Category: Feature


  • ကျနော် မနေ့တနေ့က မြို့ထဲဘက် ခဏသွားရင်း ဘတ်စ်ကားပေါ်နဲ့ လမ်းဘေးပလပ်ဖောင်း တွေပေါ်မှာ မှတ်ပုံတင်ပြီးသား Sim Card တွေကို တစ်ခုကိုမှ မြန်မာငွေ တစ်ထောင်ကျပ်နဲ့ လိုက်လံရောင်းချနေကြတာကို တွေ့ခဲ့ရတယ်ဗျ…။ ကျနော်တို့ မြန်မာလူမျိုးဆိုတာကလည်း စျေးပေါပြီဆိုတာနဲ့ အရည်အသွေးဆိုတာကို လှည့်မကြည့်တော့ဘူး… အဲ့ဒီ့ Sim Card တွေကို ဝယ်လိုက်ကြတာဆိုတာ အုန်းအုန်းထပဲဗျို့…။ အဲ…ပြောချင်တဲ့ ပြဿနာက အခုမှစမှာပါ… ကျနော်ရန်ကုန်ပြန်ရောက်ကထဲက ကျနော့်သူငယ်ချင်းတစ်ယောက်ကို မဆက်သွယ်မိတာ ကြာနေလို့ဆိုပြီး ကျနော် ဖုန်းခေါ်လိုက်မိတယ်… သူ့ဘက်က ဖုန်းမကိုင်ဘူးဗျ… သုံးလေးခါ ကျနော်ဆက်ခေါ်တယ်…မကိုင်ဘူး…။ အဲဒါနဲ့ ကျနော်လည်း သူ့မိဘတွေဆီ ဖုန်းဆက်ကြည့်လိုက်တော့… သူ့အမေ ကျနော့်ကိုပြောလိုက်တဲ့စကားက… “သားရေ…သားသူငယ်ချင်း အန်တီ့သားကတော့ အင်းစိန်ထောင်ထဲကနေ အမှုရင်ဆိုင်နေရတာ ၆ လရှိပြီ… ဖုန်းလည်း အသိမ်းခံထားရတယ်…” တဲ့ဗျာ…။…

  • VPN အသုံးပြုလို့မရတဲ့ ပြဿနာ

    ပြည်တွင်းမှာလူသုံးများတဲ့ VPN အချို့ချိတ်ဆက်မရမှုတွေ ပြန်လည်ဖြစ်ပွား ယခုရက်ပိုင်းအတွင်းပြည်တွင်းမှာလူသုံးများတဲ့ VPN တွေချိတ်မရတဲ့ပြဿနာဖြစ်ပေါ်နေပြီးဒါဟာအချို့‌ သော VPN တွေအနေနဲ့ပိတ်ပင်ခံရတာဖြစ်နိုင်တယ်လို့နည်းပညာကျွမ်း ကျင်သူတွေက သုံးသပ်‌ ပြောပြပါတယ်။ Facebook မှာ VPN ချိတ်မရပေမယ့်အခြားသော TikTok,YouTube တို့ကဲ့သို့သော Social လူမှုကွန်ရက်တွေကတော့လွယ်လွယ်ကူကူအသုံး ပြုလို့ရနေသေးတယ်လို့လူမှု့ကွန် ရက်အသုံးပြုသူ User တွေကပြောပါတယ်။ “VPN ချိတ်မရဘူးဆိုတာကလူသုံးများတဲ့ VPN တွေပါ။လူအရမ်းအ သုံးများတဲ့ VPN တွေပေါ့လေ၊ဒါတွေကလူသုံးတာအရမ်းများလာတဲ့အခါပိတ်သွားတာမျိုးဖြစ်တတ်တယ်။တချို့ VPN တွေဆိုအပြီးပိတ်သွားတာမျိုးသုံးမရတာမျိုးရှိတတ်ပါတယ်။ ဒါပေမဲ့ Free VPN တွေကအများကြီးရှိတော့ တခုမရတခုချိတ်သုံးကြည့်ရမှာပါ။ VPN အား လုံးကိုလိုက်ပိတ်ဖို့ဆိုတာကမဖြစ်နိုင်ပါဘူး။ VPN အမျိုးအစားပေါင်းများစွာရှိနေပါတယ်”လို့ မြန်မာနိုင်ငံသားအိုင်တီနည်းပညာရှင်တယောက်က ပြောပါတယ်။ အခုလို VPN အများစုကိုအသုံးပြုလို့မရတာ VPN တွေအပိတ်ခံရတာဟာသိပ်စိုးရိမ်စရာမလိုဘဲ၊Google နဲ့ Play Store တွေမှာ…

  • ကျွန်တော်တို့ ဘယ်ခေတ်ကို ပြန်ရောက်နေလဲ

    “ကျွန်တော်တို့ ဘယ်ခေတ်ကို ပြန်ရောက်နေလဲ” လက်ရှိ မြန်မာနိုင်ငံဟာ လွန်ခဲ့တဲ့ ၁၉၆၄ ခုနှစ် က အခြေအနေကို ပြန်ရောက်နေပါတယ်။ ၁၉၆၄ ခုနှစ် ဧပြီလ (၉)ရက်နေ့မှာ စစ်တပ်ဟာ ပုဂ္ဂလိကလုပ်ငန်းရှင်တွေနဲ့ ပြည်သူတွေ ပိုင်တဲ့ အလုပ်ရုံ၊ စက်ရုံ၊ လုပ်ငန်းတွေ၊ ဆိုင်တွေ၊ ကားတွေအပါအဝင် ပစ္စည်းတွေ အားလုံးကို ပြည်သူပိုင် သိမ်းခဲ့တယ်။ ဒီဂယက်ကြောင့် ပြည်သူတွေ အတိဒုက္ခရောက်ခဲ့ပေမယ့် စစ်တပ်အရာရှိတွေ၊ လက်ပါးစေတွေကတော့ ခိုးထုတ်၊ စာရင်းဝှက်ကြပြီး ကြီးပွားချမ်းသာလာခဲ့ကြတယ်။ ၁၉၆၄ ခုနှစ် ပြည်သူပိုင် သိမ်းတဲ့ ဂယက်ဟာ တချိန်က အဖွံဖြိုးဆုံး နဲ့ အတိုးတက်ဆုံး ဖြစ်ခဲ့တဲ့ မြန်မာပြည်ကို အဆင်းရဲဆုံး ဖြစ်အောင် တွန်းပို့လိုက်ပါတော့တယ်။ ပြည်သူပိုင် သိမ်းရုံနဲ့တင် အားမရတဲ့ စစ်တပ်ဟာ ပြည်သူတွေ…

  • လင်ကြီး သေဆုံးကြောင်း ဆာတီဖီကိတ်

    “လင်ကြီး သေဆုံးကြောင်း ဆာတီဖီကိတ်” ဇူလိုင်လ ၁၇ ရက်နေ့က ဧရာဝတီ မြစ်ကြောင်းအတိုင်း ဗန်းမော်ကို ခဲယမ်းရိက္ခာပို့တဲ့ စစ်သင်္ဘောအုပ်စုနဲ့ လုံခြုံရေး ယူပေးနေတဲ့ ခွေးတပ်က ခြင်းကြားတွေကို MDY-PDF က တမုန်းကြိတ်လို့ စစ်ခွေးတွေ အတုံးအရုံး သေခဲ့ကြတာ မှတ်မိကြတယ်မလား? အဲ့ထဲမှာ သပိတ်ကျင်း အခြေစိုက် ခလရ (၁၄၈) က ငစနူတွေ အထိနာဆုံး ဖြစ်ခဲ့ပြီး တော်လှန်ရေးတပ်တွေက အတိအကျ မထုတ်ပြန်နိုင်ခဲ့တဲ့ ခွေးသေဝက်သေကောင်တွေကို နောက်လင်ရှာချင်တဲ့ ပေါက်ပြားမက ဆီဘူးခါပြီး ထုတ်ပြန်လာတယ်။ သူ့ခမျာ မှိုင်းဝေတို့ Ko Thet တို့လို လော်ဘီငနှိုက်ကောင်တွေတောင် နှိုက်မမြည်းချင်လောက်အောင် ရူပါက ချူချာလွန်းတော့လဲ နောက်လင်ရဖို့က “လင်ကြီး သေဆုံးကြောင်း ဆာတီဖီကိတ်” ပြဖို့က အရေးကြီးတယ်လေ.. ချဉ်ချဉ်တူးတူး…

  • ဘေကျင်းမှာ အသိအမှတ်ပြုမှုလိုချင်နေတဲ့ စစ်ကောင်စီခေါင်းဆောင်

    တရုတ်မှာကျင်းပတဲ့ စစ်ရေးပြအခမ်းအနားကိုရောက်နေတဲ့ အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင်ဟာ အခြားသော နိုင်ငံတွေက ခေါင်းဆောင်တွေကို လိုက်လံနှုတ်ဆက်နေတဲ့ ရုပ်သံတွေ စစ်တပ်ဝါဒဖြန့် လူမှုကွန်ရက်တွေက ဖြန့်ဝေနေကြပါတယ်။ နိုင်ငံခေါင်းဆောင်တွေစုဝေးပြီး ခေတ္တနားနေဖို့ စီစဉ်ပေးထားတဲ့နေရာမှာ စစ်ကောင်စီခေါင်းဆောင်က လိုက်လံ နှုတ်ဆက် တဲ့ ရုပ်သံအတိုတွေကို ဝါဒဖြန့် လူမှုကွန်ရက်ကတွေက ဖြန့်ဝေလာကြတာပါ။ ဒါကို နိုင်ငံတကာခေါင်းဆောင်တွေနဲ့ စစ်ကောင်စီခေါင်းဆောင်တို့ စကားလက်ဆုံကြတာ ၊ တွေ့ဆုံဆွေးနွေးကြတာ ဆိုပြီး စစ်တပ်ဝါဒဖြန့် လူမှုကွန်ရက်တွေက ဖြန့်ဝေတာကိုတွေ့ရပါတယ်။ ဘေကျင်းမှာကျင်းပတဲ့ ဒုတိယကမ္ဘာစစ်မှာ ဂျပန်တပ်တွေ လက်နက်ချမှု နှစ် ၈၀ ပြည့် အခမ်းအနား ကို တရုတ် ရဲ့မဟာမိတ်တွေဖြစ်တဲ့ ရုရှား သမ္မတ ပူတင် ၊ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအွန်း တို့ တက်ရောက်ကြပါတယ်။ အဲဒီပွဲမှာ မြန်မာစစ်ခေါင်းဆောင်ဟာ မြောက်ကိုရီးယားအာဏာရှင်ကင်မ်ဂျုံအွန်းနဲ့တွေ့ဆုံခွင့်ရတာကို ဝမ်းပန်းတသာ…