တိုင်းရေးပြည်ရာ အပြောင်းအလဲ မြန်ဆန်တတ်မှုနဲ့ ပတ်သက်လို့ ပြောဆိုလေ့ရှိတဲ့ စကားတခွန်း ရှိတယ်။ ကြက်ဥအရောင် တိမ်တောင်သဖွယ် မင်းရေးကျယ်…တဲ့။ ကမ္ဘာကြီးကို လှမ်းကြည့်လိုက်တဲ့ခါ ၂၀၂၆ ဟာ ၂၀၂၅ နဲ့မတူ ချက်ချင်းဆိုသလို ပြောင်းလဲသွားတယ်။ ဘယ်သူထင်မလဲ။ အမေရိကန်က ဗင်နီဇွဲလားခေါင်းဆောင် အာဏာရှင် မာဒူရိုကို ဒီလိုနည်းလမ်းနဲ့ ဖယ်ရှားပစ်လိမ့်မယ်လို့။ ဘယ်သူထင်မလဲ။ ဒေါ်နယ်ထရမ့် အစိုးရက ဗင်နီဇွဲလားကို စစ်ရေးအရ ဝင်ရောက်စီးနင်းပြီး အစိုးရအဖွဲ့ အပြောင်းအလဲ (Regime change) ပြုလုပ်လိမ့်မယ်လို့ ထင်မလဲ။ နိုင်ငံရေး အလှည့်အပြောင်းတွေဟာ မထင်မှတ်ချိန်မှာ မထင်မှတ်သလို ပြောင်းလဲ သွားတတ်တယ်။ ဘယ်အရာမှ ပုံသေမရှိ။ ဗင်နီဇွဲလား ကိစ္စကတော့ ရှင်းတယ်။ မာဒူရိုကို ဝင်ရောက်မဖမ်းဆီးခင် လအတန်ကြာကတည်းက ထရမ့်အစိုးရက ဝိုင်းပတ် ပိတ်ဆို့ထားတာ။ ကာရစ်ဘီယံ…
ပြီးခဲ့တဲ့ ဆယ်စုနှစ်တစ်ခုအတွင်း လုပ်ငန်းရှင်နိုင်ငံရေးသမား ဒေါက်တာသက်သက်ခိုင်ရဲ့နိုင်ငံရေးက ရိုလာကိုစတာစီးနေရသလို အတက်အကျ၊ အနိမ့်အမြင့် များလှပါတယ်။ နိုင်ငံသိအမျိုးသမီးလုပ်ငန်းရှင်အဖြစ်ကနေ ပြည်သူထောက်ခံမှုကြီးတဲ့ပါတီရဲ့အမတ်တစ်ဦးအဖြစ် ၂၀၁၅ ကာလတွေမှာ မျက်နှာသစ်နိုင်ငံရေးသမားရဲ့ အစခရီးက ချောချောမွေ့မွေ့ပါပဲ။ လွှတ်တော်သက်တမ်းတစ်ခုမကုန်ဆုံးခင်မှာပဲ NLD နဲ့လမ်းခွဲပြီး ပါတီသစ်တစ်ခု ထူထောင်လိုက်တာက သူ့ရဲ့ နိုင်ငံရေးခယောင်းလမ်းအစပျိုးကာလတွေ ဖြစ်ခဲ့ပါတယ်။ ၂၀၂၁ အာဏာသိမ်းစစ်ကောင်စီရဲ့ ဝန်ကြီးနေရာလက်ခံမှုအပြီး ဝေဖန်မှုတွေ ပြင်းပြင်းထန်ထန်ခံခဲ့ရပေမဲ့ ဒေါ်သက်သက်ခိုင်က သူ့လမ်းကို မယိမ်းမယိုင်ဆက်လျှောက်ခဲ့ပါတယ်။ ၂၀၂၅ အထွေထွေရွေးကောက်ပွဲမှာ ဝင်ပြိုင်ဖို့ တားမြစ်ခံရချိန်မှာတော့ ဒေါက်တာသက်သက်ခိုင် တစ်ယောက် နိုင်ငံရေးအပေါ် သူ့ရဲ့ဆုံးဖြတ်တွက်ချက်မှုတွေကို ပြန်လည် မေးခွန်းထုတ်ကောင်းထုတ်နေခဲ့ပါလိမ့်မယ်။ ဒါပေမဲ့ သူ့အတွက် နိုင်ငံရေးလောကဓံက မပြီးသေးပါဘူး။ ရေကြည်အိုင်မှာ တစ်ညတာ ဒေါ်သက်သက်ခိုင်ကို စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်ရုံး(စရခ)တာဝန်ရှိသူတွေ ဇန်နဝါရီ ၁၃ ရက်မှာ ခေါ်ယူစစ်ဆေးတဲ့အကြောင်းက နိုင်ငံရေးလောကမှာ စိတ်ဝင်စားစရာ…
ရန်ကုန် သို့မဟုတ် မန္တလေးမြို့လယ်တွင် လမ်းလျှောက်ထွက်လာပါက ဘုန်းကြီးများ နောက်ဆုံးပေါ် မာစီဒီးများ သို့မဟုတ် ဘန်တလေ ဇိမ်ခံကားများဖြင့် သွားလာနေသည်ကို တွေ့ရသည့် မြင်ကွင်းကြောင့် မှင်တက်မိသွားနိုင်သည်။ သို့သော် မအံ့သြပါနှင့်။ ထိုမြင်ကွင်းသည် အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာမှ မြင်ကွင်းဖြစ်သည်။ ဗိုလ်ချုပ်များသည် ဗုဒ္ဓဘာသာကို ကိုးကွယ်ဆည်းကပ်ကြောင်း ပြသလာပြီး ထိုသို့ ပြသရာတွင် ကူညီသည့် ဘုန်းကြီးများကို ပူဇော်နေသောကြောင် စစ်ကောင်စီကို ထောက်ခံသော ဘုန်းကြီးများ၏ လာဘ်လာဘသည် ၎င်းတို့၏ သြဇာနှင့်အတူ တိုးလာသည်။ သို့သော် ထိုအခွင့်ထူးခံ အလှူခံစားသူများသည် အများပြည်သူဝေဖန်မှုကို ပိုမိုခံလာရပြီး “ဆယ်လီဘုန်းကြီး” နှင့် “ခရိုနီဘုန်းကြီး” စသည့် ဘွဲ့ထူးဂုဏ်ထူးများရခဲ့ပြီး ပြည်သူလူထု သပိတ်မှောက်ရမည့် ပစ်မှတ်များ ဖြစ်လာကြသည်။ စစ်အာဏာသိမ်းမှုကို လူသိရှင်ကြားထောက်ခံပြီး စစ်ကောင်စီ၏ တနိုင်ငံလုံးမှ အကြမ်းဖက်မှုများနှင့်…
ဘန်ကောက်မြို့မှာ ပေါက်ကိုယ်တော်နဲ့ ထိုင်းနှုတ်ခမ်းမွှေးတွေ့ဆုံမှုအပြီး မှာ စစ်အုပ်စုနဲ့ ပေါက်ကိုယ်တော်ပူးပေါင်းပြီး ထိုင်းရောက်မြန်မာတွေကို မကြံစည်သင့် ၊မလုပ်သင့်တဲ့လုပ်ရပ်တွေနဲ့ ဒုက္ခပေးဖို့ကြံစည်နေကြပါပြီ ။ ပြီးခဲ့တဲ့ ၄နှစ်ကျော်လုံး လက်နက်ကိုင်တွေခြံရံပြီး မန္တလေးတိုင်းမှာ စစ်တပ်အတွက်ကူတိုက်ပေးမယ့် ပျူစောထီးတွေမွေးထုတ်ပြီး တော်လှန်ရေးအင်အားစုတွေ နဲ့ ပြည်သူတွေကိုတိုက်ခိုက်သတ်ဖြတ်ဖို့ လှုံ့ဆော်နေတဲ့ ပျူခေါင်းဆောင် သင်္ဃန်းဝတ်ပေါက်ကိုယ်တော်က ထိုင်းရောက်မြန်မာတွေထဲက နွေဦးတော်လှန်ရေးတက်ကြွစွာပါဝင်တဲ့ မြန်မာတွေအပေါ် ဖိနှိပ်နေတဲ့ ထိုင်းနှုတ်ခမ်းမွှေးကို ပြီးခဲ့တဲ့ စက်တင်ဘာ ဒုတိယပတ်က ထိုင်းနိုင်ငံမြို့တော်ဘန်ကောက်မှာ သွားရောက်တွေ့ဆုံခဲ့တာဖြစ်ပါတယ်။ ပေါက်ကိုယ်တော်ရဲ့အစီအစဉ်ဟာ ထိုင်းနိုင်ငံမှာရှိနေတဲ့ ထောက်ပို့တွေ၊ နွေဦးတော်လှန်ရေးတက်ကြွစွာပါဝင်သူတွေကို နှိမ်နှင်းဖို့ ထိုင်းနှုတ်ခမ်းမွှေးကို လာတွေ့တာလို့ ထိုင်းရောက်မြန်မာလုပ်သားအရေးကူညီဆောင်ရွက်သူတွေက သုံးသပ်ပါတယ်။ သူတို့သုံးသပ်တဲ့အတိုင်းပဲ ပေါက်ကိုယ်တော်က အကောင်အထည် စတင်ဖော်နေပါပြီ။ အဲဒါက ပေါက်ကိုယ်တော်ဟာ ပျူစောထီးအဖွဲ့ဝင် လူငယ်အချို့ကို ဘန်ကောက်မြို့တော်ကိုစေလွှတ်ပြီး မြန်မာတွေအများဆုံးရှိတဲ့နေရာတွေမှာ ပြဿနာရှာဖို့ ဖြစ်ပါတယ်။ ပေါက်ကိုယ်တော်က…
ပဲခူးတိုင်းအရှေ့ပိုင်း၊ တောကျွဲအင်းမြို့တွင် စစ်တပ် အခြေစိုက်နေရာများကို ပြီးခဲ့သည့် ဇန်နဝါရီလ ၉ ရက်နေ့ နံနက်က တိုက်ခိုက်ခံရပြီးနောက် လေကြောင်းဗုံးကြဲမှုကြောင့် ရန်ကုန်-မန္တလေး ရထားလမ်း ပျက်စီးခဲ့သဖြင့် ခရီးစဉ်များ ဖျက်သိမ်းခဲ့ရပြီး ယမန်နေ့မှစတင်ကာ ပြန်လည်ပြေးဆွဲနေပြီဖြစ်ကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၈ ရက်နေ့ညက အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံတပ်များက ဦးဆောင်ကာ အောင်မြင်စစ်ဆင်ရေးအမည်ဖြင့် ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်ရှိ ကျောက်တံခါးမြို့နယ် တောကျွဲအင်းမြို့ (အောင်မြင်မြို့) ၊ အုတ်တွင်းမြို့နယ် ညောင်ခြေထောက် နှင့် ကျွဲပွဲကြား စည်ပင်သာကျေးရွာရှိ စစ်တပ်ဂိတ်စခန်း၊ ကျောက်တံခါးမြို့နယ် သာယာကုန်းမြို့၊ မီးရထားလမ်းတံတားရှိ စစ်တပ် ကင်းစခန်း အပါအဝင် စစ်တပ် စခန်း ၁၄ ခုကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြသည်။ တောကျွဲအင်းဘူတာအနီး တိုက်လေယာဉ်ဖြင့် ဗုံးလာကြဲခဲ့၍ ရထားလမ်းနှစ်ခုဝန်းကျင်၌ ဗုံးကျရောက် ပေါက်ကွဲကာ…