ပညာရေး ကျားဖြန့်” ဆိုတဲ့ စကားလုံးကို ကြားဖူးကြသလား။ အခုနှစ်မှာ ကိုယ့်ဘဝကို ပညာရေးနဲ့ မြှင့်တင်ပြီး လွတ်လပ်တဲ့ အနာဂတ်ကို တည်ဆောက်ချင်ကြတဲ့ ကျွန်တော်တို့ တိုင်းပြည်က လူငယ်တွေကြားမှာ ဒီကျားဖြန့်က အတော်လေး အမြစ်တွယ်နေပြီ။ မိဘတွေကလည်း သားသမီးတွေ သူများအောက် မကျို့ရအောင်၊ မျက်နှာမငယ်ရအောင်ဆိုပြီး ရှိစုမဲ့စုလေးကို ရောင်းချ၊ ပုံအောပြီး ပညာရေးဆိုတဲ့ ရင်းနှီးမြှုပ်နှံမှုကို လုပ်ကြတယ်။ ဒါပေမဲ့ တကယ့်လက်တွေ့မှာတော့ ပညာရေးဟာ ကုန်သွယ်မှု သက်သက်၊ လိမ်လည်မှု သက်သက် ဖြစ်လာနေတာကို ကျွန်တော် ရင်နာနာနဲ့ပဲ ထောက်ပြချင်ပါတယ်။ ပထမဆုံး ပြောချင်တာက နိုင်ငံတကာကျောင်း ဆိုတဲ့ ဆိုင်းဘုတ်တွေအကြောင်းပါ။ အခုနောက်ပိုင်း နိုင်ငံတကာကျောင်းဆိုတာ မှိုပေါက်သလို ပေါ်လာတယ်။ Cambridge တို့၊ IGCSE တို့ သင်မယ်ဆိုပြီး ကြော်ငြာကြတယ်။…
ကျောင်းတွေ နဲ့ စာသင်ခန်းတွေထဲမှာ အသက်သေဆုံးတဲ့အထိဖြစ်လာတဲ့ ကျောင်းသားချင်းအုပ်စုဖွဲ့ရန်ပွဲသတင်းတွေကို ကိုသက်နိုင်တစ်ယောက် နားနဲ့မဆန့်အောင် မကြာခဏကြားနေရပါတယ်။ကျောင်းသားမိဖတစ်ဦးမို့ အလုပ်လုပ်ရတာလည်း မဖြောင့်တော့ပါဘူး။ လူက အလုပ်ထဲမှာပေမယ့် စိတ်က သားဖြစ်သူရှိတဲ့ စာသင်ခန်းကိုပဲ ရောက်နေပါတယ်။ ကျောင်းတွေ နဲ့ စာသင်ခန်းတွေထဲမှာ အသက်သေဆုံးတဲ့အထိဖြစ်လာတဲ့ ကျောင်းသားချင်းအုပ်စုဖွဲ့ရန်ပွဲသတင်းတွေကို ကိုသက်နိုင်တစ်ယောက် နားနဲ့မဆန့်အောင် မကြာခဏကြားနေရပါတယ်။ကျောင်းသားမိဖတစ်ဦးမို့ အလုပ်လုပ်ရတာလည်း မဖြောင့်တော့ပါဘူး။ လူက အလုပ်ထဲမှာပေမယ့် စိတ်က သားဖြစ်သူရှိတဲ့ စာသင်ခန်းကိုပဲ ရောက်နေပါတယ်။ တစ်ဦးတည်းသော သားလေးကို ကျောင်းထားမိတာဟာ အန္တရာယ်စက်ကွင်းထဲကို ပို့မိနေပြီလားလို့ မကြာခဏတွေးနေမိတဲ့အထိ ကြီးစွာသော စိတ်ပူပန်မှုကို ဖြစ်စေပါတယ်။ ဇန်နဝါရီလဆန်းထဲမှာတော့ ငယ်ထိပ်မြွေပေါက်သလို ပြင်းတဲ့သတင်းဆိုးကကိုသက်နိုင်ဆီ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာပါတယ်။ ရန်ကုန်မြို့ကအထက်တန်းကျောင်းတစ်ကျောင်းမှာ တက်နေတဲ့ သားဖြစ်သူကို တခြားကျောင်းသားတွေက အုပ်စုဖွဲ့ရိုက်နှက်ခဲ့တာပါ။ တစ်ဦးတည်းသောသား အခုလို ရိုက်နှက်နှိက်စက်ခံရတဲ့ဖြစ်ရပ်က ကိုသက်နိုင်တို့ ဇနီးမောင်နှံကို…
ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ကြောင့် ၅ နှစ်ကျော် ရပ်နားခဲ့သည့် ဇာတ်သဘင် ဖျော်ဖြေရေးတို့ ယခုအခါ ရန်ကုန်၊ မန္တလေးနှင့် မြို့ကြီးအချို့တွင် ပွဲလမ်းသဘင်များ ခြိမ့်ခြိမ့်သဲ ကျင်းပကာ ပြန်လည် အသက်ဝင်လာသည်ကို တွေ့ရ၏။ မြန်မာနိုင်ငံ သဘင်အစည်းအရုံး ဥက္ကဋ္ဌ ဇာတ်မင်းသား ဖိုးချစ်ကိုယ်တိုင် “ပြန်လည်နိုးထ သဘင်ည” ဆိုကာ ရွေးကောက်ပွဲ ဒုတိယပိုင်းပြုလုပ်သည့် ဇန်နဝါရီ ၁၁ ရက်က မန္တလေးအမျိုးသား ကဇာတ်ရုံဝင်းအတွင်း ယာယီ ဇာတ်ရုံဆောက်ပြီး ကပြ ဖျော်ဖြေခဲ့ခြင်း ဖြစ်သည်။ ဇာတ်မင်းသား ဖိုးချစ်က စစ်အာဏာသိမ်းမှုအစောပိုင်း လူထုဆန္ဒပြပွဲများ၌ ပါဝင်ခဲ့သလို သဘင်အစည်းအရုံး ဥက္ကဋ္ဌ အဖြစ်မှ နုတ်ထွက်ခဲ့သော်လည်း ၂၀၂၂ ခုနှစ် နိုဝင်ဘာလကုန်ပိုင်းတွင် စစ်တပ်၏ဖမ်းဆီးထိန်းသိမ်းခံရပြီး ပြန်လည် လွတ်မြောက်ချိန် သဘင်အစည်းအရုံး ဥက္ကဋ္ဌတာဝန်…
“ရော့ . . . အဲဒီမှာ ပေါက်ပြားတွေကို ကိုင်၊ နင်တို့ သေတွင်းကို နင်တို့ တူးကြ” ဗိုလ်နဂါးက အမိန့်ပေးလိုက်သည်နှင့် ပေါက်ပြား၊ ပေါက်တူးများက အသက် ၁၆ နှစ်သာ ရှိသေးသော သမီးငယ် မဝါဝါ (အမည်လွှဲ)ကို ရင်ခွင်တွင်းထည့်ပွေ့ထားသည့် မိခင်ရှေ့သို့ အရှိန်နှင့် ပြုတ်ကျလာသည်။ BNRA လက်နက်တိုက် ပေါက်ကွဲမှုတွင် သံသယရှိသဖြင့် စက်တင်ဘာ ၂၁ ရက်၊ ၂၀၂၄ ခုနှစ်မှာ ဗိုလ်နဂါးက ပုလဲမြို့နယ်()ရွာမှ အသက် ၁၇ နှစ်အရွယ် မဇာဇာ(အမည်လွှဲ)၊ အသက် ၁၆ နှစ်အရွယ် မဝါဝါ(အမည်လွှဲ) အပါအဝင် မိသားစုဝင် ၆ ဦးကို ပွိုင့်ကုန်းစခန်း၌ ဖမ်းဆီးချုပ်နှောင်ထားခြင်း ဖြစ်သည်။ ရက် ၂၀ ခန့်…
မြသွဲ့သွဲ့ခိုင် သို့မဟုတ် နွေဦးတော်လှန်ရေးရဲ့ ပထမဦးဆုံးသူရဲကောင်း အာဏာသိမ်းမှုကို ငြိမ်းချမ်းစွာဆန့်ကျင်ခဲ့ကြသူတွေထဲမှာတဦးဖြစ်တဲ့ အသက် ၂၀ အရွယ် ဒသမတန်းကျောင်းသူ မမြသွဲ့သွဲ့ခိုင်ကိုစစ်တပ်က ပစ်ခတ်သတ်ဖြတ်ခဲ့တာ ဒီကနေ့ဆိုရင် ၅ နှစ်ပြည့်မြောက်ပြီဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ရက် စစ်တပ်က အာဏာသိမ်းအပြီး အာဏာရှင်ဆန့်ကျင်ရေးလူထုလှုပ်ရှားမှုကို အကြမ်းဖက်ဖြိုခွင်းရာမှာပထမဦးဆုံးကျဆုံးခဲ့တဲ့သူလည်းဖြစ်ပါတယ်။ စစ်တပ်က မဲစာရင်းအကြောင်းပြပြီးအာဏာသိမ်းတာကိုတနိုင်ငံလုံးက ငြိမ်းချမ်းစွာဆန့်ကျင်ကြတဲ့အထဲမှာ အစိုးရရုံးအဖွဲ့နဲ့ စစ်တပ်ဌာနချုပ်တည်ရှိတဲ့ နေပြည်တော်ဟာလည်း ကျန်ရစ်မနေခဲ့ပါဘူး။ စစ်အာဏာသိမ်းအပြီး ဖေဖော်ဝါရီလ ၈ ရက်မှာတော့ နေပြည်တော်က အာဏာသိမ်းမှုကို ငြိမ်းချမ်းစွာဆန့်ကျင်တဲ့သူတွေဟာ နေပြည်တော်က ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ရှိတဲ့ သပြေဝိုင်းအဝိုင်းကို ပိတ်ဆို့ခဲ့ကြပါတယ်။ ဆန္ဒပြသူတွေဟာ အဲဒီဗိုလ်ချုပ်ကြေးရုပ်ရှိတဲ့သပြေကုန်းအဝိုင်းကိုဖြတ်ပြီး ရုံးတက်ကြမယ့် နိုင်ငံဝန်ထမ်းတွေကို ရုံးမတက်ပဲ အာဏာဖီဆန်ကြဖို့တောင်းဆိုခဲ့ကြတာပါ။ ဖေဖော်ဝါရီလ ၉ ရက်မှာတော့ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့က ဆန္ဒပြသူတွေကို ရေကားတွေနဲ့ ထိုးပြီးရာဘာကျဉ်တွေနဲ့…