📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန်
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

စာသင်နေတဲ့ သားတစ်ယောက် သေဆုံးခဲ့ရတဲ့ မိခင်မုဆိုးမတစ်ယောက်ရဲ့ ရင်ဖွင့်သံ (ရုပ်/သံအင်တာဗျူး)

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၂ ရက်၊ ညဉ့်သန်ခေါင်ယံ ၁ နာရီကျော်အချိန်မှာ ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ သရက်တပင်ကျေးရွာက ပညာပန်းခင်းနဲ့ အမြင်သစ်ကိုယ်ပိုင်အထက်တန်း (ဘော်ဒါ)ကျောင်းနှစ်ကျောင်းကို အကြမ်းဖက်စစ်တပ်က ပေါင် ၅ဝဝ ဗုံးနှစ်လုံးနဲ့ ကြဲချတိုက်ခိုက်ခဲ့ပါတယ်။

အဲလိုဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် ကျောင်းသူ၊ ကျောင်းသား ၂ဝ ကျော်သေဆုံးပြီး ၂ဝ ကျော်ဒဏ်ရာရသွားခဲ့ပါတယ်။

စာအံသံတွေ ဆိတ်သုဉ်းကာ ကျောင်းသူ/ကျောင်းသားတွေ သေဆုံးခဲ့ရတဲ့ အဲဒီဖြစ်ရပ်ဆိုးကြီးကို အကြမ်းဖက်စစ်တပ်ကတော့ ဒီကျောင်းတွေဟာ အာရက္ခတပ်တော်(AA)ရဲ့ စစ်သင်တန်းကျောင်းဖြစ်တယ်လို့ စွပ်စွဲပြောဆိုခဲ့ပါတယ်။

သေဆုံး၊ ဒဏ်ရာရသွားတဲ့ ကျောင်းသူ၊ ကျောင်းသားတွေရဲ့မိဘတွေက ဒီကျောင်းတွေဟာ အကြမ်းဖက်စစ်တပ်က စွပ်စွဲသလိုမျိုး AA ရဲ့စစ်သင်တန်းကျောင်းမဟုတ်ဘဲ သူတို့သားသမီးလေးတွေ ပညာတတ်စေဖို့ မရှိမဲ့ရှိမဲ့နဲ့ ရှာဖွေစုဆောင်းပြီး ပညာသင်ပေးထားရတဲ့ တကယ့်စာသင်ကျောင်းတွေသာဖြစ်တယ်လို့ နိရဉ္စရာကို အခိုင်အမာပြောဆိုကြပါတယ်။

ဒါကြောင့် စာသင်နေတဲ့ အပြစ်မဲ့ ကျောင်းသူ၊ ကျောင်းသားလေးတွေကို ဗုံးကြဲတိုက်ခိုက်တဲ့ အကြမ်းဖက်စစ်တပ်အပေါ် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာက အပြစ်ပေးအရေးယူပေးစေချင်တယ်လို့လည်း တောင်းဆိုလိုက်ကြပါတယ်။

အဲဒီထဲမှာ မြောက်ဦးမြို့နယ်၊ စေတီတောင်ကျေးရွာသစ်က မိခင်မုဆိုးမတစ်ယောက်ဖြစ်တဲ့ ဒေါ်ကျန်စိန်ဟာလည်း သားဖြစ်သူကို ပညာတတ်ကြီးဖြစ်စေချင်တဲ့ ဆန္ဒကြောင့် မစားရဲ မသောက်ရဲဘဲ ခြိုခြံချွေတာကာ သရက်တပင်ကျေးရွာက ကိုယ်ပိုင်အထက်တန်း (ဘော်ဒါ)ကျောင်းမှာ ပညာသင်စေခဲ့ပါတယ်။

ဒါပေမဲ့ အကြမ်းဖက်မြန်မာစစ်တပ်ရဲ့ ကိုယ်ပိုင်ကျောင်းကို ရက်ရက်စက်စက် ဗုံးကြဲတိုက်ခိုက်သတ်ဖြတ်မှုကြောင့် သူမရဲ့ သားအပေါ်ဖြစ်စေချင်တဲ့ မျှော်လင့်ချက်အိမ်မက်တွေဟာ ဗုံးဆံတွေကြားမှာ လွင့်စင်ကျိုးပျက်သွားခဲ့ရပါတယ်။

အဆိုးဆုံးက သူမရဲ့သားအပါအဝင် ကျောင်းသား/ကျောင်းသူ ၂၀ ကျော်ရဲ့ အသက်ကို အကြမ်းဖက်မြန်မာစစ်တပ်က ယုတ်မာစွာ နုတ်ယူသွားပါတယ်။ သားတစ်ယောက်ဆုံးရှုံးလိုက်ရဲ့ မိခင်မုဆိုးမတစ်ယောက်ရဲ့ ဖြေမဆည်နိုင်တဲ့ ရင်ထဲက ခံစားချက်တွေကို တွေ့ဆုံမေးမြန်း တင်ဆက်ပေးလိုက်ပါတယ်။

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်