ကျောက်ကပ်ရောဂါနဲ့ ဇန်နဝါရီလ ၂၃ ရက်နေ့ ညပိုင်းက ကွယ်လွန်ခဲ့တဲ့ အဆိုတော် မာရဇ္ဇ (ခ) ကိုသိန်းဇော်ရဲ့ ဈာပနအခမ်းအနားကို ရန်ကုန်မြို့ ရေဝေးသုသာန်မှာ ဇန်နဝါရီလ ၂၅ ရက်နေ့ ဒီကနေ့မှာ ကျင်းပခဲ့ပါတယ်။ ဈာပနအခမ်းအနားမှာ အဆိုတော် မာရဇ္ဇကိုချစ်တဲ့ ပရိသတ်တွေနဲ့ ဂီတညီအစ်ကိုမောင်နှမတွေက သူ့ရဲ့ နောက်ဆုံးခရီးကို လာရောက်ပို့ဆောင်တာကို တွေ့ရပါတယ်။ နိုင်ငံကျော် တီးဝိုင်းတစ်ခုဖြစ်တဲ့ iron cross တေးဂီတအဖွဲ့ရဲ့ မန်နေဂျာ ဦးကိုကိုလွင်ကလည်း အဆိုတော် မာရဇ္ဇ ကွယ်လွန်သွားတဲ့အပေါ် ဝမ်းနည်းမိတယ်လို့ ပြောပါတယ်။ “ညီအစ်ကိုလို ရင်းနှီးခဲ့ရသူမို့ တော်တော် စိတ်မကောင်းဖြစ်ရပါတယ်၊ အနုပညာနဲ့ပတ်သက်ရင် တော်တော်ခေါင်းမာပြီး သူ ယုံကြည်ရာကို သူ လုပ်တဲ့သူပါ။ အောင်မြင်ကျော်ကြားတဲ့သီချင်းတွေကို ကိုယ်တိုင်ဖန်တီးနိုင်တဲ့ တေးရေး၊ တေးဆိုတစ်ယောက်မို့ နှမြောမိပါတယ်” အဆိုတော်…
စမ်းချောင်း မိုင်းဖောက်ခွဲမှု Joker အဖွဲ့က ၎င်းတို့လက်ချက်ဟု ထုတ်ပြန်ပြီး စစ်တပ်က အဆိုတော်ယုန်လေးကို ခေါ်ထုတ်သွား၍ လွတ်မြောက်သွားခဲ့သော်လည်း ရေဆုံးမြေဆုံး ရှာဖွေမည်ဟုဆို အကြမ်းဖက်စစ်ကောင်စီ၏ အဓိကထောက်တိုင် ဖြစ်သည့် အောင်ဖုန်းကျော် ခေါ် အဆိုတော် ယုန်လေးနှင့် လက်ပါးစေများကို စမ်းချောင်းမြို့နယ်၊ ဖျာပုံလမ်းအတွင်း ချိန်ကိုက်မိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Joker အဖွဲ့က ထုတ်ပြန်ကြေညာသည်။ ယမန်နေ့ ဒီဇင်ဘာ ၃၀ ရက်နေ့ နံနက် ၉ နာရီ ၅ မိနစ်နှင့် နံနက် ၁၁ နာရီ ၃၈ မိနစ် အချိန်တို့တွင် ချိန်ကိုက်မိုင်းဖြင့် အဆိုတော် ယုန်လေး နေထိုင်ရာ ဖျာပုံလမ်းအတွင်း ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ အဆိုတော် ယုန်လေး သည် အကြမ်းဖက်စစ်တပ်အတွက် ပွဲလမ်းများ စီစဉ်ပြုလုပ်ကာ လော်ဘီလုပ်…
စမ်းချောင်းမြို့နယ်တွင် စစ်ကောင်စီဘက်တော်သား အဆိုတော်ယုန်လေး နေအိမ်အနီး ဗုံးပေါက်ကွဲမှုဖြစ်ပွား ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်တွင် ယနေ့ နံနက်ပိုင်း စစ်ကောင်စီဘက် တော်သား အဆိုတော်ယုန်လေး နေအိမ်အနီးတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားကြောင်း ဒေသပြည်သူတချို့နှင့် တော်လှန်ရေး UG သတင်းရင်းမြစ်တစ်ခုက အတည်ပြု ပြောဆိုသည်။ ယနေ့ ဒီဇင်ဘာလ ၃၀ ရက်နေ့ နံနက် ၉ နာရီ ၅ မိနစ်ဝန်းကျင်အချိန် အဆိုတော်ယုန်လေး နေထိုင်ရာ စမ်းချောင်းမြို့နယ်၊ ဖျာပုံလမ်းရှိ နေအိမ်အနီးတွင် ဗုံးပေါက် ကွဲမှု ၂ ကြိမ်ဖြစ်ပွားခြင်းဖြစ်ကြောင်း၊ ဗုံးပေါက်ကွဲသံ အလွန်ကျယ်လောင်ပြီး စမ်းချောင်းတစ်ဝန်းမှ ပြည်သူများကြားလိုက်ရကြောင်း သိရှိရသည်။ “ဗုံးကွဲတာကတော့ ဟုတ်တယ်။ အသံက နှစ်ချက် ။ အုန်းသံ အကျယ်ကြီးပဲ။ ဖျာပုံလမ်းထဲမှာပေါက်တယ်။ ဖျာပုံလမ်းဘက်တော့ စစ်ဆေးနေတာတွေ တွေ့တယ်” ဟု…
ဆယ်လီဖြူဖြူထွေးနှင့် ကျပ်သိန်း ၇၀ အကုန်အကျခံ၍ ဆေးပရုပ်ဆီကို ကြော်ငြာခဲ့ခြင်းဖြစ်ပြီး ယင်းဆေးပရုပ်ဆီကြော်ငြာနှင့် ပတ်သက်၍ မည်သည့်အရာကိုမှ ကြိုတင်သိရှိခွင့်မရှိခဲ့ကြောင်း ဟောင်စုဆေးပရုပ်ဆီကုမ္ပဏီမှ ဝန်ထမ်းတဦးက ဒီဇင်ဘာ ၂၆ ရက်ကပြောသည်။ “ပေစ့်လေးထောင်ပြီး ကြော်ငြာလေးလုပ်ချင်လို့ ဖြူဖြူထွေးကို ကြော်ငြာလေးအပ်ခဲ့တာပါ၊ ဇာတ်ညွှန်းအကြောင်းအရာ၊ ဗီဒီယိုဖိုင်မူကြမ်းတွေကို ကုမ္ပဏီကိုကြိုတင်အသိပေးတာ ပြတာမျိုး မလုပ်ဘူးလို့ သူ့ဘက်က စာချုပ်ချုပ်ထားတာမို့ အဲ့ဗီဒီယို သူတင်လာကာမှပဲ ဘယ်သူတွေနဲ့ ရိုက်ထားတယ်။ ဘာဝတ်ထားတယ်။ ဘယ်လိုဇာတ်လမ်းဆိုတာကို သိခွင့်ရခဲ့တာပါ”ဟု ဆေးပရုပ်ဆီကုမ္ပဏီမှ ဝန်ထမ်းက ပြောသည်။ ပြီးခဲ့သည့်ရက်ပိုင်းက လူမှုကွန်ရက်တွင် ဖော်ပြခဲ့သည့် ဆယ်လီဖြူဖြူထွေး၏ ကြော်ငြာသည် ထိန်းသိမ်းခံထားရသည့် အသက် ၇၉ နှစ်အရွယ် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို သေးသိမ်စေသော စကားလုံးအသုံးအနှုံးများ တမင်ရည်ညွှန်းထားသည်ဟု လူမှုကွန်ရက်အသုံးပြုသူများအကြား ပြစ်တင်ဝေဖန်မှုများစွာရှိခဲ့ခြင်းဖြစ်သည်။ ၎င်းကြော်ငြာဗီဒီယိုတွင် အဖြူဝမ်းဆက်ကိုဝတ်ဆင်ထားသော ဖြူဖြူထွေးက…
ဖြူဖြူထွေးကိစ္စက မြင်နေရသလောက် ရိုးရှင်းတယ် မထင်ဘူး။ မရည်ရွယ်ပါ၊ မသိလို့ပါဆိုတဲ့ ဖြေရှင်းချက်ပေါ်မှာ လက်ခံသည်၊ လက်မခံသည်၊ အပြစ်ပေးသင့်သည်၊ မပေးသင့်သည် အမြင်အမျိုးမျိုးရှိကြပါတယ်။ ဒီကလေးမ နိုင်ငံရေးမသိဘူးဆိုတဲ့ စကားကိုတော့ ပြုံးမိပါတယ်။ သိလိုက်တာမှ လွန်ပြီး ပါးလိုက်တာမှ လှပ်နေတာပါ။ ၂၀၂၀ အောင်နိုင်ရေးကာလမှာ အနုပညာရှင်အများအပြား အောင်နိုင်ရေးမှာ ပါဝင်နေချိန်မှာ ပြတ်ပြတ်သားသား ငြင်းခဲ့တဲ့ ဆယ်လီ (၂) ဦး ရှိခဲ့ပါတယ်။ တစ်ဦးကတော့ ဒီကိစ္စနဲ့မဆိုင်လို့ ဂယက်မထချင်လို့ နာမည်ထုတ်မပြောတော့ပါ။ နောက်တစ်ဦးကတော့ ဖြူဖြူထွေးပါ။ အခုဘောပြန်မနေတဲ့ အဖြူရောင်အနုပညာရှင်ဆိုသူတွေတောင် အနီတွေဝတ် “NLD နိုင်ရမည်” တွေ အော်နေချိန်မှာ ရှေ့လေးငါးကွက်အထိ ကြိုမြင်နေသလို အယ်မလေးက နိုင်ငံရေးမသိဘူးဆိုတော့ ပြုံးချင်မိရုံသာ။ အခုဒီကိစ္စမှာလည်း ပန်းပန်၊ပုဝါခြုံနဲ့ ပရုတ်ဆီနာမည်က အနှောင့်အသွားမလွတ်တဲ့ကိစ္စကိုလည်း တရုတ်နာမည်မို့၊ မြန်မာဝတ်စုံဝတ်တာမို့လို့…