Category: Feature
-

မန္တလေး မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီးဆီ ဘုရားဖူးလာရင်း ဖြစ်သွားတဲ့ ဖိုက်တင်ပွဲ
စေတနာပျက်မှာစိုးလို့ အကြံပြုပါရစေ။ ကျွန်တော်တို့ ဘုရားဖူးသွားတဲ့အခါ ပန်း၊ ဆီမီးနဲ့ လှူဖွယ်ပစ္စည်းတွေကို ဘုရားအပြင်ကတည်းက ကြိုတင်ဝယ်ယူ ပြင်ဆင်သွားကြဖို့ တိုက်တွန်းချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ – စိတ်ကြည်နူးမှု အပြည့်ရစေဖို့: ဘုရားရင်ပြင်တော်ပေါ်ရောက်မှ ဈေးသည်တွေရဲ့ ဇွတ်အတင်းရောင်းချမှု၊ ဆွဲလားရမ်းလားလုပ်မှုတွေကြောင့် စိတ်အနှောက်အယှက်ဖြစ်ရရင် ရရမယ့်ကုသိုလ်ထက် ဒေါသအကုသိုလ်က အရင်ဦးသွားနိုင်ပါတယ်။ ဘာသာသာသနာ ဂုဏ်သိက္ခာအတွက်: တချို့သော ဈေးသည်တွေရဲ့ ယဉ်ကျေးမှုမရှိတဲ့ ရောင်းဝယ်မှုပုံစံတွေကြောင့် ဘုရားဖူးလာတဲ့ ပြည်တွင်း/ပြည်ပ ဧည့်သည်တွေအမြင်မှာ ငါတို့ဗုဒ္ဓဘာသာဝင်တွေရဲ့ ပုံရိပ်ကို ထိခိုက်စေနိုင်ပါတယ်။ အေးချမ်းစွာ ဝတ်ပြုနိုင်ဖို့: မိမိဘာသာ ကြိုတင်ပြင်ဆင်သွားရင် ဘယ်သူ့ကိုမှ အာရုံနောက်စရာမလိုဘဲ အေးအေးချမ်းချမ်းနဲ့ စိတ်တိုင်းကျ လှူဒါန်းပူဇော်နိုင်မှာ ဖြစ်ပါတယ်။ ဈေးသည်တွေရဲ့ စီးပွားရေးကို ပိတ်ပင်တာမဟုတ်ပေမဲ့ ယဉ်ကျေးပျူငှာမှုမရှိတဲ့ စနစ်ဆိုးတွေကို ကိုယ်တိုင်က ဝယ်ယူအားပေးခြင်းမပြုဘဲ ရှောင်ကြဉ်ခြင်းကသာ အကောင်းဆုံးဖြစ်ပါလိမ့်မယ်။ ဒါကြောင့်…
-

သေဒဏ်ကျခံနေရတဲ့သားက အမေတရားထိုင်ဖို့ ပေးလိုက်တဲ့ ဖျာလေးတစ်ချပ်
မေတ္တာနဲ့ရက်လုပ်ထားတဲ့ ဖျာလေးတစ်ချပ်နဲ့ အမေ့ရဲ့မျှော်လင့်ချက် ”အမေ တရားထိုင်ရင် သုံးဖို့… အမေ မေတ္တာပို့ အမျှဝေရင် ထိုင်ဖို့…” အသက် (၃၀) ကျော် သေဒဏ်ကျခံထားရတဲ့ သားဖြစ်သူက ထောင်ထဲကနေ သူကိုယ်တိုင် လက်နဲ့ယှက်လုပ်ပြီး ပေးလိုက်တဲ့ Handmade ကော်ဖီမစ်ဖျာလေး။ ဒီဖျာလေးပေါ်မှာ အမေထိုင်ပြီး ဆုတောင်းပေးတိုင်း သားဖြစ်သူရဲ့ မေတ္တာတွေကို အမေ ခံစားနေရမှာပါ။ နိုင်ကျဉ်းမိသားစုဝင်တစ်ဦးဖြစ်တဲ့ ဒီအမေကြီးဟာ အပြင်လောကမှာ ဈေးရောင်းရင်း ပင်ပင်ပန်းပန်း ရုန်းကန်နေရသူပါ။ အမေကြီး အားမရှိလို့ ဆေးထိုးပေးဖို့ တောင်းဆိုလာတဲ့အခါတိုင်းလည်း အနီးကပ်စောင့်ရှောက်ပြီး ဆရာဝန်နဲ့တိုင်ပင်ကာ လိုအပ်တဲ့ ဆေးဝါးကုသမှုတွေကို အကောင်းဆုံး ကူညီပေးလျက်ရှိပါတယ်။ ကျွန်တော်တို့ဟာ ဘေးကင်းလုံခြုံတဲ့ ပရဟိတမျိုးကိုပဲ ရွေးချယ်လုပ်ကိုင်နေတာမဟုတ်ဘဲ အခက်ခဲဆုံးအချိန်တွေကို ဖြတ်သန်းနေရတဲ့ နိုင်ကျဉ်းမိသားစုဝင်တွေနဲ့အတူ ထပ်တူနီးပါး ရုန်းကန်ရှင်သန်နေကြတာပါ။ အဖွဲ့လိုက်ဖြစ်စေ၊ တစ်ဦးချင်းဖြစ်စေ…
-

အက်ဆစ်နဲ့အပက်ခံရတဲ့ အမကြီး
အက်ဆစ်နဲ့အပက်ခံရတဲ့ အမကြီး ယနေ့ ခွဲစိတ်ခန်းကနေထွက်ပြီး အနံ့အသက်ကတော့မရှိတော့ပါဘူး တစ်ကိုယ်လုံးပတ်တီးအဖွေးသားနဲ့ စောင်ပါးလေးတော့ အုပ်ထားတာပေါ့ အမြန်ဆုံးသက်သာပျောက်ကင်းပါစေ ဗျာ လှိုင်သာယာဆေးရုံက ဆရာမတွေလည်း အကောင်းဆုံး ဂရုစိုက် ကုသပေးနေပါတယ် ခင်ဗျာ Source U Thet Paing မူရင်းပို့စ် မိန်းမကိုယ် အက်ဆစ်နဲ့ ပက်ခံရပြီး ဆိုးဆိုးရွားရွား အနံ့တွေထွက်နေတဲ့ အမျိုးသမီး (ရုပ်သံ) လောကကြီးထဲက လူတချို့ ယုတ်မာရိုင်းစိုင်းချက်တွေကတော့ နှိုင်းယှဉ်စရာ ဘာတစ်ခုမျှ မရှိလောက်အောင်ပါဘဲ။ ညှာတာရကောင်းမှန်းအသိ စာနာရကောင်းမှန်းမသိကိုယ်ချင်းစာစိတ်က ဗလာနတ္ထိ ဖြစ်နေကြပြီ 🥺 မိန်းမကိုယ်ကို အက်ဆစ်နဲ့ အပက်ခံရပြီး အနာများရင်းနေကာ အနံ့ဆိုးများထွက်နေသည့် လူနာအမျိုးသမီးတစ်ဦးကို ပုတုပရဟိတမှ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ပါတယ်။ ဘယ်သူကပက်ထားတယ်ဆိုတာ အတိကျမသိရသေးပါဘူး။ လှိုင်သာယာ၊ ၁၄ ရပ်ကွက်ထဲကလို့ သိရပါတယ်။ ဒီလိုလူမဆန်တဲ့ လုပ်ရပ်မျိုးက…
-
သူငယ်ချင်းနဲ့ ယောက်ျားဖြစ်သူတို့ Sex Chat ထားတာတွေ ပက်ပင်းတွေ့သွားတဲ့အမျိုးသမီး
သူငယ်ချင်းနဲ့ ယောက်ျားဖြစ်သူတို့ Sex Chat ထားတာကို မိန်းမဖြစ်သူသိသွား😲 သူငယ်ချင်းရဲ့ ယောက်ျားတစ်ယောက်ကိုတောင် မရှောင်နိုင်တော့ဘူး။ အတော်လေးကို စိတ်ပျက်စရာပါ တဏှာရာဂမီးတွေ တောက်လောင်နေပြီဆိုရင် အမှားအမှန် ဝေဖန်ပိုင်းခြားနိုင်တဲ့ အသိစိတ်တွေ ကင်းမဲ့သွားကြရော။ မူရင်း မိန်းကလေးရဲ့ ပို့စ် 👇 ကလေးမျက်နှာမှမထောက်ယောကျာ်းက ကိုယ့်မိန်းမရဲ့သူငယ်ချင်းအရင်းကြီး(ကလေးအမေ)နဲ့ဖောက်ပြန်ပြီး ဖောက်ပြန်တာမိသွားလို့ ကွာရှင်းခွင့်တောင်းတာကို မကွာရှင်းပေးလို့ ဒီလ်ိုတင်ရတာပါ တစ်ဖက်ကလည်းစည်းမရှိပဲ ယောကျာ်းမြင်တာနဲ့ခံချင်တဲ့ကြိုက်ကုန်းမ နင်တို့လို လူမှူရေးဖောက်ပြန်ပြီး ရွံစရာကောင်းတဲ့လုပ်ရပ်လုပ်တဲ့သူနဲ့ ငါဆက်ပီးလည်းမပတ်သက်ချင်ဘူး အခုလိုချပြတယ်ဆိုတာကလည်း နင်တို့ရဲ့ခွေးဇာတ်ခင်းတဲ့ဟာတွေကိုလူတွေကိုသ်ိစေချင်လို့ ကွာရှင်းခွင့်တောင်းတာကိုလည်း အချိန်ယူအုံးမယ်ဆိုပြီး ပြောနေလို့ အဲ့အချိန်ယူနေတဲ့အချိန်မှာလဲ ထပ်မဖောက်ပြန်ဘူး ဆိုတာမသေချာလို့တင်တာ မျက်စိရှေ့မှာမြင်လို့မေးတာတောင် လိမ်တာ ခုမပေါင်းတော့ဘူး ကိုယ့်ကွယ်ရာရောက်သွားပြီဆိုတော့ ပိုတောင်မယုံရတော့လို့ တင်တာ မကျေနပ်ရင်ကြိုက်တဲ့နေရာကရှင်း🙂 သူငယ်ချင်းဖြစ်သူကလည်းပြောရှာပါတယ် သူရင်လာဖွင့်လို့ လက်ခံစကားပြောပေးတာပါတဲ့🥹
-

လူသားစက်ရုပ်ကို ဗုဒ္ဓဘာသာ ဥပသကာအဖြစ် သွတ်သွင်း
တောင်ကိုရီးယားတွင် လူသားစက်ရုပ်ကို ဗုဒ္ဓဘာသာ ဥပသကာအဖြစ် သွတ်သွင်း တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့လယ်ရှိ ဂျိုဂယေး (Jogye) ဘုရားကျောင်းတွင် ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ထူးခြားသော သာသနာ့ဘောင်သွတ်သွင်းခြင်း အခမ်းအနားတစ်ရပ် ပြုလုပ်ခဲ့ကြောင်း ကိုရီးယားဒေသတွင်း သတင်းဌာနများက ဖော်ပြသည်။ ကိုရီးယားဗုဒ္ဓဘာသာ၏ ဂျိုဂယေးဂိုဏ်းကြီးက ကြီးမှူးကျင်းပသည့် အဆိုပါအခမ်းအနားတွင် အရပ် ၁၃၀ စင်တီမီတာရှိသော G1 ဟု အမည်ပေးထားသည့် လူသားစက်ရုပ်ကို “ဂါဘီ” (Gabi) ဟူသော အမည်ရ ဗုဒ္ဓဘာသာဝင်တစ်ဦးအဖြစ် လက်ခံခဲ့ခြင်းဖြစ်သည်။ ဤအခမ်းအနား၏ အထူးခြားဆုံးအချက်မှာ ဂျိုဂယေးဂိုဏ်းက စက်ရုပ်များအတွက် သီးသန့်ရည်ရွယ်၍ ပြုပြင်ပြင်ဆင်ထားသော “စက်ရုပ်ငါးပါးသီလ” ကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ စက်ရုပ်သီလ သက်ရှိသတ္တဝါတို့အား ညှဉ်းဆဲသတ်ဖြတ်ခြင်းမပြုရန်၊ အခြားသော စက်ရုပ်များနှင့် ပစ္စည်းဥစ္စာများကို ဖျက်ဆီးခြင်းမပြုရန်၊ လူသားများအား…