VPN အသုံးပြုလို့မရတဲ့ ပြဿနာ

ပြည်တွင်းမှာလူသုံးများတဲ့ VPN အချို့ချိတ်ဆက်မရမှုတွေ ပြန်လည်ဖြစ်ပွား

ယခုရက်ပိုင်းအတွင်းပြည်တွင်းမှာလူသုံးများတဲ့ VPN တွေချိတ်မရတဲ့ပြဿနာဖြစ်ပေါ်နေပြီးဒါဟာအချို့‌ သော VPN တွေအနေနဲ့ပိတ်ပင်ခံရတာဖြစ်နိုင်တယ်လို့နည်းပညာကျွမ်း ကျင်သူတွေက သုံးသပ်‌ ပြောပြပါတယ်။

Facebook မှာ VPN ချိတ်မရပေမယ့်အခြားသော TikTok,YouTube တို့ကဲ့သို့သော Social လူမှုကွန်ရက်တွေကတော့လွယ်လွယ်ကူကူအသုံး ပြုလို့ရနေသေးတယ်လို့လူမှု့ကွန် ရက်အသုံးပြုသူ User တွေကပြောပါတယ်။

“VPN ချိတ်မရဘူးဆိုတာကလူသုံးများတဲ့ VPN တွေပါ။လူအရမ်းအ သုံးများတဲ့ VPN တွေပေါ့လေ၊ဒါတွေကလူသုံးတာအရမ်းများလာတဲ့အခါပိတ်သွားတာမျိုးဖြစ်တတ်တယ်။တချို့ VPN တွေဆိုအပြီးပိတ်သွားတာမျိုးသုံးမရတာမျိုးရှိတတ်ပါတယ်။ ဒါပေမဲ့ Free VPN တွေကအများကြီးရှိတော့ တခုမရတခုချိတ်သုံးကြည့်ရမှာပါ။ VPN အား လုံးကိုလိုက်ပိတ်ဖို့ဆိုတာကမဖြစ်နိုင်ပါဘူး။ VPN အမျိုးအစားပေါင်းများစွာရှိနေပါတယ်”လို့ မြန်မာနိုင်ငံသားအိုင်တီနည်းပညာရှင်တယောက်က ပြောပါတယ်။

အခုလို VPN အများစုကိုအသုံးပြုလို့မရတာ VPN တွေအပိတ်ခံရတာဟာသိပ်စိုးရိမ်စရာမလိုဘဲ၊Google နဲ့ Play Store တွေမှာ Free VPN အမျိုးအစားပေါင်းများစွာရှိနေတဲ့အတွက် မိမိတို့နဲ့ဖုန်းနဲ့ ကိုက်ညီမယ့်သင့်တော်မယ့် VPN တွေကိုချိတ် ဆက်ထည့်သွင်းအသုံးပြုနိုင်မယ်လို့လည်းအိုင်တီနည်းပညာရှင်တွေက အကြံပြုထားပါတယ်။

“လူသုံးများတဲ့ VPN တွေကတော့ အခုလိုပိတ်သွားတာမျိုး၊ချိတ်မရတာမျိုးတွေရှိတတ်တယ်။ဒါကပုံမှန်ပါပဲ”လို့ သူက ဆက်ပြီး ပြောပြပါတယ်။

အခုလို VPN အများစုကို အသုံးပြုလို့မရတာ VPN တွေအပိတ်ခံရတာဟာ သိပ်စိုးရိမ်စရာမလိုဘဲ၊ Google နဲ့ Play Store တွေမှာ VPN အမျိုးအစားပေါင်းများစွာရှိနေတဲ့အတွက် မိမိတို့နဲ့ဖုန်းနဲ့ ကိုက်ညီမယ့်သင့်တော်မယ့် VPN တွေကို ချိတ်ဆက်ထည့် သွင်းအသုံးပြုနိုင်မယ်လို့လည်းသိရပါတယ်။

“အိုင်ဖုန်းတွေမှာတော့ VPN တွေရနေသေးတယ်။ သုံးလို့ရသေးတယ်၊ချိတ်လို့မရတာ ဘာတော့မရှိသေးဘူး”လို့ iPhone User တယောက် ကဆက်ပြီးပြောပြပါတယ်။

လက်ရှိမှာတော့ Psiphon VPN ကလွဲလို့ လူသုံးအများဆုံး VPN အချို့ကို ချိတ်ဆက်အသုံးပြုလို့မရတဲ့ ပြဿနာကို ကြုံတွေ့နေရတာဖြစ်တယ်လို့လည်း အသုံးပြုသူ User တွေက ပြောပါတယ်။

ဒါအပြင် မကြာသေးမီကထုတ်ပြန်ထားတဲ့ဆိုက်ဘာလုံခြုံရေးဥပဒေမှာတော့ခွင့်ပြုချက်ရယူခြင်းမရှိဘဲ VPN ထူထောင်ခြင်း၊အွန်လိုင်းလောင်းကစားစနစ်တည်ဆောက်မှုဆိုက်ဘာအလွဲသုံးစားပြုလုပ်မှုတွေကိုပြုလုပ်ပါကသတ်မှတ်ဥပဒေပြ ဌာန်းချက်တွေအတိုင်းအရေးယူသွားမယ်လို့ ဆိုပါတယ်။

အဲဒီလိုပစ်ဒဏ်ချမှတ်နိုင်တဲ့ဆိုက်ဘာလုံခြုံရေးဥပဒေကိုနလအက ၂၀၂၅ ခုနှစ်၊ဇန်နဝါရီ ၁ ရက်မှာ ပြဋ္ဌာန်းခဲ့တာလည်းဖြစ်ပါတယ်။

အဲဒါအပြင်အင်တာနက်လိုင်း၊ဖုန်းလိုင်းနဲ့ VPN လိုင်းတွေဟာမြို့ကြီးတွေမှာသာချိတ်ဆက်အသုံးပြုလို့ရတာဖြစ်ပြီးလက်နက်ကိုင်ပဋိပက္ခဖြစ်ပွားရာတွေနဲ့ တိုက်ပွဲတွေဖြစ်ပွားရာဒေသတွေမှာတော့အင်တာနက်လိုင်းတွေဟာယနေ့အထိအသုံးပြုလို့မရသေးဘူးလို့လည်း VOM က စုံစမ်းသိရှိရပါတယ်။

“စစ်ကိုင်းမှာဆို VPN မပြောနဲ့အခုအထိအင်တာနက်လိုင်းနဲ့ ဖုန်းလိုင်းတွေဘာတခုမှသုံးလို့မရဘူး၊မမိပါဘူး”လို့လက်နက်ကိုင်ပဋိပက္ခဖြစ် ပွားရာဒေသက ပြည်သူတယောက်ကထပ်လောင်းပြောပြခဲ့ပါတယ်။

သက်ဆိုင်ရာအာဏာပိုင်တွေဘက်က ၂၀၂၅ ခုနှစ်၊ဇွန်လကစတင်လို့ အင်တာနက်ပိတ်ပင်မှုတွေအပါ အဝင် VPN ဆာဘာတွေကိုပြန် လည်ဖျက်ချမှုတွေနဲ့ ဘန်းတာတွေလည်းရှိနေတယ်လို့နည်းပညာကျွမ်း ကျင်သူတွေက ပြောပါတယ်။

အာဏာပိုင်တွေဘက်ကဒီလိုပြုလုပ်ရတာဟာအီလက်ထရောနစ်နည်းပညာအသုံးပြုပြီးဆိုက်ဘာတိုက် ခိုက်နိုင်ခြင်းကြောင့်နိုင်ငံအချုပ် အခြာအာဏာနဲ့တည်ငြိမ်အေးချမ်းရေးကိုထိခိုက်စေခြင်းတို့မှကာကွယ်ဖို့အပါအဝင်ဆိုက်ဘာမှုခင်းတွေကိုထိထိရောက်ရောက်စုံစမ်းဖော်ထုတ်အရေးယူနိုင်ဖို့အတွက်ဆိုက်ဘာဥပ ဒေမှာပြဋ္ဌာန်းဖော်ပြထားပါတယ်။

လက်ရှိမှာ လူတော်တော်များများ VPN အသုံးပြုလို့မရတဲ့ ပြဿနာ ကြုံနေရပါတယ်။

လူသုံးများတဲ့ VPN တွေတစ်ခုမှ အသုံးပြုမရတော့တဲ့ အချိန်မှာ လိုင်းကောင်းကောင်းနဲ့ အသုံးပြုလို့ရမယ့် အကောင်းဆုံး VPN ဆော့ဝဲတွေကိုမျှဝေပေးလိုက်ပါတယ်။

VPN (1)

VPN (2)

VPN (3)

VPN ၅ မျိုး စုစည်းမှု


Comments

Leave a Reply

Your email address will not be published. Required fields are marked *