လူပြောများလာတဲ့ ဒေါက်တာ ရဲမြင့်ကျော်

လူပြောများလာတဲ့ Dr ရဲမြင့်ကျော်

သူ့ရဲ့စိတ်ဓါတ်မကောင်းတာ ကိုယ်တိုင်ခံစားရဖူးတယ်

2001/02 ဝန်းကျင် သမီး 7 နှစ်အရွယ်တုန်းက ရန်ကုန်ရောက်တုန်းရောက်ခိုက် ဆေးမှတ်တမ်းလဲအဆင့်သင့်ပါလာတာနဲ့ သူ့ဆေးခန်းထိုင်တဲ့ အာရှတော်ဝင်မှာ သွားပြဖြစ်တယ်

လိုအပ်တဲ့ သွေးလဲစစ်တာပေါ့

လေးဖက်နာပိုး 285 ရှိတာကို ဟင်္သာတမှာဆေးကုပေးတဲ့ ကလေးအထူးကုရဲ့ ဆေးမှတ်တမ်းပြလို့တဲ့ ပန်ဘီတိုက်နေတာ ဆက်တိုက်စရာ မလိုဘူး ဆေးရုံကရောင်းတဲ့အားဆေးဘဲဝယ်သွား အားဆေးဘဲတိုက်တဲ့

ကိုယ်တွေက အဲ့အချိန် မကျွမ်းကျင် သူ့အထင်ကြီးမိတော့ သူက ပိုသိပိုတတ်လို့ လမ်းညွှန်တာဘဲလေ ဆိုပီးယုံကြည်စွာ သူညွှန်ကြားချက်အတိုင်း လုပ်ခဲ့မိတာ ခလေး ခမျာ ဒုက္ခနဲ့ လှလှတွေ့ရတော့တာဘဲ 😥🤧

ခန ခန ဖျား ကူးဆက်ရောဂါမှန်သမျှရှေ့ဆုံးကအကူးခံရ နေပူ သတိလစ် အေးလဲသတိလစ်

နောက်တော့ သမားရင့် Gp ဆရာဝန်ကြီးနဲ့ အကုန်ချပြတော့ အဲ့ဒီဆရာဝန်ကြီးရဲ့ မှတ်ချက်က

“” တော်တော်ယုတ်မာတဲ့ဆရာဝန်””

ဘဲတဲ့ 🤭🤭

လေးဖက်နာ ပိုး 285 ရှိတာကို ဒီလို လမ်းညွှန်ရသလားတဲ့

အဲ့ဒါ ခလေးနှလုံးအထူးကု သမားတော်တဲ့လား တဲ့လား

Gp ဆရာဝန်ကြီးရဲ့ ကုသပြုစုမှူ့နဲ့ ကျမရဲ့သမီးကြီး

ကျန်းမာစွာကြီးပြင်းနိုင်ခဲ့ပါတယ်

ဒါပထမကြိမ်ဆုံစဉ် အံ့အံ့နဲ့ဩဩ ရွံမိတာ

သူနဲ့ရေစက်က စက်ဆုတ်စွာ ဒုတိယအကြိမ်ဆုံရပြန်တာက မကွေးဆေးတက္ကသိုလ်မှာ သားကြီး Final part 2 child word မှာပေါ့

အစဉ်အဆက် သူ့ကိုမှ မဂါရင် ဘယ်လောက်တော်နေပါစေ လွတ်လွတ်ကျွတ်ကျွတ်မ‌ေအာင်နိုင်ဘူးတဲ့

$ကျင့်က အစဉ်အလာနဲ့ပုတ်တာနော်

စာသင်ခန်းထဲမှာလဲ အပုတ်နံ့ တလှိုင်လှိုင်နဲ့ပေါ့

ဒုတိယအကြိမ်ဆုံခိုက် သူ့ရာဇဝင်ကို ချိုးပေးခဲ့တဲ့ သားကြီးကို ကျေးဇူးတင်လိုက်တာ

ကိုယ့်စိတ်ဒုက္ခပေးခဲ့တဲ့ Dinn ကို ကျော်ဖြတ်နိုင်ခဲ့လို့လေ

ဒါပေမဲ့ သူ့လိုသမားဂုဏ်မရှိတဲ့ တယောက်ကို စာဘယ်လိုအရေးကောင်းကောင်း ကျမတို့ကတော့ ရီချင်တယ်

MawMaw Sun

လူတွေပြောနေကြတဲ့ ကလေးဆရာဝန်ကြီး တစ်ယောက်နဲ့ ကျမ House surgeon ဆင်းခဲ့ရတဲ့ ဘဝမှာလည်း ပြောစရာတွေ ရှိခဲ့တာပေါ့ရှင်..

အများကြီးမှ အများကြီးပဲ… 😅

ဇာတ်လမ်းရှုပ်မှာစိုးလို့ တောက်လျှောက်လည်း ဘာမှဝင်မရေးခဲ့ပေမယ့် ခုတော့ ရေးဦးမယ်.. 😅

အဲတုန်းက Child ကို Supple ထိလို့ ၆လနောက်ကျပြီးမှ House ဆင်းရတဲ့အချိန်ပေါ့လေ.. Part 2 တွေ ၁နှစ်ခွဲဖြစ်သွားလို့ House surgeon မရှိဘဲ Gap ဖြစ်နေရတဲ့ Batch.. သူ့ရဲ့ Ward ဆိုတော့လည်း Volunteer လာဆင်းတဲ့ House surgeon တွေလည်း အလုံအလောက်ရှိခဲ့တာပေါ့…

ပထမဆုံး Duty စဆင်းရတဲ့နေ့မှာတင် Conference room မှာ “Volunteer house surgeon တွေက ရှေ့ဆုံးမှာ လာထိုင်” “Supple House surgeon တွေ နောက်မှာ သွားထိုင်ကြ” ဆိုတာကနေ စခဲ့တာပေါ့..

အဲတုန်းကတော့ ခွဲခြားဆက်ဆံမယ်မှန်းမသိခဲ့ဘူးလေ ဒါပေမယ့် အဲ့ကနေ စ လိုက်တာဟာ ၃လလုံးလုံး ခေါင်းတောင် မဖော်နိုင်ပါဘူး.. 😆

Report ဖတ်ဖို့ အခန်းထဲဝင်ရတော့မယ့်အချိန်ဆိုရင် လောကကြီးမှာ စိတ်အညစ်ဆုံးလူသားများပေါ့..

Report ဖတ်ရင်း စာမေးရင် အကုန်လုံးကိုမေးနေရင်း “နင်တို့က Supple House Surgeon တွေ ဘာမှသိမှာမဟုတ်ဘူး.. ဖြေစရာမလိုဘူး.. ခေါင်းထဲ 💩 တွေပဲ ရှိတာ” ဆိုတာမျိုး (အမှန်က ကိုယ်တွေ Supple house တွေက အဲ့ပန်းရောင်စာအုပ်ကို ၆လလုံး ထုံးလိုကြေ ရေလိုနှောက် ကျက်ခဲ့ရတာပါ ဘယ်နားဘာရှိမှန်း အကုန်သိ 😆) ဒါပေမယ့် ဖြေစရာမလိုတော့လည်း ကောင်းတာပေါ့လေ..

$စကားမပြောရတော့ဘူးပေါ့..

အဲ့ဒီ သူ့ရဲ့ အခန်းထဲမှာတင် အစိုးရဝန်ထမ်းတွေရဲ့ ဩဇာတွေ အာဏာတွေ ဖားယားမှုတွေ ပြည့်နှက်နေတာ..

ဘေးက အစ်မတွေကလည်း ကော်ဖီဖျော်ပေး ရေနွေးငှဲ့ပေး.. လုပ်ပေးစရာမရှိရင် ဘေးက Printer ကို ဖုန်သုတ်ပေးနေကြတာပေါ့ရှင် (အခုတော့ သူတို့ ဘာလုပ်နေမှန်းမသိလို့ မှန်ကန်တဲ့လမ်းမှာလျှောက်နေလို့ စော်ကားမိရင် ဆောရီး)

အဲ့ကတည်းက အဲ့ဆရာကြီးက ဝန်ကြီး ဖုန်းလာရင် ဖားရတာ အမောပေါ့ ကိုယ်တွေရှေ့မှာတင် ဖုန်းချပြီးရင် ဝန်ကြီးကြောင့်သာ နင်တို့ဒီလို အဆင်ပြေတာ ဘလာဘလာ ဝန်ကြီးကြောင့်သာ ငါတို့ဘယ်လို ဘလာဘလာ ထားပါတော့ အသေးစိတ်တော့ မရေးပြတော့ဘူး..

ကျမနဲ့ အကြောင်းပဲ ဆက်ရရင် ပထမဆုံးနေ့ conference room မှာ နာမည်ခေါ်ပါတယ် “ထစမ်းပါဦး”ပေါ့.. “ဟိုတစ်လောက ဆေးရုံ anniversary မှာ သီချင်းလာဆိုတာ နင်လား”တဲ့… (ကျမကို Max က တစ်ဆင့်ဖိတ်လို့ သွားဆိုပါတယ် အခြားသောနာမည်ကြီး အဆိုတော်တွေ ဆရာဝန်အဆိုတော်တွေလည်း ပါပါတယ်) အဲဒီမှာ “နင့်နာမည်ကို ရှေ့ကနေ ဒေါက်တာ တပ်ခေါ်သွားတာ မလား”တဲ့

“ဟုတ်ပါတယ် ဒါပေမယ့် အဲဒါ သမီးမသိလိုက်ဘူး MC က သူ့ဟာသူ ဒေါက်တာတပ်ခေါ်လိုက်မိတာပါ” လို့ (MC က သူ့ဟာသူ ကိုယ်က ဆေးကျောင်းတက်နေတယ်ဆိုပြီး ဒေါက်တာတပ်လိုက်တာ ဖြစ်ပါမယ် ကိုယ်လည်းမသိလိုက်ပါဘူး ကိုယ်ခေါ်ခိုင်းတာလည်း မဟုတ်ပါဘူး၊ အဝေးကြီး ထိုင်နေတာ စင်ပေါ်က အဲလို ခေါ်လိုက်ပြီးချိန်မှ သွားတားလို့လည်း မရတော့ဘူးလေ 🥲 ဆရာဝန်လောကမှာက ဘွဲ့မရသေးရင် ဒေါက်တာပေးမတပ်ပါဘူး ဒါကို အပြင်လူက သိချင်သိမယ် သိချင်မှလည်း သိမှာပေါ့) အဲမှာ ကိုယ့်ကို အပီအပြင် ကြိတ်တော့တာပဲ 😅😆 လူတွေ အကုန်လုံးကြားထဲမှာ.

“နင်က အောင်မယ်လို့ရော နင့်ကိုယ်နင်ထင်နေတာလား” တို့ “ငါ့ Ward မှာ နင့်ကို completion မပေးရင် နင် ဘာတတ်နိုင်မယ်ထင်သလဲ နင် ဒေါက်တာဖြစ်ဦးမလား”တို့ “နင်စောင့်ကြည့်နေလိုက်”တို့ အစုံပါပဲ ဒါမှတ်မိသလောက်ပေါ့ 😅 စစချင်းကို “ဘာလဲဟ”ဖြစ်သွားတာ.. ပြန်မစွာခဲ့လို့ ခုချိန်နောင်တတောင်ရ 😆 ခုလိုချိန် ခုလိုပုံစံနဲ့သာဆို သူပြောသလို ငါ completion ရမှာမဟုတ် 🤣

(Celebrity မင်းသမီးတွေဆို သူနဲ့သိပ်တည့်တာဆိုတာမျိုးက ကိုယ်တော့မပါခဲ့ဘူး ကိုယ်လည်းမပါချင်ဘူး ရော်ကွံ 🤣)

နောက်တော့ ကြိတ်ခံလာရင်း တစ်ရက် မမိစန္ဒီ MTV ရိုက်ထားတဲ့ရက် ဆံပင်အနီနဲ့ဆိုတော့ လူနာမိဘတွေရှေ့မှာ ဆဲတာပေါ့ ဘယ်ပြောကောင်းမလဲ 😅😆 ဘေးက ကိုယ့်သူငယ်ချင်းဆံပင်ကိုပါ ရောကြိတ်တာ.. အဲ့ခေါင်းတွေကို လှန်လိုက်ရင် အောက်အထဲမှာ အခွံပဲရှိတယ်တို့ 💩 ပဲရှိတယ်တို့ စုံနေတာပါပဲ.. ကလေးမိဘတွေကိုရော မဆဲဘူးထင်လို့လား ကုတင်ပေါ် ခြေထောက်ကြီးကောက်တင်ပြီး မိုးမွှန်နေတာပဲ 😅

အဲ.. VIP Private room ထဲက patient ဆိုရင်တော့ သူက နောက်တစ်ယောက်လို ပြောင်းသွားတာပဲ..😅

ကိုယ်တွေဆို စာအုပ်လွှင့်ပစ်ရတာနဲ့ စုံပလုံနေအောင် ခံခဲ့ရတာ Teach you a lesson ရဲ့ ERPB နဲ့ တွေ့ရမှာ သူ 🤣

အသက်ကြီးလာလို့ Play therapist ဖြစ် Special educator ဖြစ်တော့ (၂၀၁၉ ခုနှစ် ပတ်ချာလည်ဖြစ်မယ် မမှတ်မိ) Australia က လာလုပ်တဲ့ Play နဲ့ပတ်သက်တဲ့ Seminar တစ်ခု အဲ့ဆေးရုံမှာ သွားတက်တော့ တွေ့ဖြစ်ခဲ့သေးတယ်..

သူက စင်ပေါ်တက်ပြီး Bully လုပ်မခံရဖို့ ကျောင်းသားတွေအတွက် Plan A Plan B ဘာညာသရကာတွေ တက်ဟောပြောနေတာမြင်ပြီး လက်ပိုက်ပြီး ပြုံးကြည့်ခဲ့မိသေးတယ်.. သူများတွေ လက်ခုပ်တီးတော့ လိုက်တောင်မတီးဖြစ်ခဲ့ဘူး..

House surgeon ဘဝမှာကတည်းက အစဆုံးမြင်ခဲ့ရတဲ့သူဆိုတော့ ဘယ်သူဘယ်လို ချီးကျူး နှာခေါင်းရှုံ့မိတာ ခုထိပဲ.. မကောင်းပြောကြတာမြင်လည်း ပြုံးမိတာပဲ.. 😅 ရုပ်ကြီးမြင်တိုင်း စိတ်ထဲ အကုသိုလ်လည်း ယူမိတာပေါ့..😆

တူတူကြိတ်ခံခဲ့ရတဲ့ House တူတူဆင်းတဲ့ ကိုယ့်သူငယ်ချင်းရဲ့ ကျေးဇူးတွေကြောင့်သာ နှစ်ယောက်လုံး ကောင်းကောင်းဖြတ်သန်းနိုင်ခဲ့တာ..

ခုတော့ လမ်းသွားလမ်းလာ Fb သုံးရင်းတောင် သူ့မျက်နှာကြီး မမြင်ချင်တော့လောက်အောင် ချဉ်…😅🤣

Nay Chi Lynn Lei


Comments

Leave a Reply

Your email address will not be published. Required fields are marked *

ဒီနေရာမှာနှိပ်ပါ