန်ရှာဟက် ဒရုန်းများကို အောင်မြင်စွာ ဖြိုခွင်းနေသည့် ယူကရိန်း၏ ကာကွယ်ရေးနည်းပညာ
အရှေ့အလယ်ပိုင်းစစ်မျက်နှာပြင်တွင် အီရန်ရှာဟက် ဒရုန်းများကို အောင်မြင်စွာ ဖြိုခွင်းနေသည့် ယူကရိန်း၏ ကာကွယ်ရေးနည်းပညာ ရုရှား-ယူကရိန်းစစ်ပွဲအတွင်း နှစ်နှင့်ချီ၍ ရုရှား၏ အီရန်လုပ် Shahed (ရှာဟက်) အသေခံဒရုန်းများကို နေ့စဉ်နှင့်အမျှ ရင်ဆိုင်ခဲ့ရသော ယူကရိန်းသည် ယခုအခါ ၎င်းတို့၏ တိုက်ပွဲဝင်အတွေ့အကြုံနှင့် အဆင့်မြင့် Interceptor (ကြားဖြတ်ဟန့်တားရေး) ဒရုန်းနည်းပညာများကို အရှေ့အလယ်ပိုင်းဒေသသို့ တင်ပို့လျက်ရှိသည်။ မကြာသေးမီက စတင်ခဲ့သော အရှေ့အလယ်ပိုင်းဒေသတွင်း ပဋိပက္ခများတွင် အီရန်၏ ဒရုန်းတိုက်ခိုက်မှုများကို ကာကွယ်ရန် ယူကရိန်း၏ နည်းပညာနှင့် ကျွမ်းကျင်သူများသည် အဓိကအခန်းကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း ခိုင်မာသော နိုင်ငံတကာသတင်းရင်းမြစ်များက ဖော်ပြကြသည်။ ယူကရိန်းသမ္မတ၏ အတည်ပြုပြောကြားချက်အရ ယူကရိန်းသည် အရှေ့အလယ်ပိုင်းဒေသရှိ အရပ်ဘက်နှင့် အရေးကြီးအဆောက်အအုံများကို အီရန်ဒရုန်းရန်မှ ကာကွယ်ရန်အတွက် ဒရုန်းကျွမ်းကျင်ပညာရှင် ၂၂၈ ဦးကို ကာတာ၊ အာရပ်စော်ဘွားများပြည်ထောင်စု (UAE)၊…