Category: Movies

  • Oh What Fun

    Oh What Fun

    Oh. What. Fun. (2025) ခရစ္စမတ်ရဲ့ တကယ့်တကယ် ဟီးရိုး‌တွေက ဘယ်သူလဲသိလား? အဖြေကတော့ အမေတွေပါပဲ။ လူတော်တော်များများက အခုလိုအားလပ်ရက်ကာလတွေမှာ အမေတွေက အပင်ပန်းခံရဆုံး၊ အငြူစူခံရဆုံးဆိုတာကို မေ့နေတတ်ကြပါတယ်။ ဒီဇာတ်လမ်းမှာတော့ အပင်ပန်းခံရသလောက် ကိုယ့်မိသားစုကအသိအမှတ်မပြု၊ အလေးမထားတဲ့အခါ ဝမ်းနည်းစိတ်ပျက်သွားခဲ့ရတဲ့ အမေတစ်ယောက်အကြောင်းကို ရိုက်ကူးထားပြီး ဟာသနှောတဲ့မိသားစုဒရမ်မာနှင့် နွေးထွေးတဲ့ ခရစ္စမတ်အငွေ့အသက်လေး‌တွေပါဝင်တာကြောင့် မိသားစုနှင့်အတူကြည့်လို့ကောင်းတဲ့ ခရစ္စမတ်ဇာတ်ကားလေးဖြစ်ပါတယ်။

  • Atlantics

    Atlantics

    Atlantics (2019) ဆောက်လုပ်ရေးအလုပ်မှာ အလုပ်ကြမ်းသမားအနေနဲ့ လုပ်နေရတဲ့ ဆောလ်လမန်တို့အဖွဲ့ဟာ သုံးလစာလောက်မရသေးတဲ့အတွက် သူတို့လုပ်အားခတွေရှင်းပေးဖို့ပြောနေကြတယ်။ ပိုင်ရှင်ဖြစ်တဲ့ မစ္စတာအင်ဂျိုက်ကလည်း အကြောင်းအမျိုးမျိုးပြပြီးရှောင်နေတယ်။ မိသားစု၊ ညီအစ်ကိုမောင်နှမတွေ မိဘတွေကို ထောက်ပံ့နေရတဲ့ သူတို့အတွက် ဒီပိုက်ဆံတွေဟာ အသက်တမျှကို အရေးကြီးနေတာပေါ့။ ပြီးတော့ ဆောလ်လမန်ဆီမှာ သူချစ်ရတဲ့ အက်ဒါဆိုတဲ့ကောင်မလေးလည်းရှိသေးတယ်။ နှစ်ယောက်လုံးက ချစ်ကြတယ်ဆိုပေမဲ့ အက်ဒါက လူချမ်းသာတစ်ယောက်နဲ့ လက်ထပ်ရမယ့်အနေအထားဖြစ်နေတယ်။ ဒီမှာဆက်နေလို့ ဘာမှမထူးတဲ့အတွက် ဆောလ်လမန်တို့ သူငယ်ချင်းတစ်ခုဟာ လှေတစ်စင်းနဲ့ ပင်လယ်ကိုဖြတ်ပြီး စပိန်ကိုထွက်သွားကြတယ်။ နောက်နေ့ရောက်တော့ ပင်လယ်ပြင်မှာမုန်တိုင်းကြောင့် ဆောလ်လမန်တို့ လှေမှောက်သွားပြီး အကုန်သေသွားကြတယ်။ အက်ဒါလည်း လူချမ်းသာနဲ့ လက်ထပ်လိုက်ရတယ်။ အက်ဒါ လက်ထပ်တဲ့နေ့မှာပဲ အိမ်ထဲမှာ ထူးဆန်းပြီး မီးလောင်တဲ့အခါမှာတော့…

  • Pod parou

    Pod parou

    Pod parou (2025) ပရိသတ်ကြီးရေ၊ ဒီတစ်ခါမှာတော့ ချက် နိုင်ငံက ထွက်ရှိထားတဲ့ Pod Parou (2025) ကို မိတ်ဆက်ပေးပါရစေ။ ဒီကားဟာ Thomas Vinterberg ရဲ့ အော်စကာဆုရ ဒိန်းမတ်ရုပ်ရှင်ကားဖြစ်တဲ့ Another Round (Chlast) ကို ပြန်လည်ရိုက်ကူးထားတာဖြစ်ပြီး၊ မူရင်းဇာတ်လမ်းကို အမျိုးသမီးများနဲ့ လဲလှယ် သရုပ်ဆောင်ထား ပြီး ခံစားမှုအသစ်တစ်ခုကို ပေးစွမ်းထားပါတယ်။ Pod Parou ဆိုတဲ့ ချက်စကားက အင်္ဂလိပ်လိုဆိုရင် “Under Steam” (ရေနွေးငွေ့အောက်) လို့ အဓိပ္ပာယ်ရပြီး၊ ချက်စကားအရ “အရက်မူးနေခြင်း” လို့ ဆိုလိုပါတယ်။ ဇာတ်လမ်းအကျဉ်း ဇာတ်လမ်းက တောင်ပိုင်း မော်ရိုဗီးယား ဒေသက အထက်တန်းကျောင်းဆရာမလေး လေးယောက်အကြောင်း ဖြစ်ပါတယ်။ သူတို့အားလုံးဟာ အသက်၄၀…

  • I Really Love My Husband

    I Really Love My Husband

    I Really Love My Husband (2025) ပရိသတ်ကြီးရေ၊ ကြည့်နေကျ အချစ်ဇာတ်လမ်း တွေနဲ့မတူဘဲ၊ ခေတ်သစ် အိမ်ထောင်ရေးရဲ့ ရှုပ်ထွေးမှုနဲ့ စိတ်ပိုင်းဆိုင်ရာ ရုန်းကန်မှုတွေကို ထိထိမိမိ ချဉ်းကပ်တင်ပြထားတဲ့ I Really Love My Husband (2025) ကို မိတ်ဆက်ပေးပါရစေ။ ဒါရိုက်တာ G.G. Hawkins ရဲ့ ဒီပွဲဦးထွက် ဇာတ်ကားဟာ SXSW ရုပ်ရှင်ပွဲတော် မှာ ပြသခဲ့ပြီး ဝေဖန်ရေးဆရာတွေရဲ့ ချီးကျူးမှုကို ရရှိထားတာဖြစ်ပါတယ် ဇာတ်လမ်း အကျဉ်းချုပ် ဇာတ်လမ်းက လက်ထပ်ပြီး တစ်နှစ်ကြာမှ နောက်ကျမှ ဟန်းနီးမွန်း ခရီးထွက်လာတဲ့ စုံတွဲဖြစ်တဲ့ ထရေးဆာ နဲ့ သူမရဲ့ ‘ရွှေမင်းသား‌ေလး’ လို ချစ်စရာကောင်းတဲ့ ခင်ပွန်း ဒရူး…

  • A Newport Christmas

    A Newport Christmas

    A Newport Christmas (2025) ဇာတ်လမ်းထဲမှာ အယ်လာ ဆိုသူက နယူးပေါ့မြို့က သနားကြင်နာတတ်တဲ့ အမျိုးသမီးတစ်ဦး ဖြစ်ပြီး တခြားသူတွေကိုကူညီဖို့အတွက် အမြဲအလုပ်ရှုပ်နေသူတစ်ဦးဖြစ်ပါတယ်။ သူမအတွက် ခရစ္စမတ်ဆိုတာ အရင်ကတုန်းက မိသားစုနဲ့အတူအတူဖြတ်သန်းခဲ့တဲ့ အချိန်တွေကို မှတ်မိစေတဲ့ တန်ဖိုးရှိတဲ့ရာသီပါပဲ။ ၁၉၀၅ဒီနှစ် ခရစ္စမတ်မှာတော့ နယူးပေါ့ မြို့တစ်မြို့လုံးမှာ အလှဆင်ပြိုင်ပွဲတွေ၊ သီချင်းဆိုပြိုင်ပွဲတွေကိုလည်း ပြုလုပ်နေကြတယ်။ အယ်လာဟာ နယူးပေါ့မှာရှိတဲ့ ဆင်းရဲသားတွေကိုလှူဒါန်းဖို့ ပေးကမ်းခြင်းအဖွဲ့အစည်းကို စတင်ဖွဲ့စည်းလိုက်ပါတယ်။ သို့ပေမဲ့လည်း သူမ၏ဖခင်ကသဘောမတူတဲ့ အတွက်လှေတစ်စင်းနဲ့ ခဏတာ ရွက်လွင့်ဖို့ထွက်သွားချိန်မှာ ရုတ်တရက် ၂၀၂၅ ခုနှစ်ကိုရောက်ရှိသွားပါတော့တယ်။ တစ်ဖက်မှာတော့ နစ်က ၂၀၂၅ ခုနှစ်က သမိုင်းပညာရှင်ဖြစ်ပြီး သမိုင်းစာအုပ်ထဲက အယ်လာအကြောင်းတွေကိုလည်း သေချာသိထားပါတယ် ။ နစ်ကသူမကို အတိတ်ကိုပြန်သွားလို့ရအောင် နည်းလမ်းတွေရှာဖွေရင်း အချိန်ရဲ့ စမ်းသပ်မှုအောက်မှာ သူတို့နှစ်ယောက်ရဲ့…