“ပညာရေး ဝေးသည်မရှိ” ဆောင်ပုဒ်ဖြင့် စတင်ခဲ့သော တက္ကသိုလ်အဝေးသင်များ စဖွင့်သည့်ကာလဖြစ်သည်။ ကျနော်တို့ အဖေခေတ်ကတော့ “စာပေးစာယူ” ဟု ခေါ်ကြကြောင်း မှတ်သားရသည်။ ရန်ကုန်မြို့၊ လှည်းတန်းတွင် တွေ့ရနိုင်သည့် ခေတ်ရေစီး ဖက်ရှင်များဖြင့် ကျောင်းသား ကျောင်းသူများကို အညာတွင်လည်း တွေ့ရပေမည်။ မိုဘိုင်းဖုန်း ကိုယ်စီ၊ အင်တာနက်နှင့် မစိမ်းသည့် မျိုးဆက်မို့ ဖက်ရှင်ကတော့ မြို့ကြီးပြကြီးအတိုင်းပင် ဖြစ်သည်။ စစ်ကျွန်ပညာရေးလား ဆိုရှယ်မီဒီယာများပေါ်တွင် ကျောင်းတက်သင့်၊ မတက်သင့်ကို ငြင်းခုန်နေကြသည်မှာ ကြာပေပြီ။ အချို့ကလည်း ‘စစ်ကျွန်ပညာရေး’ ဖြစ်သဖြင့် မတက်သင့်ဟု ဆိုကြသည်။ အချို့ကလည်း ‘တော်လှန်ရေး လုပ်ခဲ့ကြသည့် မျိုးဆက်များလည်း ထိုပညာရေးကပဲ ပေါက်ဖွားလာကြသည်’ ဟု ချေပကြသည်။ ‘ကလေးတွေ ပညာသင်ရမည့်အချိန် ပညာသင်သင့်သည်၊ ကလေးတွေ သူတို့ ကျင်လည်သင့်သည့် ပတ်ဝန်းကျင်တွင်…
စစ်ဘက်၊ အရပ်ဘက် အမြင်ကွဲပြားနေသည့် Starlink အင်တာနက် အသုံးပြုခွင့် တော်လှန်ရေးအင်အားစုအတွက် မြန်နှုန်းမြင့်ပြီး တောထဲတောင်ထဲတွင် တပ်ဆင်အသုံးပြုနိုင်သော Starlink အင်တာနက်သည် ဆက်သွယ်ရေး၊ ထောက်ပို့လုပ်ငန်းတို့အတွက် လွန်စွာအရေးပါသည်။ သို့ရာတွင် ၂၀၂၄ မှစ၍ လုံခြုံရေးစိုးရိမ်ချက်ဖြင့် Starlink အင်တာနက်အသုံးပြုခြင်းကို အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ၏ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)နှင့် အခြားသော တော်လှန်ရေးတပ်များက ကန့်သတ်လာခဲ့သည်။ PDF တိုက်ခိုက်သိမ်းပိုက်ထားသည့် မန္တလေးတိုင်း စဉ့်ကူးမြို့နယ်ရှိ ကျေးရွာတစ်ခုတွင် အောက်တိုဘာလ ၁၁ ရက်နေ့က Starlink စက် ဖြုတ်သိမ်းရန် ရောက်လာသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် စက်တပ်ဆင်အသုံးပြုနေသည့် ဒေသခံတို့ကြား အချေအတင်စကားများကာ ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့သည်။ ထိုဖြစ်စဉ်တွင် စည်းကမ်းချိုးဖောက်ပြီး အဆိုပါစက်တပ်ဆင်အသုံးပြုသူကို အရေးယူမည့်အပြင် အပြုအမူနှင့် ကျင့်ဝတ်ပိုင်းချိုးဖောက်သည့် တော်လှန်ရေးတပ်ဖွဲ့ဝင်များကို အရေးယူသွားမည်ဟု PDF…
အာရက္ခတပ်တော်(AA)နဲ့ မဟာမိတ်တပ်တွေ အပြီးသတ်သိမ်းပိုက်ထိုးစစ်ဆင်နေတဲ့ နတ်ရေကန် ဗျူဟာတိုက်ပွဲအကြောင်း ဒီတစ်ပါတ်ပြောပြပါမယ် ။ ရခိုင်ပြည်နယ်က အမ်းမြို့ နဲ့ မကွေးတိုင်းက ပဒါန်းမြို့ကို ဆက်သွယ်ထားတဲ့ အမ်း-ပဒါန်းလမ်းပေါ် ဗျူဟာမြောက်တည်နေရာဗျူဟာမြောက်တည်ရှိနေတာပါ။ ဒါကြောင့် နတ်ရေကန်ဗျူဟာက မကွေးတိုင်းရဲ့ ဝင်ပေါက်ဖြစ်သလို ရခိုင်ပြည်နယ် အမ်းကိုထိုးစစ်ဆင်ဖို့အတွက်ဆိုရင်လည်း အရေးကြီးတဲ့ နေရာဖြစ်ပါတယ် ။ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ)တည်ရှိခဲ့တဲ့ အမ်းမြို့ကို အာရက္ခတပ်တော် (AA )က ၂၀၂၄ခုနှစ် ဒီဇင်ဘာလ၂၀ရက်မှာ အပြီးသတ်သိမ်းယူခဲ့တာဖြစ်ပါတယ်။ အမ်းမြို့သိမ်းတိုက်ပွဲမှာ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်သောင်းထွန်းနဲ့တိုင်းဦးစီးချုပ်ဗိုလ်မှူးချုပ် ကျော်ကျော်သန်းအပြင် စစ်သုံ့ပန်းရာချီပြီး AAက ဖမ်းဆီးခဲ့ပါတယ်။ ဒါ့အပြင် စစ်သုံ့ပန်းဗိုလ်မှူးချုပ်တစ်ယောက်က အာဏာသိမ်းစစ် ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို လက်နက်ချဖို့တိုက်တွန်းတဲ့အထိ AAရဲ့ မြို့သိမ်းစစ်ဆင်ရေးတွေက အောင်မြင်ခဲ့ပါတယ်။ AA ကအမ်းမြို့သိမ်းတိုက်ပွဲကိုစက်တင်ဘာလ၂၆ ရက်မှာစတင်ခဲ့ပါတယ်။ သုံးလနီးပါကြာ ထိုးစစ်အတွင်း နပခ ရော၊…
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရဲ့ ချမ်းအေးလှတဲ့ မိုးတွင်းမနက်ခင်းတခုမှာ ပိတ်ဖြူစကိုခေါင်းပေါင်းပေါင်းထားတဲ့ အမျိုးသမီးငယ်တဦးဟာ ရင်ခွင်ထဲမှာ ရက်သားအရွယ်ပဲ ရှိပုံရတဲ့ ကလေးငယ်လေးကို ကျစ်ကျစ်ပါအောင် ပွေ့ထားရင်း မျက်ရည်တွေကျနေခဲ့တယ်။ ကလေးမိခင်ဟာ ဆုံးသွားရှာတဲ့ ရင်ခွင်ထဲက သူ့သားငယ်လေးအတွက် ယူကျူံးမရအောင် စိတ်ထိခိုက်နေခဲ့တာပါ။ ဘေးက မိန်းမဖော်လည်း ကလေးမိခင်လေးကိုဖေးမရင်း မျက်ရည်တွေဝဲနေခဲ့တယ်။ ကလေးနာရေး စီစဥ်ပေးဖို့ ရောက်လာတဲ့ ပရဟိတအသင်းသားတဦးက ကလေးအမေရဲ့ အသက်ကိုမေးတော့ ၂၄ ပဲ ရှိသေးတယ်လို့ ကလေးမိခင်က မျက်ရည်တွေနဲ့ဖြေတယ်။ ဘေးနားမှာလည်း မိန်းမဖော်တယောက်သာတွေ့လို့ ပရဟိတအသင်းဝင်က သူ့အဖေကောလို့ မေးလိုက်မိတယ်။ ကလေးမိခင်ငယ် ပြန်မဖြေနိုင်ရှာဘူး။ “အဖေ… ပါသွားတာ”လို့ ပြောရင်း ငိုနေတယ်။ ဘေးက အမျိုးသမီးက စုဆောင်းရေးဆွဲတာ ပါသွားတာလို့ ခပ်တိုးတိုးပြောပြတယ်။ ဘယ်ဘက်ကဆွဲတာပါသွားတာလဲလို့ ပြန်မေးတော့ ဘေးကအမျိုးသမီးက ခပ်တိုးတိုးသာဖြေခဲ့တာမို့ ရုပ်သံထဲမှာ…
အာဏာပိုင်က အလိုရှိလျှင် ဘယ်အရာမှ နောက်မတွန့်သူ၊ ဒီမိုကရေစီရေး လှုပ်ရှားသူများအပေါ် ကောက်ကျစ်သည့် နည်းပေါင်းစုံသုံးလျက် အသက်ရန်ရှာရန် ဝန်မလေးသူ ဦးခင်ရီက စစ်ကောင်စီ ထောက်တိုင်ပါတီတွင် ဥက္ကဋ္ဌရာထူး ရလျှင်ရချင်း ဘီလူးဆိုင်းတီး၍ ထွက်လာသည်။ ကြံ့ခိုင်ရေးပါတီဟု လူသိများသည့် စစ်တပ်ကျောထောက်နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) က သူ့ကို ခေါင်းဆောင်အဖြစ် အတည်ပြုပေးလိုက်သည့် နှစ်ရက်တာ နေပြည်တော်ညီလာခံအပြီး အောက်တိုဘာ ၅ သတင်းစာရှင်းလင်းပွဲတွင် ၎င်းက ယခုလို ကြုံးဝါးသည်။ “ကျွန်တော်တို့ လက်ထဲမှာ လက်နက်မရှိဘူး မှန်တယ်။ လက်နက်ရှိမှ တုံ့ပြန်လို့ရတာ မဟုတ်ဘူး။ ဒါ မိမိကိစ္စဆိုတော့ ကျွန်တော် အသေးစိတ်တော့ မပြောတော့ဘူး။ ကျွန်တော်တို့မှာ စီမံချက်တွေရှိတယ်” အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ထပ်မံအနိုင်ရသည့် ၂၀၂၀ ရွေးကောက်ပွဲမကျင်းပမီကတည်းက စစ်ခေါင်းဆောင်ကို…