နိုင်ငံရေးအရ ဖြေရှင်းဖို့ အသင့်ရှိကြောင်းနဲ့ ဒေသတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုစီမံကိန်းတွေကို အကျိုးတူပူးပေါင်းဖို့ လိုလာကြောင်း ထုတ်ပြန်ခဲ့တဲ့ အာရက္ခတပ်တော် AA ရဲ့ ကြေညာချက်ဟာ လက်တွေ့ကျတယ်လို့ နိုင်ငံရေးအကဲခတ်တွေက ပြောပါတယ်။ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာမှာ စတင်ခဲ့တဲ့ ရခိုင်ပြည်နယ်ထိုးစစ်ဟာ လက်ရှိမှာ အနောက်ပိုင်းတိုင်းစစ်ဌာ နချုပ်အပါအဝင် စစ်တပ်စခန်းတွေနဲ့ အုပ်ချုပ်ရေးဆိုင်ရာရုံးတွေရှိတဲ့ မြို့နယ်ပေါင်း ၁၄ မြို့နယ်ကို AA က ထိန်းချုပ်ပြီးနောက် ဒီဇင်ဘာ ၂၉ ရက်နေ့မှာ ရပ်တည်ချက်တစ်ရပ် အသိပေးလာတာပါ။ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် ULA/AA ဟာ ရခိုင်ပြည်သူတစ်ရပ်လုံးရဲ့ ထောက်ခံမှုနဲ့အတူ ဒေသတွင်းနေ လူမျိုးပေါင်းစုံရဲ့ အမျိုးသားတန်းတူရေး ဒေသတစ်ခုလုံး လွတ်မြောက်ရေးအတွက် လက်နက်ကိုင်တော်လှန်ရေးဆင်နွှဲနေတဲ့ နိုင်ငံရေးအဖွဲ့အစည်းလို့ ဆိုပါတယ်။ ၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းမှာ တရုတ်နိုင်ငံရဲ့ ကြားဝင်ညှိနှိုင်းမှုအရ တရုတ်-မြန်မာ နယ်စပ်တည်…
ဆီရီယား တွင် ဆယ်သုံး နှစ် အကြာ ပြည် တွင်း စစ်ကြီး ဖြစ်ပွားခဲ့ပြီး အာဆတ် အစိုးရ ပြုတ်ကျသွားခဲ့မှု သည် ကမ္ဘာအနှံ့ရှိ တော်လှန် တိုက်ပွဲ ဝင်နေသူ များကလည်း ငါတို့ အလှည့် ဘယ်တော့ လဲ ဟူသော အတွေးများ ဝင်လာကြသည်ဟု အစချီကာ တသီးပုဂ္ဂလိက အမေရိကန် နိုင်ငံခြား ဆက်ဆံရေး ကောင်စီ ဝက်ဆိုဒ် တွင် ပါရှိလာသည့် ဂျိုရှုဝါ ကလန်ဇစ်၏ “Could the Myanmar Junta Rapidly Collapse Like al-Assad?” ဆောင်းပါးမှ ကောက်နှုတ်တင်ပြသည်။ သုတေသီ အချိူ့က အာဏာသိမ်း စစ်တပ် ကို မဖြစ်မနေ တိုက်ပွဲ ဝင်နေသော မြန်မာ…
စစ်ခေါင်းဆောင် ချီးကျူးခဲ့တဲ့ ဧရာဝတီတိုင်းမှာ တော်လှန်ရေးတပ်တွေရဲ့ ထိုးစစ်အတွက် စစ်ကောင်စီ ခံစစ်ပြင်နိုင်မှာလား ရခိုင်ပြည်နယ်၊ ဂွမြို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်နိုင်လိုက်ပြီဆိုရင် စစ်ပွဲတွေဟာ ဧရာဝတီတိုင်းကို ရောက်ရှိလာနိုင်တယ်လို့ စစ်ရေးလေ့လာသုံးသပ်သူတွေက ခန့်မှန်းကြပါတယ်။ လက်ရှိ ဒီဇင်ဘာလ ၂၈ ရက် ညပိုင်းမှာလည်း AA က သူတို့ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ ဂွမြို့ကို သိမ်းပိုက်ရရှိပြီးဖြစ်တယ်လို့ သတင်းဌာနတွေမှာ ဖော်ပြနေကြပါတယ်။ တကယ်တမ်း ဧရာဝတီတိုင်းကို စစ်မီးကူးလာခဲ့မယ်ဆိုရင် စစ်ကောင်စီအနေနဲ့ လက်တွေ့မြေပြင်မှာ ခံစစ်ပြင်နိုင်တဲ့ စစ်သည်အင်အားလုံလောက်တဲ့အခြေအနေတောင်မရှိဘူးလို့ မြေပြင်သတင်းရင်းမြစ်တွေကဆိုပါတယ်။ “ AA က ဧရာဝတီထဲကို ဝင်လာမလား မဝင်လာဘူးလား မသေချာဘူး ။ တော်လှန်ရေးတပ်ဖွဲ့တွေဝင်လာတာကိုပဲ ကူညီမှာလည်း ဖြစ်နိုင်တယ်” လို့ စစ်ရေးလေ့လာသုံးသပ်သူတဦးကပြောပါတယ်။ ရခိုင်ပြည်နယ်နဲ့ ဧရာဝတီတိုင်း ထိစပ်နယ်မြေတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရှိနေပေမယ့် လှည့်ကင်းပတ်နိုင်တဲ့ အင်အားလောက်သာ…
တချိန်က ကျောက်ဆိုင် ကျောက်သား ကြီး အလား ခိုင်မာ တောင့်တင်းလှပေသည်ဟု ယူဆခံထားရသော မြန်မာ စစ်တပ်သည် ယခုအခါ အတွင်း လှိုက်စား မှု များ ဖြင့် ချိနဲ့ ယိမ်းယိုင်လာနေပြီ ဖြစ်သည်။ “ဖရဲသီး” ဟု ခေါ်ကြသည့် စစ်တပ်တွင်း စပိုင်များ၏ ကွန်ယက်သည် ကြီးမား ကျယ်ပြန့်လာနေသည်။ ထိုသို့ ကျယ်ပြန့်လာခြင်းမှာလည်း လူထု ကို ရန်သူ သဖွယ် ပြုမူ နေမှု များ ကြောင့် စစ်တပ် အတွင်း ဂုဏ်သိက္ခာ ဟူ၍မရှိတော့ပဲ ကျင့်ဝတ်၊ စာရိတ္တများများ ပျက်ပြား လာနေမှု ကို လက်မခံနိုင် ဟု ယူဆလာနေခြင်း၊ မိမိတို့ ဆက်၍ ရှင်သန် ရပ်တည် သွားလိုသည့် စိတ်ရင်း…
(၁) သူသည် သတင်းခေါင်းစဉ်ကို အဆုံးအထိ ဖတ်လိုက်ပြီးသောအခါ သတင်းကို ဆက်မဖတ်သေးဘဲ ခဏရပ်ထားလိုက်၏။ သူ့လက်တွေ ရုတ်တရက် ပူနွေးလာနေကြ၏။ သူက စိတ်ကိုတည်ငြိမ်အောင် ထိန်းကာ သတင်းကို အသေအချာ ဆက်ဖတ်ရလေသည်။ “ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံ တပ်မဟာ ၇ မာနယ်ပလောရှိ စစ်ကောင်စီ၏ ပွိုင့် ၉၁၃ စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) နှင့် ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့ (KNDO) ပူးပေါင်းတပ်များက ယမန်နေ့က တိုက်ခိုက်သိမ်းပိုက်လိုက်သည်ဟု ပြောခွင့်ရပုဂ္ဂိုလ် စောတောနီးက လွတ်လပ်သော ကရင်အမျိုးသားမီဒီယာသို့ ပြောဆိုသည်။” သူက သတင်းဆုံးသည်နှင့် သတင်းဓာတ်ပုံများကို စိတ်လှုပ်ရှားစွာဖြင့်ပင် လိုက်ကြည့်သည်။ သောင်ရင်းမြစ်ကမ်းစပ်မှ ရိုက်ထားသော မာနယ်ပလော သစ်ပင်တောတန်းများကို တွေ့ရ၏။ တချိန်က သူသည် သည်သောင်စပ်တွင် လမ်းလျှောက်ခဲ့ဖူးသည်။…