📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန် ➔
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

Category: Weather

  • ရန်ကုန်၊ မန္တလေး နေပြည်တော် အထူးသတိပေးပြီ

    ရန်ကုန်၊ မန္တလေး နေပြည်တော် အထူးသတိပေးပြီ

    နေပြည်တော်၊ မန္တလေးနှင့် ရန်ကုန်အပါအဝင် ဒေသများတွင် နေ့အပူချိန်များစတင်မြင့်တက်တော့မည်ဖြစ်ကာ ခရမ်းလွန်ရောင်ခြည်အန္တရာယ်ကို သတိပြုရန်လို တောင်တရုတ်ပင်လယ်အတွင်း အရှေ့မြောက်မုတ်သုံလေအားလျော့နည်းသွားပြီးနောက် မနက်ဖြန် မတ် ၁၆ ရက်မှစတင်ကာ မြန်မာနိုင်ငံတွင် နေ့အပူချိန်များ တဖြည်းဖြည်းမြင့်တက်လာ‌တော့မည်ဖြစ်ကြောင်း သိရသည်။ အထူးအားဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းတို့တွင် လာမည့် မတ်လ ၂၀ ရက်နောက်ပိုင်း နေ့အပူချိန်များ ၃၉ ဒီဂရီစင်တီဂရိတ်နှင့်အထက်သို့ ရောက်လာနိုင်ကြောင်း နိုင်ငံတကာမိုးလေဝသစောင့်ကြည့်သူ ဆရာဝင်းနိုင်က ယနေ့ မတ်၁၅ ရက် ညနေပိုင်းတွင် လူမှုကွန်ရက်မှတဆင့် ရေးသားထားသည်။ ထိုသို့ နေ့အပူချိန်များမြင့်တက်လာပြီးနောက် ရေဓါတ်လျော့နည်းခြင်း၊ အပူလွန်ကဲခြင်း၊ အသက်ရှုလမ်းကြောင်းပြဿနာ၊ ခရမ်းလွန်ရောင်ခြည် မြင့်တက်ခြင်းတို့ကို သတိထားကြရမည်ဖြစ်သည်။ မိုးရွာသွန်းနိုင်မှု ခန့်မှန်းချက်အဖြစ် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့်ကချင်ပြည်နယ်တို့တွင် မတ် ၂၂ ရက်အတွင်း မိုးအသင့်အတင့်မှ…

  • မဟာရန်ကုန် အနီရောင်အဆင့်

    မဟာရန်ကုန် အနီရောင်အဆင့်

    ရန်ကုန်မြို့ လေထုညစ်ညမ်းမှု အနီရောင်အဆင့်ရောက် လေထုအရည်အသွေးတိုင်းတာချက်ကိုဖော်ပြနေတဲ့ IQAir ရဲ့ တိုက်ရိုက်တိုင်းတာ ထုတ်ပြန်ချက်အရ ဒီ‌နေ့ ရန်ကုန်မြို့ရဲ့ လေထုအရည်အသွေးဟာ ကျန်းမာရေးအတွက် အန္တရာယ်ရှိတဲ့ အနီရောင်အဆင့်ကို ရောက်နေပါတယ်။ မြို့လယ်က ဒဂုံမြို့နယ်မှာ AQI ၁၉၂ အထိရှိပြီး လေထုညစ်ညမ်းမှုအမြင့်ဆုံးမြို့နယ်ဖြစ်နေတာပါ။ ရန်ကုန်မြို့မှာ မနက်ခင်းကတည်းက နေမမြင်ရဘဲ ပတ်ဝန်းကျင်မှာ အုံ့ဆိုင်းနေတယ်လို့ မြို့ခံအချို့က ပြောပါတယ်။ “ဒလဘက် ကမ်းဘက် လှမ်းကြည့်လိုက်ရင်လည်း မြူတွေကျနေတဲ့ပုံစံပဲ။ မြို့ဘက်က တိုက်တွေဘက်လည်း အဲဒီအတိုင်းပဲ” လို့ မြို့ခံတစ်ဦးက ပြောပါတယ်။ ကမ္ဘာ့မြို့ကြီးတွေနဲ့ယှဥ်ရင်လည်း ရန်ကုန်လေထုညစ်ညမ်းမှုဟာ အဆင့် ၄ ရောက်နေတာပါ။ “နှာခေါင်းယား တာမျိုးတော့မဖြစ်ဘူး။ လေထုညစ်ညမ်းမှန်းတောင် သေချာမသိဘူး” လို့ ရန်ကုန်မြို့နေ လူငယ်တစ်ဦးကပြောပါတယ်။ လေထုညစ်ညမ်းမှုကြောင့် ရေတိုမှာ အဆုတ်စွမ်းဆောင်ရည်ကျဆင်းတာ၊ အသက်ရှူလမ်းကြောင်းကူးစက်ရောဂါတွေနဲ့ ရင်ကျပ်တာတွေ…

  • ရန်ကုန် လေထု ဘာကြောင့် ဒီလောက်ထိ ညစ်ညမ်းလာရတာလဲ (ရုပ်/သံ)

    ရန်ကုန်မြို့ လေထုညစ်ညမ်းမှုဟာ ဒီသတင်းပတ်အတွင်း တကမ္ဘာလုံးမှာ အဆင့် ၄ နေရာကို ရောက်ရှိနေတယ်လို့ လေထုအရည်အသွေးစောင့်ကြည့်တိုင်းတာရေး မှတ်တမ်းအဖွဲ့ (IQ Air) ရဲ့မှတ်တမ်းတွေအရ သိရပါတယ်။ ဒီကနေ့ ဖေဖော်ဝါရီ ၂၆ ရက်နေ့မှာတော့ မြန်မာနိုင်ငံရဲ့ လေထု ညစ်ညမ်းမှု အဆင့်ဟာ တကမ္ဘာလုံးအတိုင်းအတာနဲ့ အဆင့် ၂၅ ကို ပြန်လည်လျော့ကျလာခဲ့ပေမယ့် သန့်ရှင်းလေထုအဆင့်ကို ပြန်မရောက်သေးဘဲ အဝါရောင်အဆင့်မှာပဲ ဆက်ရှိနေဆဲဖြစ်ပါတယ်။ ရန်ကုန်မြို့ရဲ့ လေထုညစ်ညမ်းမှုဟာ အခုနှစ်တွေထဲမှာ တဖြည်းဖြည်းပိုဆိုးလာပြီး မြို့ပြပြဿနာတခုဖြစ်လာနေပါတယ်။ ကျန်းမာရေးအတွက်လည်း စိုးရိမ်ရတဲ့အဆင့်ကို မကြာခဏ ရောက်တတ်တဲ့အခြေအနေ ဖြစ်နေပါတယ်။ လေထု ညစ်ညမ်းမှုတွေ ဘာကြောင့်ဖြစ်ရတာပါလဲ။ နောက်ဆက်တွဲအနေနဲ့ ကျန်းမာရေးပြဿနာ ဘာတွေဖြစ်လာနိုင်သလဲဆိုတာနဲ့ ကာကွယ်ရမယ့် နည်းလမ်းတွေကို သိနိုင်ဖို့ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာပါဝင်နေတဲ့ ဒေါက်တာသူရက အခုလိုရှင်းပြထားပါတယ်။

  • ရန်ကုန်မှာ လေထုညစ်ညမ်းမှု အလွန်ဆိုးရွားနေလို့ ကျန်းမာရေးအတွက် မဖြစ်မနေ လိုက်နာရမည့် အချက်များ (သတိပေးနှိုးဆော်ချက်)

    ရန်ကုန်မှာ လေထုညစ်ညမ်းမှု အလွန်ဆိုးရွားနေလို့ ကျန်းမာရေးအတွက် မဖြစ်မနေ လိုက်နာရမည့် အချက်များ (သတိပေးနှိုးဆော်ချက်)

    ရန်ကုန်မှာ လေထုညစ်ညမ်းမှု အလွန်ဆိုးရွားနေလို့ ကျန်းမာရေးအတွက် မဖြစ်မနေ လိုက်နာရမည့် အချက်များ (သတိပေးနှိုးဆော်ချက်) ဒီရက်ပိုင်း ရန်ကုန်မှာ နေရောင်ကောင်းကောင်းမမြင်ရဘဲ မိုးအုံ့သလိုလို ဖြစ်နေတာ သတိထားမိကြမှာပါ။ ဒါဟာ ရာသီဥတုကြောင့်မဟုတ်ဘဲ လေထုညစ်ညမ်းမှု (Air Pollution) မြင့်တက်နေတာကြောင့်ဖြစ်ပြီး AQI (Air Quality Index) 150 ကျော်အထိ ရှိနေပါတယ်။ ဒီလိုအချိန်မှာ ကျန်းမာရေးထိခိုက်မှုမရှိရလေအောင် ဒေါက်တာရတနာ မှ မျှဝေထားတဲ့ လိုက်နာသင့်သည့်အချက်များနှင့် ရှောင်ကြဉ်ရမည့်အချက်များကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။ ✅ လုပ်ဆောင်သင့်သည့် အချက်များ (Do’s) 🏠 အိမ်ထဲမှာပဲ နေပါ – အပြင်ထွက်ချိန်ကို တတ်နိုင်သမျှ လျှော့ချပါ။ 😷 Mask တပ်ပါ – မဖြစ်မနေ အပြင်ထွက်ရရင် Mask (N95 ဆို…

  • အလွန့်အလွန်အားကောင်းသည့် စူပါအအေးလှိုင်းကြီး (Super Cold Wave) ဖြတ်သန်းမည့် အထူးဂရုစိုက်ရမည့် ဒေသများ

    အလွန့်အလွန်အားကောင်းသည့် စူပါအအေးလှိုင်းကြီး (Super Cold Wave) ဖြတ်သန်းမည့် အထူးဂရုစိုက်ရမည့် ဒေသများ

    ဒီည စတင်ပါပြီ 🚨 အလွန့်အလွန်အားကောင်းသည့် စူပါအအေးလှိုင်းကြီး (Super Cold Wave) ဖြတ်သန်းမည့် အထူးဂရုစိုက်ရမည့် ဒေသများ 🥶 ယနေ့ (ဖေဖော်ဝါရီ ၁၆ ရက်) ညပိုင်းမှ စတင်ကာ မနက်ဖြန် (၁၇) ရက် မနက်ပိုင်းအထိ မြန်မာနိုင်ငံဒေသအချို့ကို အလွန့်အလွန် အားကောင်းသော “စူပါအအေးလှိုင်းကြီး (Super Cold Wave)” ဖြတ်သန်းတိုက်ခတ်မည်ဖြစ်ကြောင်း မိုးလေဝသခန့်မှန်းသူ ဒေါက်တာစိုင်းခွန်အာကာမှ အရေးပေါ် သတိပေးချက် ထုတ်ပြန်လိုက်ပါသည်။ သာမန်အအေးလှိုင်းအဆင့်မှ “စူပါအအေးလှိုင်း” အဆင့်သို့ ရုတ်တရက် အားကောင်းလာခြင်းဖြစ်ပြီး အောက်ပါဒေသများတွင် နေထိုင်သူများ အထူးဂရုစိုက်ကြရန် လိုအပ်ပါသည်။ ⚠️ အဓိက သတိပြုရမည့် ဒေသများ (Core Affected Areas) အအေးလှိုင်းဒဏ် အပြင်းထန်ဆုံး ခံစားရနိုင်သည့် ဒေသများမှာ…