Category: Movies
-

Death Name
Death Name (2026) ဆိုဖီပါ့ခ်ဟာ ကိုရီးယားနွယ်ဖွား အမေရိကန်သူလေးတစ်ယောက်ဖြစ်ပြီး သူပြောင်းသွားတဲ့ကျောင်းအသစ်မှာ ကိုရီးယားက ကျောင်းလာတက်ကြတဲ့ ကိုရီးယားသားအစစ် သူငယ်ချင်းတွေနဲ့ဆုံတွေ့ခဲ့ရပါတယ်။ အဲ့ဒါကြောင့်ပဲ သူ့မျိုးနွယ်အကြောင်းကို သိချင်စိတ်တွေဖြစ်လာခဲ့ပြီး အိမ်က မိဘတွေကိုမေးမြန်းခဲ့ပေမယ့် သူ့အဘွားရဲ့တစ်ချက်လွှတ်အမိန့်အရ သူတို့အိမ်မှာ ကိုရီးယားနဲ့ပတ်သက်တာတွေကိုတော်ရုံပြောခွင့်မရပါဘူး။ သူ့မှာကိုရီးယားနာမည်ရှိတယ်ဆိုတာ သိရပေမယ့်လည်း အဲ့ဒီနာမည်ကိုသူမသိသလိုသုံးစွဲခွင့်လည်းမရှိပါဘူး။ သူ့အဘွားဟာ ကိုရီးယားကနေ ဒုက္ခသည်အဖြစ်ထွက်ပြေးလာခဲ့ရလို့ မွေးရပ်မြေကိုစိတ်နာနေခဲ့ဟန်ရှိပေမယ့် ဘားတစ်ခုမှာဆုံခဲ့တဲ့ ကိုရီးယားသားလူချောလေး ဂျွန်းနဲ့စတင်တွေ့ဆုံချိန်မှာတော့သူ့ရဲ့ငယ်ဘ၀ပဟေဠိတွေအားလုံးဟာ အဖြေပေါ်ဖို့နီးစပ်လာခဲ့ပါတော့တယ်။ မျိုးရိုးစဉ်ဆက်ကျိန်စာတစ်ခု၊ ကလဲ့စားချေဖို့ထပ်ချပ်လိုက်နေတဲ့ ဝိဉာဉ်တွေနဲ့ သူ့မိသားစုရဲ့အတိတ်ဟောင်းတွေဟာဘယ်လိုဆက်စပ်နေမလဲဆိုတာ ဇာတ်ကားထဲမှာ ဆက်လက်ရှုစားကြရမှာဖြစ်ပါတယ်။
-

The People Upstairs
The People Upstairs (2025) * စကားပြော အသုံးအနှုန်းလေးတွေ အနည်းငယ် ကြမ်းတမ်းပါသဖြင့် အသက်ပြည့်မှသာ ကြည့်ရှုပေးကြဖို့ ကြိုတင်မေတ္တာရပ်ခံပါရစေခင်ဗျ * ဒီတစ်ခေါက်မှာတော့ Ha Jung-Woo, Kong Hyo-Jin, Kim Dong-Wook နဲ့ Lee Ha-Nee တို့လို နာမည်ကြီး မင်းသား၊ မင်းသမီးတွေ အပြိုင်အဆိုင် သရုပ်ဆောင်ပညာပြထားတဲ့ ရုံတင်ဟာသကားသစ်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ – ဇာတ်လမ်းအကျဉ်း – အိုဟျွန်းဆူ (Kim Dong-Wook) နဲ့ ဂင်ဂျောင်အာ (Kong Hyo-Jin) တို့က တစ်ချိန်က မီးလျှံလို ပူပြင်းတဲ့ အိမ်ထောင်ရေးဘဝမျိုး ရှိခဲ့ပေမဲ့ လက်ရှိမှာတော့ အချစ်တွေ အေးစက်သွားပြီး ခြောက်ကပ်တဲ့ နေ့စဉ်ဘဝကိုပဲ ဖြတ်သန်းနေရတဲ့ ဇနီးမောင်နှံတွေပါ။ အခုရက်ပိုင်း…
-

Randaam Yaamam
Randaam Yaamam (2026) ဒုတိယအခါ Thriller ကားကောင်းကောင်း ကြည့်ချင်တဲ့သူတွေအတွက် Randaam Yaamam ဆိုတဲ့ မာလာယလမ်ကားသစ်လေးကို တင်ဆက်ပေးချင်ပါတယ်။ ဒီကားက ရိုးရိုးရှင်းရှင်းဒရာမာ လိုလိုနဲ့ တကယ့်ကို ရင်တထိတ်ထိတ်ကြည့်ရမယ့် အမျိုးအစားပါ။ ဇာတ်လမ်းကတော့… ရှေးရိုးစွဲ အယူအဆတွေလွှမ်းမိုးနေတဲ့ ရွာလေးတစ်ရွာမှာ ရွာသားတွေအားကိုးကြတဲ့ သီရူမေနီဆိုတဲ့ ဂမ္ဘီရဆရာကြီးတစ်ယောက်ရှိပါတယ်။ သူ့မှာ ယာဒူနဲ့ ယာသီဆိုတဲ့ ရုပ်မတူတဲ့ အမြွှာသားနှစ်ယောက်ရှိပြီး အဲဒီထဲကတစ်ယောက်က မကောင်းတဲ့ နက္ခတ်နဲ့မွေးဖွားလာသူဖြစ်ပါတယ်။ ယာဒူဟာ သူ့အဖေခြေရာနင်းပြီး ဗေဒင် ဂမ္ဘီရပညာတွေမှာ နှံ့စပ်ပေမဲ့ ယာသီကတော့ သာမန်လူလိုနေထိုင်ချင်တာကြောင့် သူတို့အဖေဖြစ်သူရဲ့ မျက်နှာသာပေးခြင်းကို မခံရသူပါ။ အဲဒီလိုနဲ့ သူတို့ရဲ့ရွာလေးကို ဆိုဖီဆိုတဲ့ မြို့သူလေးရောက်လာပြီး ကိစ္စတစ်ခုဖြစ်သွားတဲ့အခါမှာတော့ တည်ငြိမ်နေတဲ့သူတို့ရွာလေးမှာ သည်းထိတ်ရင်ဖိုကိစ္စတွေဖြစ်လာပါတော့တယ်။
-

The Jade Goddess of the Supreme Emei
The Jade Goddess of the Supreme Emei (2018) တရုတ်သိုင်းလောက ရုပ်ရှင်တွေကို ကြည့်နေကျ ပရိသတ်တွေအနေနဲ့ အော်မေဂိုဏ်းကို ရင်းနှီးပြီးသား ဖြစ်မှာပါ။ အခုဒီရုပ်ရှင်ကတော့ အော်မေဂိုဏ်းက ဆရာတူညီအစ်မ ၇ ဦးကြားက အချစ်၊ အမုန်း၊ ရန်ငြိုး၊ သံယောဇဉ်တွေကို ရိုက်ကူးဖော်ပြထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့- ဝူမေဆရာသခင်မ၊ ကျိ့ရှန့်ဆရာတော်၊ ပိုင်မေရသေ့၊ လီပါးရှန်၊ ဖုန်တောက်တယ်နဲ့ မြောင်ရှန်တို့ဟာ ဆရာတစ်ဦးတည်းဆီမှ ဆင်းသက်လာပေမဲ့ သိုင်းပညာအပေါ် အမြင်မတူညီကြတဲ့အတွက် ကိုယ်စီဂိုဏ်းတွေ တည်ထောင်ခဲ့ကြပါတယ်။ ဝူမေဆရာသခင်မဟာ မတော်တဆ “စက်ရုပ်ဆရာ၏ အတတ်ပညာ” လို့ခေါ်တဲ့ တားမြစ်ထားတဲ့ လျှို့ဝှက်သိုင်းကျမ်းကို ရရှိခဲ့ပါတယ်။ အဲဒီပညာကို တတ်မြောက်သူဟာ ရှေး၊ ယခု၊ အသက်ရှင်သူ သို့မဟုတ် သေဆုံးပြီးသူအားလုံးကို အဝေးကနေ…
-

Attack on Titan II: End of the World
Attack on Titan II: End of the World (2015) ဒီဇာတ်ကား ကတော့ ဂျပန် Anime နဲ့ manga လောကမှာ နာမည်ကြီး ဇာတ်လမ်းတစ်ခုဖြစ်တဲ့ Attack on Titans ကို လူသရုပ်ဆောင် တွေနဲ့ ပြန်လည် ရိုက်ကူးထားတဲ့ ဒုတိယပိုင်းဖြစ်ပါတယ်။ ကမ္ဘာဖျက် လူသားစား titan ကောင်ကြီးတွေ ဟာ လူသားမျိုးနွယ် တွေကို မျိုးသုဉ်းလောက်သည်ထိ ဒုက္ခပေးနိုင်စွမ်း ရှိပြီး လူသားတွေ ရဲ့ နောက်ဆုံး မျှော်လင့်ချက်က အဲရန် ဆိုတဲ့ လူငယ်လေးနဲ့ သူ့ သူငယ်ချင်းတွေ ပေါ်ကို စုပြုံကျလာပါတယ်။ Titanတွေရဲ့ ရန်ကိုကြောက်လို့ နံရံအမြင့်ကြီးတွေ နောက်မှာနေ နေရတဲ့ လူသားတွေထဲမှာ အဲရန်ဆိုတဲ့…