စစ်တပ်က သေနတ်လည်းကိုင်မယ် လွတ်တော်လည်းတက်မယ် အစိုးရလည်းလုပ်မယ် ဥပဒေလည်းပြုမယ် သယံဇာတလည်းရောင်းမယ် စီးပွာရေးလည်းလုပ်မယ်။

တကယ်တော့ မင်းအောင်လှိုင် စစ်တပ်ကိုယ်တိုင်က ပြည်သူအားလုံး မဖြစ်မနေ တော်လှန်ရေးထဲ ပါ၀င်လာအောင် စည်းရုံးနှိုးဆော်ပေးနေတာ အကြိမ်းကြိမ်အခါခါပါပဲ ၊

ငြိမ်းချမ်းစွာဆန္ဒ ဖော်ထုတ်နေတဲ့ ပြည်သူကို ခေတ်ပြောင်းအောင် ခေါင်းတည့်တည့် ပစ်ခဲ့ကြတယ် ၊ ဒီရက်စက်မှု ကြောင့်ပဲလူငယ်တွေ လက်နက်ကိုင်တော်လှန်ဖို့ ဆုံးဖြတ်ချက်ခိုင်မာအောင် စစ်တပ်က တွန်းပို့ပေးလိုက်တာပဲ ၊

လူထုတော်လှန်ရေးကို တန်ပြန်တော်လှန်ဖို့ စစ်တပ်က ပျူစောထီ ပြည်သူစစ်ဖွဲ့တယ် အဲဒါက မဘသ ဘုန်းကြီးတွေနဲ့ စစ်တပ်ဘောမ ကြံဖွတ်တွေပဲလုပ်ကြတာ ကျေးရွာနေပြည်သူတွေအပေါ် အကြမ်းဖက်မှု အနိုင်ကျင့်မှု ရွာလုံးကျွတ် မီးရှို့ဖျက်စီတာတွေ လုပ်ကြတယ် တော်လှန်ရေးပြည်သူတွေက နာကျည်းချက်များ လာလေလေ တော်လှန်ရေးပိုပိုတိုး အားစိုက်တော်လှန်လာလေပဲ ၊

ကျေးရွာတွေမှာ အဲဒီလို အကြမ်းဖက်ခံနေရချိန် ရွာပေါင်း ၂၀၀ ကျော် ရွာလုံးကျွတ် မီးလောင်ပြာကျတဲ့အထိ မြို့ပေါ်မှာ သိမ့်ပြီလှုပ်လှုပ်ရှာရှာ မဖြစ်ကြသေဘူ

ဟော…. နောက်တဆင့် နာကျည်းချက်များလာတဲ့ တော်လှန်ပြည်သူကို စစ်တပ် ပျူစောထီ ကြီးပဲ မယှဉ်နိုင်တော့တဲ့အခါ …. မြို့ပေါ်နေ ပြည်သူတွေကိုပါ တော်လှန်ရေးပါလာအောင် စစ်တပ်က တွန်းအားပေးနှိုးဆော် ပေးလိုက်သလိုပဲ မဖြစ်မနေ စစ်မှုထမ်းရမယ်ဆိုပြီ လုပ်လာပါတယ် ပြည်သူကို ပြည်သူချင်း တိုက်ခိုင်းတဲ့ အကြံစည်ပေါ ဒါပေမဲ့ မင်းအောင်လှိုင်စစ်တပ် ‌အကြံစည်အောင်မြင်တယ် ၊

‌စစ်မှုထမ်း ပြည်သူချင်းပြန် မတိုက်ချင်ရင် တော်လှန်ရေးဘက်ကို ပုံအောအားစိုက်မယ် ထင်မိသော်လည်း မဟုတ်ခဲ့ပါဘူ ၊ ငွေးကြေးပိုက်ဆံသက်နိုင်သူ လူချမ်းသာများက စစ်မှုထမ်းရှောင်ဖို့အတွက် ပိုက်ဆံပုံအောလဘ်ထိုးပြီ နိုင်ငံခြားထွက်ပို အားစိုက်ကြပါတယ် ၊ စစ်တပ်ကတော့ စစ်မှုထမ်းစီမံကိန်းမှာ နှစ်ခါပြန်အကျိုးရှိခဲ့တယ် လူချမ်းသာတွေစီက လဘ်ငွေယူတယ် နိုင်ငံခြားထွက်သွားကြတဒ့ လူချမ်းသာတွေကိုစာ လူဆင်းရဲတွေကို စစ်မှုထမ်းပိုခေါ်တယ် ပေါ်တာဆွဲဖမ်းတယ် လူဦးရေကိုတော့ သူတို့လိုချင်တဲ့ သက်မှတ်ချက်ပြည့်အောင် ဖမ်းတယ်၊ လူချမ်းသာတွေစီက ပိုက်ဆံယူတယ် နှစ်ခါပြန်အကျိုးရှ်သွားတယ် ၊ ၊

အခုဆို မြို့ပေါ်မှာလည်း ဖမ်းစရာ လူဆင်းရဲ စစ်မှုထမ်းအရွယ်တွေ ကုန်သလောက်ဖြစ်သွားပြီ ၊ ‌ဟန်ရေးပြ ကျောင်းသားတွေနဲ့ စစ်အာဏာရှင်တို့ရဲ့ လက်ကိုင်ဒုတ် ၀န်ထမ်းသားသမီးတွေပဲ ကျန်တော့တယ် ၊ ၊

အဲဒီတော့ နိုင်ငံခြားထွက်ပို ပြင်ဆင်ကြိုးပမ်းနေ နေကြသူတွေကို နိုင်ငံခြားထွက်ခွင့် ပိတ်လိုက်တယ် ၊ လဘ်ထိုး နိုင်ငံခြားရောက်သွားကြသူတွေကို ပြန်ခေါ်ဖို့အတွက် PASSPOART တွေကို သပ်တမ်းတိုးခွင့် ကန့်သတ်ပိတ်ပင်လိုက်တယ် ၊ passpoart သက်တမ်းတိုးချင်ရင် မြန်မာပြည်ပြန်လာရမယ် စစ်မှုမထမ်းရသေသူတွေကို Passpoart ပိတ်မယ် ပြန်ပေးမထွက်တော့ဘူ ၊

ကဲ…. အခု ရှောပြေးလို့ရော ဘယ်သူလွတ်နိုင်သေလဲ??? ၊

လူတချို့မျှော်လင့်သလို နွေဦးတော်လှန်ရေး ရပ်ဆိုင်းသွားရင်တောင် ပြည်တွင်းစစ်က ပြီးမာ်ထင်သလာ ??

မြန်မာပြည်မှာ အာဏာရှင်စစ်တပ်ရှိသေသ၍ ပြည်တွင်းစစ်ဘယ်တော့မှ မပြီးဘူ ၊ တိုင်းရင်းသား ပြည်နယ်တွေမှာ ပြည်တွင်းစစ်က ကမ္ဘာတည်သ၍ဆက်ရှိနေမှာပဲ ၊

အဲဒီတော့ အနေသာအောင် တော်လှန်ရေးထဲ မပါ၀င်ပဲ ရှောင်ဖယ်ပြေးလည်းပဲ အာဏာရှင်စစ်တပ်အတွက်အလှည့်ကျ သေပေးနေကြရမှာပဲ ၊

ဘယ်သူမှပြေးလို့ မလွတ်မြောက်တော့တဲ့ အခြေနေမှာ အားလုံး တက်ညီရုန်းထ ပြိုင်တူတော်လှန်လိုက်ကြရင် …..,

နောင်အခါဂါတ်မှာ သင်တို့ မျိုးဆက်သစ်တွေ
ဘ၀ အေးချမ်းသာယာ ပြီးပြည့်စုံ လုံခြုံတဲ့ တိုင်ပြည်မှာ စိတ်ချလက်ချ ထားရစ်ခဲနိုင်မယ်

ဒီတော်လှန်ရေး အောင်မြင်မှ အားလုံးလွတ်မြောက်ကြမှာမို့ တာ၀န်အသိစိတ်ဖြင့် ပြိုင်တူရုန်းကြစို့💪💪💪။

✍️နောင်နောင်


Leave a Reply

Your email address will not be published. Required fields are marked *