📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန် ➔
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

Category: Movies

  • FB: Fighting Beat

    FB: Fighting Beat

    FB: Fighting Beat (2007) ဒီဇာတ်လမ်းလေးကတော့ ခက်ခဲတဲ့ပတ်ဝန်းကျင်မှာ ကြီးပြင်းလာရတဲ့ ခမ့်လို့ခေါ်တဲ့ လူငယ်တစ်ယောက်နဲ့ သူရဲ့သူငယ်ချင်းတွေရဲ့ ဘဝဇာတ်ကြောင်းလေးပါ။ ငယ်စဉ်ကတည်းက အဖေဆုံးသွားပြီး ဘုန်းကြီးမှာနေထိုင်ရင်း သူငယ်ချင်းတို့နဲ့ တနေ့တာအလုပ်လုပ်ပြီး ညဖက်လည်း ဘားမှာလက်ဝှေ့ထိုးရင်း ဘဝကိုပြောင်းလဲဖို့ ကြိုးစားနေကြသူတွေပါ။ လက်ဝှေ့ပွဲတွေကတော့မျှတမှုမရှိဘဲ လောင်းကစား၊ ငွေကြေးတစ်ခုရဲ့ လိမ်လည်မှုတွေနဲ့ပဲ ဆက်စပ်လည်ပတ်နေတယ်။ တစ်နေ့မှာတော့ ကံကြမ္မာအပြောင်းအလဲဖြစ်လာပါတော့တယ်။ သူတို့ရှာဖွေစားသောက်နေကြတဲ့ ဘားကို ဩဇာကြီးတဲ့သူတွေက လက်ဝါးကြီးအုပ်ပြီး အနိုင်ကျင့်ယူသွားရင်း ခမ့်နဲ့သူငယ်ချင်းတွေက ဘယ်လိုစည်းစည်းရုံးရုံးနဲ့ ဘားဆိုင်ကို ပြန်ယူမလဲဆိုတာ ဆက်လက်ကြည့်ရှုကြပါဦး။

  • Turbulence

    Turbulence

    Turbulence (2025) ဒီဇာတ်ကားလေးကတော့ တစ်ကားလုံးနီးပါး လေပေါ်က မိုးပျံပူဖောင်းထဲမှာပဲ အချိန်ကုန်သွားပေမယ့် ရင်ဖိုစိတ်လှုပ်ရှားဖွယ် ဇာတ်အိမ်အလှည့်အပြောင်းများစွာနဲ့ ကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ဇက်ဆိုတဲ့ အမျိုးသားဟာ အဖေဖြစ်သူဆီက ကုမ္မဏီကြီးတစ်ခုလုံးကို အမွေရလိုက်တဲ့ သူဌေးသားလုပ်ငန်းရှင်ဖြစ်ပြီး သူ့မှာ အမ်မီဆိုတဲ့ ဇနီးချောလေးတစ်ယောက်ရှိပါတယ်။ ဒါပေမဲ့ အမ်မီဟာ လွန်ခဲ့တဲ့ ၆ လလောက်က ကိုယ်ဝန်ပျက်ကျခဲ့လို့ အပြစ်ရှိစိတ်တွေနဲ့ စိတ်ဓာတ်ကျနေတာကတစ်ကြောင်း ဇက်ကလည်း အလုပ်များတာကတစ်ကြောင်းမလို့ သူတို့ကြားမှာ ဆက်ဆံရေးတွေ အေးစက်နေပြီး အတူမနေဖြစ်ခဲ့တာလည်း ကြာပါပြီ။ ဒီတော့ ဇက်က အိမ်ထောင်ရေးပြန်လည်သာယာလာအောင်၊ ကလေးယူဖို့ ထပ်ကြိုးစားနိုင်အောင် အမ်မီနဲ့ နှစ်ယောက်သား အပန်းဖြေခရီးထွက်ဖို့ စီစဉ်ခဲ့ပါတယ်။ အဲဒီလိုစီစဉ်တဲ့ညမှာပဲ ဇက်က ဘားတစ်ခုမှာ အရက်သောက်နေတုန်း ဂျူလီယာဆိုတဲ့ကောင်မလေးတစ်ယောက်က ဘားမှာ ပြဿနာတက်နေတာနဲ့ ဇက်ကပဲ အရက်ဝယ်တိုက်ပြီး ဒကာခံခဲ့ပါတယ်။…

  • Influencers

    Influencers

    Influencers (2025) ၂၀၂၂ တုန်းက နာမည်ကျော်ခဲ့တဲ့ Influencer ရဲ့နောက်ဆက်တွဲဇာတ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားမှာတော့ CW ကိုသူ့ရဲ့ပြင်သစ်သူရည်းစားလေးနဲ့ပထမနှစ်ပတ်လည် အထိမ်းအမှတ်ခရီးထွက်နေတာကိုမြင်တွေ့ရမှာပါ။ ပြဿနာက သူတို့တည်းရမယ့်ဟိုတယ်မှာ ကြေငြာကမ်ပိန်း ကိစ္စနဲ့မှာထားတဲ့အခန်းမရပဲ တစ်ခြားအခန်းကိုရွှေ့ပေးလိုက်ရတာက စပါတယ်။ သူတို့နဂိုမှာထားတဲ့အခန်းကတော့ နာမည်ကျော်ဗြိတိန်အင်ဖလူယန်ဆာတစ်ယောက်ကိုပေးလိုက်ရပါတယ်။ အဲ့ဒီတစ်ယောက်ကလည်း သူတို့နှစ်ယောက်ကိုမှခင်မင်ပြီး အတင်းလိုက်လျောအဖွဲ့ကျနေတော့ CW ကိုဆွပေးသလိုဖြစ်လာခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ မက်ဒီဆင်တစ်ယောက်ကတော့ထိုင်းနိုင်ငံမှာဖြစ်ခဲ့တဲ့ ကိစ္စတွေကြောင့် လူကြားသူကြားထဲမတိုးနိုင်ပဲ ပုန်လျှိုးကွယ်လျှိုးနေနေရပါတယ်။ ခြိမ်းခြောက်မှုတွေ နှောင့်ယှက်မှုတွေကမခံမရပ်နိုင်အောင် တိုးပွားလာတဲ့နောက်မှာတော့ တရားခံအစစ်ကိုဖမ်းမှဖြစ်တော့မယ်ဆိုပြီး CW ကိုခြေရာခံပါတော့တယ်။ ဝေဖန်သူတွေရော ပရိသတ်တွေပါကြိုက်နှစ်သက်ကြတဲ့ ဇာတ်ကားဖြစ်ပြီး ပထမဇာတ်ကားကိုမှီတဲ့ ခြေရာထပ်တူနင်းနိုင်တဲ့ Sequel ဖြစ်တယ်လို့ဆိုကြပါတယ်။ ပထမဇာတ်ကားအတိုင်းပဲ နောက်ခံတေးဂီတကောင်းကောင်း၊ ရှူခင်းလှလှ မျက်စိပသာဒဖြစ်စရာ မြင်ကွင်းတွေနဲ့ပေါ့ပါးသွက်လက်စွာ ဆွဲဆောင်နိုင်တဲ့ ‌Horror/Thriller ကားကောင်းတစ်ကားပါပဲ။ (18+ အခန်းတချို့နှင့် ဝတ်လစ်စလစ် အခန်းတချို့ပါသောကြောင့် မိသားစုနှင့်အတူ…

  • Sniper Battle

    Sniper Battle

    Sniper Battle (2025) ကြေးစားအထူးလုံခြုံရေးတပ်ဖွဲ့တစ်ဖွဲ့ရဲ့စနိုက်ပါသမားနဲ့ ကမ္ဘာ့ပထမလို့နာမည်ကြီးနေတဲ့ စနိုက်ပါGhostတို့ကြားက တိုက်ပွဲတစ်ခုပဲဖြစ်ပါတယ်။ အထူးလုံခြုံရေးတပ်ဖွဲ့ဟာ ကျားဖြန့်လုပ်ငန်းဝင်းထဲမှာ ပိတ်မိနေတဲ့တရားခံတွေကို ကယ်တင်ဖို့အမိန့်ပေးခံရပါတယ်။ ပြည်တော်ကို ပြန်ပို့တယ်ဆိုတာ တကယ်တော့ နိုင်ငံဖြတ်ကျော်လူကုန်ကူးမှုကြီးဖြစ်နေတယ်ဆိုတာကို သိလိုက်ရပါတယ်။ အဲဒီတာဝန်ပြီးသွားတဲ့အခါမှာ သူတို့က နောက်တာဝန်တစ်ခုကို လက်ခံဖို့ အတင်းအကြပ်ဖိအားပေးခံရပါတယ်။ အဲဒါကတော့ ရိုရီအုပ်စုရဲ့ ပြစ်မှုသက်သေအထောက်အထားတွေကို ရအောင်ယူဖို့ကြိုးစားနေတဲ့ သူလျှိုကိုကယ်ထုတ်ရမယ့် တာဝန်ပဲဖြစ်ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ တစ်ဖက်မသမာသူအဖွဲ့မှာ ကြေးစားတပ်ဖွဲ့ရဲစနိုက်ပါသမားနဲ့ ရန်ငြိုးရှိတဲ့ Ghost ပဲဖြစ်နေတဲ့အခါမှာတော့ လက်ဖြောင့်သေနတ်သမားနှစ်ယောက်ရဲ့ တိုက်ပွဲဟာစတင်သွားပါတယ်။

  • A Journey of Blossoms

    A Journey of Blossoms

    A Journey of Blossoms (2025) ဒီဇာတ်ကားကတော့ မိသားစုဒရာမာနဲ့ စိတ်ပိုင်းဆိုင်ရာ ရုန်းကန်မှုတွေကို ပြင်းပြင်းထန်ထန် ပုံဖော်ထားတာလို့ ပြောရမှာပါ… အဓိက ဇာတ်လမ်းက ဘာလဲဆိုတော့… ရှားကျင်းရှန်း ဆိုတဲ့ ဖခင်တစ်ယောက်ရဲ့ အကြောင်းပဲ။ သူ့ရဲ့သားဟာ တိုက်ပေါ်ကနေ ခုန်ချပြီး သေဆုံးသွားခဲ့တာ။ သူက သားဖြစ်သူ ဘာလို့ ကိုယ့်ကိုယ်ကို သတ်သေသွားရတာလဲဆိုတဲ့ အဖြေကို ရှာမတွေ့ဘဲ ရုန်းကန်နေရတယ်။ ဒီလို နာကျင်မှုတွေကြောင့် သူဟာ အခုဆိုရင် စိတ်ကျန်းမာရေး ပြဿနာတောင် ရှိနေပြီလို့ ရဲစခန်းက လူတွေက ပြောကြတယ်။ တစ်ဖက်မှာလည်း မိသားစုဝင်တွေဟာ အဘိုးကြီးရဲ့ မွေးနေ့ပွဲအတွက် စုဝေးကြတဲ့အခါ အတော်လေး တင်းမာမှုတွေ ရှိနေတယ်။ အဓိကကတော့ မြေးအကြီးဆုံး သေဆုံးသွားတဲ့အကြောင်းကို အဘိုးကို ဘယ်လို ပြောပြကြမလဲဆိုတာနဲ့…