စနိုက်ပါရိုင်ဖယ်ကို ကိုင်ထားပြီး ရန်သူ့လှုပ်ရှားမှုတွေကို စောင့်ကြည့်နေတဲ့ ဒီအမျိုးသမီးက ရဲဘော် အန်နာပါ။ သူက နိုင်ငံအနှံ့က တက္ကသိုလ်နဲ့ အခြေခံပညာကျောင်းတွေက ကျောင်းသားလူငယ်တွေ စုဖွဲ့ထားတဲ့ ပြည်သူ့တော်လှန်ရေးတပ်ဦး PRF ရဲ့ တပ်ဖွဲ့ဝင်တစ်ယောက် ဖြစ်ပါတယ်။

တော်လှန်ရေးအစမှာကတည်းက တိုက်ခိုက်ရေးရဲဘော်အဖြစ်ပဲ ရွေးချယ်ပါဝင်ခဲ့သူပါ။ ၂၀၂၅ နှစ်လယ်ပိုင်းက ချင်းပြည်နယ်ထဲမှာ ၆လကြာ စနိုက်ပါသင်တန်းတက်ပြီး စနိုက်ပါရဲဘော်တစ်ယောက် ဖြစ်လာပါတယ်။

ခုဆိုရင် မကွေးတိုင်းထဲမှာ စစ်ရေးလှုပ်ရှားနေတဲ့ ရဲဘော်အန်နာရဲ့ လှုပ်ရှားမှုတွေကို စစ်တပ်ဘက်က သတိထားလာပြီး တချို့ အချိန်တွေမှာ ပျူရွာတွေထဲကနေ အသံချဲ့စက်နဲ့ ဆဲဆိုခြိမ်းခြောက်တာတွေပါ ရှိလာပါတယ်။

သူရဲ့ ဇာတိက စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်ပါ။ ငယ်စဉ်ကတည်းက ပန်းချီဆွဲတာကို ဝါသနာ ပါတာကြောင့် ပန်းချီဆရာတစ်ယောက်ဖြစ်ဖို့ ရည်မှန်းခဲ့ပါတယ်။

အိပ်မက်က ပန်းချီ… အခု စနိုက်ပါသမားဖြစ်နေတဲ့ ရဲဘော်အန်နာရဲ့အကြောင်းကို မတ်လ ၈ ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာအမျိုးသမီးနေ့မှာ ဖော်ပြလိုက်ပါတယ်။

သတင်းနှင့်ရိုက်ကူး – မိုးဦး၊ တင်ဆက် – ဟန်လင်း

စနိုက်ပါရိုင်ဖယ်ကို ကိုင်ထားပြီး ရန်သူ့လှုပ်ရှားမှုတွေကို စောင့်ကြည့်နေတဲ့ ဒီအမျိုးသမီးက ရဲဘော် အန်နာပါ။ သူက နိုင်ငံအနှံ့က တက္ကသိုလ်နဲ့ အခြေခံပညာကျောင်းတွေက ကျောင်းသားလူငယ်တွေ စုဖွဲ့ထားတဲ့ ပြည်သူ့တော်လှန်ရေးတပ်ဦး PRF ရဲ့ တပ်ဖွဲ့ဝင်တစ်ယောက် ဖြစ်ပါတယ်။

စစ်အာဏာမသိမ်းခင်အထိ ကိုယ့်ရဲ့ ဝါသနာတွေ၊ ရည်မှန်းချက်တွေကို လိုက်စားနေတဲ့ လူငယ်တစ်ယောက်ပါ။ ဒါပေမယ့် အခုတော့ အဲ့ဒီအရာတွေကို စွန့်လွှတ်ပြီး အာဏာရှင်စစ်တပ်ကို အမျိုးသားတွေနဲ့ တန်းတူ လက်နက်ကိုင် တိုက်ပွဲဝင်နေတဲ့ အသက် ၂၃ နှစ်အရွယ် လူငယ်တစ်ယောက် ဖြစ်လာပါတယ်။

သူက “ရုပ်ပိုင်းဆိုင်ရာအရ အားနည်းတာတွေ ရှိနိုင်ပေမယ့် စိတ်ဓာတ်ပိုင်းမှာတော့ ဘယ်သူ့ထက်မှ မနည်းဘူး” လို့ ယုံကြည်ပြီး တိုက်ပွဲဝင်နေပါတယ်။

ဒီကနေ့ မတ်လ ၈ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့မှာ မကွေးတိုင်းအတွင်း စစ်ရေးလှုပ်ရှားနေတဲ့ ရဲဘော်အန်နာရဲ့အကြောင်း ဖော်ပြလိုက်ပါတယ်။

Mm News.xyz 2026 03 08 104411

Mm News.xyz 2026 03 08 104428

Mm News.xyz 2026 03 08 104443

Mm News.xyz 2026 03 08 104457

Mm News.xyz 2026 03 08 104513

Mm News.xyz 2026 03 08 104527

Mm News.xyz 2026 03 08 104541

Mm News.xyz 2026 03 08 104556

Mm News.xyz 2026 03 08 104610

Mm News.xyz 2026 03 08 104621

Mm News.xyz 2026 03 08 104629

Mm News.xyz 2026 03 08 104637

ဓာတ်ပုံ – မိုးဦး/ Myanmar Now


Leave a Reply

Your email address will not be published. Required fields are marked *