Category: Article


  • စစ်ခေါင်းဆောင်များ ဖမ်းဝရမ်းကို အကောင်အထည်ဖော်ရန် အင်တာပိုလ်နှင့် ချိတ်ဆက်မည် စစ်ခေါင်းဆောင်တွေအား ထုတ်ထားတဲ့ ဖမ်းဝရမ်းကို အကောင်အထည်ဖော်ဖို့ တရားရုံးကနေတဆင့် အပြည်ပြည်ဆိုင်ရာရဲတပ်ဖွဲ့ (အင်တာပိုလ်) နဲ့ ချိတ်ဆက်ဆောင်ရွက်သွားမယ်လို့ မြန်မာရိုဟင်ဂျာအဖွဲ့-ယူကေ BROUK တာဝန်ရှိသူက ပြောပါတယ်။ အာဂျင်တီးနားတရားရုံးက စစ်ခေါင်းဆောင်အပါအဝင် စစ်တပ်အရာရှိ ၂၂ ယောက်နဲ့ အရပ်သား ၃ ယောက်ကို ဖမ်းဝရမ်းထုတ်လိုက်ကြောင်း မြန်မာရိုဟင်ဂျာအဖွဲ့-ယူကေ (BROUK) က ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ ထုတ်ပြန်ခဲ့တာပါ။ အရပ်သား ၃ ယောက်စာရင်းထဲမှာ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဟောင်းဦးထင်ကျော်တို့ ပါဝင်ခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာအများအပြား လူမျိုးတုံးသတ်ဖြတ်ခံရတာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးခဲ့ရတဲ့အမှုအတွက် စစ်ခေါင်းဆောင်တွေကို အာဂျင်တီးနားတရားရုံးက ဖမ်းဝရမ်းထုတ်ခဲ့တာဖြစ်ပါတယ်။​ ဖမ်းဝရမ်းကို အကောင်အထည်ဖော်ဖို့ အပြည်ပြည်ဆိုင်ရာရဲတပ်ဖွဲ့ကနေတဆင့် နိုင်ငံတကာအစိုးရတွေနဲ့…

  • အတွက်မှားခဲ့ကြတဲ့ အာဏာသိမ်း စစ်ဗိုလ်ချုပ်များ

    အခု စစ်အာဏာသိမ်းတာ လေးနှစ်ပြည့်ပါပြီ။ စစ်အာဏာသိမ်းမှုကို ဘယ်သူတွေက အဓိက ဦးဆောင် အကောင်အထည် ဖော်ခဲ့ကြပါသလဲ။ အာဏာသိမ်းမှု လေးနှစ်အကြာမှာ ဒီလူတွေရဲ့ လားရာကရော ဘယ်လို ရှိပါလဲ။ စစ်အာဏာသိမ်းတာကို ပါဝင်ဦးဆောင် အကောင်အထည်ဖော်ရင်း ရာထူးတက်၊ လုပ်ပိုင်ခွင့်တိုးလိမ့်မယ်လို့ ဗိုလ်ချုပ်တွေက တွက်ခဲ့ကြပုံရပါတယ်။ အာဏာသိမ်း လေးနှစ်ကြာလာချိန်မှာ ပါဝင်ခဲ့တဲ့ ဗိုလ်ချုပ်တွေထဲက တချို့သာ စစ်တပ်မှာ ရာထူးတက်၊ နေရာမြဲခဲ့ကြပေမယ့် အများစုက ရာထူးက အနားပေးခံရတာ၊ စစ်တပ်က ထုတ်ပယ်ခံရတာ၊ ထောင်ချခံရတာ၊ တိုက်ပွဲမှာ သေသွားတဲ့အထိပါ ရှိလာခဲ့ပါပြီ။ ဒါကို ကြည့်ရင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သူ့အာဏာ တည်ဆောက်ရေးအတွက် အန္တရာယ်လို့ ယူဆရသူ မှန်သမျှကို ‘ဖြုတ်၊ ထုတ်၊ သတ်’ လုပ်ခဲ့တာပါ။ ဒါကြောင့် အာဏာသိမ်းရင် အမြတ်ထွက်မယ်လို့…

  • မြဝတီမြို့နယ်ရှိ ရွှေကုက္ကိုဒေသတွင် တရုတ်မင်းသား ဝမ်ရှင်း လူကုန်ကူးခံရသည့် သတင်းနှင့်အတူ ရွှေကုက္ကိုသတင်းသည် လည်း ဟိုလေးတကျော်ကျော် ဖြစ်လာခဲ့ပြန်သည်။ ရွှေကုက္ကိုအရေးအား အာဆီယံကပင် ဖြေရှင်းပေးရန် တရုတ်အစိုးရ တောင်းဆိုလာသလို ရွှေကုက္ကိုနှင့်အတူ နာမည်ကြီး လာသူမှာ နယ်ခြားစောင့်တပ် (BGF) ဗိုလ်မှူးချုပ် စောချစ်သူ ဖြစ်သည်။ ဗိုလ်မှူးချုပ် စောချစ်သူသည် ကရင်ပြည်နယ် နယ် ခြားစောင့်တပ်များ၏ အတွင်းရေးမှူးလည်း ဖြစ်သည်။ စောချစ်သူအား ယခုလို ကျော်ကြားလာစေရန် လမ်းပြပေးခဲ့သူမှာ ဗိုလ်ချုပ် မောင်မောင်အုန်းနှင့် စစ်ထောက်လှမ်းရေး ဟောင်းများပင်။ နိုင်ငံရေး စစ်ရေး လေ့လာသူ ကရင်တိုင်းရင်းသားတဦးက “ဗိုလ်ချစ်သူက အစက သူ့မှာ အဆက်အသွယ် မရှိဘူး။ ဗိုလ်ချုပ် မောင်မောင်အုန်းကနေ တရုတ်ပြည်ကို အလည်အပတ်ခရီးဆိုပြီး ခေါ်သွားပြီးမှ ဒီလူတွေနဲ့ မိတ်ဆက်ပေးတာ” ဟု…

  • ၃၇ မင်းကစတဲ့ ဇာတ်လမ်း

    “မင်းတို့မြို့က ဒလန်မြို့ပါကွာ” ဟု တခြားမြို့ရွာများသို့ ပြောင်းရွှေ့သွားကြသော ကျနော့်သူငယ်ချင်းများက ကျနော့်ကို ပြောလေ့ရှိကြသည်။ ၂၀၂၁ ခုနှစ် စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း “ဒလန်” ဟူသောစကားလုံး တကျော့ပြန် ခေတ်စား လာခဲ့သည်။ “ဒလန်” သည် စင်စစ်တော့ မြန်မာ့ရင်းမြစ် မဟုတ်။ ဟိန္ဒီရင်းမြစ်ဖြစ်သည်ဟု ခရီးဆောင်မြန်မာအဘိဓာန်တွင် ဆိုထား သည်။ ဟိန္ဒီအနေဖြင့်လည်း “ဒလန်” ဟူ၍သာခေါ်ဆိုပြီး မြန်မာအက္ခရာဖြင့်အသံဖလှယ်ကာ စာရေးရာတွင် “ဒလာလ်” ဟူ၍ ရေး လေ့ရှိသည်ဟု သိရသည်။ “ဒလန်” ၏အနက်က “တစုံတယောက်၏အကျိုးအတွက် အခြားသူကိုလှည့်ဖြား ၍ ဆောင် ရွက်ပေးသူ” ဟူ၏။ သို့သော် မြန်မာနိုင်ငံတွင်မူ “ဒလန်” ဟူသောစကားလုံးကို “သတင်းပေး” ဟူ၍ ကျယ်ကျယ်ပြန့်ပြန့် နားလည်ထားကြသည်။ ဒလန်မြို့တဲ့လား ကျနော့်မြို့အား “ဒလန်မြို့”…

  • ရေရှည်ပဋိပက္ခအထိ ဦးတည်နေတဲ့ ခေတ်သစ်ပျူစောထီး

    မြန်မာနိုင်ငံအလယ်ပိုင်း၊ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်က ဦးဝင်းနိုင် (အမည်လွှဲ)တို့ အင်မထီးရွာဟာ ၂၀၂၁ စစ်အာဏာသိမ်းပြီး တနှစ်တိတိပြည့်တဲ့နေ့ ၂၀၂၂ ဖေဖော်ဝါရီ ၁ ရက်ကစလို့ ကံဆိုးမိုးမှောင်ကျခဲ့ပါတယ်။ အဲဒီနေ့က စစ်တပ်နဲ့ရဲ အင်အား ၂၀ လောက်ရောက်လာပြီး စစ်အာဏာသိမ်းမှုကို လက်နက်ကိုင် ဆန့်ကျင်တိုက်ခိုက်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ် – PDF ရန်ကနေ ကာကွယ်ဖို့ဆိုကာ ရွာက အနည်းငယ်သော စစ်တပ်လိုလားသူတွေနဲ့ ပျူစောထီးစဖွဲ့ရာကနေ နောက်ပိုင်းမှာ ဆန္ဒရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အရွယ်ရောက်အမျိုးသားမှန်သမျှ ၁ အိမ် ၁ ယောက် မဖြစ်မနေမဲနှိုက်ပြီး ဝင်ရတယ်လို့ ဦးဝင်းနိုင်က ဆိုပါတယ်။ “အကြောင်းသင့်တဲ့လူတွေနဲ့ စဖွဲ့တယ်။ နောက်ပိုင်းကျ ကိုယ့်ဆန္ဒနဲ့ကိုယ် ဝင်ကြဆိုတော့ ဝင်မယ့်သူမရှိဘူး။ အဲဒီမှာ မဲမနှိုက်နေရ နှိုက်ခိုင်းပြီး ဝင်ခိုင်းတယ်။ မဲပေါက်တော့ တချို့လူတွေက…