Category: Article


  • တပ်မ ၇၇ တပ်မမှူး လက်နက်ချ အဖမ်းခံရခြင်း

    စစ်ကိုင်းတိုင်း၊ ပင်လည်ဘူး မြို့သိမ်းတိုက်ပွဲပြီးကတည်းက အင်းတော်ကို ဘယ်နေ့ သိမ်းပိုက်ရရှိနိုင်မလဲ စောင့်ကြည့်နေခဲ့မိသည်။ သို့သော် သတင်းထိန်းချုပ်မှု အားကောင်းသဖြင့် တိုက်ပွဲအခြေအနေကို တစွန်းတစမျှသာ ကြားခဲ့ရသည်။ အသေးစိတ် သိရှိနိုင်ခဲ့ခြင်း မရှိပေ။ သတင်းပေါက်ကြားမှုကြောင့် စစ်ကောင်စီဘက်က လေကြောင်းပစ်ကူပေး တိုက်ခိုက်မှု အပါအဝင် အခြား စစ်နည်းဗျူဟာ ပြောင်းလဲ၍ စစ်ကစားမှုများ မပြုလုပ်နိုင်စေရန် ရည်ရွယ်သည့်သဘော ဖြစ်မည်ထင်၏။ စစ်ကိုင်းတိုင်း အထက်ပိုင်း ပင်လည်ဘူးကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ဦးဆောင်သည့် တပ်များက သိမ်းပိုက်ပြီးနောက် အနီးပတ်ဝန်းကျင်က မြို့များ ထပ်မံ လက်လွှတ်ရမည်ကို စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်များ စိုးရိမ်ခဲ့ကြသည်။ ထို့ကြောင့် ပင်လည်ဘူးကို လက်လွှတ်ရပြီး ရက်ပိုင်းအကြာတွင် ဒုစစ်ခေါင်းဆောင် စိုးဝင်း ကိုယ်‌တိုင် ဝန်းသိုသို့ သွားခဲ့သည်။ ဝန်းသိုသည် ပင်လည်ဘူးနှင့် အင်းတော် အကြားတွင်ရှိပြီး…

  • ကောလာဟလနှင့် အတိတ်နိမိတ် ပျံ့နှံ့မှုများကို ဆင်ဆာဖြတ်တောက်သောနိုင်ငံတွင် မြန်မာပြည်သူများသည် ယခု နောက်ဆုံးကပ်ဆိုးသည် အစိုးရ အပြောင်းအလဲဖြစ်မည့် နိမိတ် ဟုတ်၊ မဟုတ် မေးခွန်းထုတ်နေကြသည်။ မတ်လ ၂၈ ရက်နေ့က ဖျက်အားပြင်း ငလျင်အကြား အခြေအနေ ဆိုးရွားနေချိန် သေရေးရှင်ရေး မေးခွန်းတခု ငလျင်နောက်ဆက်တွဲ ဖုန်လုံးများအကြား ထွက်ပေါ်နေဆဲ ဖြစ်သည်။ ယင်းမှာ ပြည်တွင်းစစ်ကြောင့် ဒုက္ခရောက်နေသောနိုင်ငံတွင် နောက်ထပ် စိတ်ဒဏ်ရာဖြစ်စေသည့် ပြတ်ရွေ့လွှာများ အပြင်းအထန် ပွတ်တိုက်မိပြီး ငလျင်လှုပ်ခြင်းသည် စစ်ကောင်စီ ကျဆုံးမည်နိမိတ် ဖြစ်နိုင်သလားဆိုသည့် မေးခွန်းဖြစ်သည်။ စစ်တပ်က နှစ် ၈၀ ပြည့် တော်လှန်ရေးနေ့ (စစ်တပ်အခေါ် တပ်မတော်‌နေ့) ကို ယခင် စစ်အုပ်စုက ရည်ရွယ်ချက်ရှိရှိ တည်ဆောက်ခဲ့သည့် မြို့တော်နေပြည်တော်တွင် စစ်ရေးပြချီတက်ပြီး နောက်တရက်၌ အနည်းဆုံး…

  • မြို့ပေါ်မှာ နေတိုင်း ‘ရေပေါ်ဆီ’ လား

    ၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းပြီးနောက် တအိအိပြိုဆင်းလာသော စစ်ရေးအခြေအနေကို ကာမိရန် စစ်ကောင်စီက စစ်မှုထမ်းဥပဒေကို အသက်ပြန်သွင်းပြီး ၂၀၂၄ ဖေဖော်ဝါရီတွင် စတင် အာဏာတည် ကျင့်သုံးလိုက်သည်။