မိုးကုတ်မှာ ဘာကြောင့် ကြက်ခြံလို ဖူဆယ်ကွင်းလိုအဆောင် အရှည်တွေ အဆောင် ကြီးတွေ လေကြောင်း တိုက်ခိုက်ခံနေရတာလဲ…..?
ဖော်ပြထားတဲ့ ပုံတွေကိုကြည့်ပါ…
အများစု လေကြောင်းတိုက်ခိုက်ခဲ့တဲ့ နေရာတွေ အနီးမှာ
အဆောက်အဦးအကြီးတွေရှိကြပါတယ်
အချို့နေရာတွေကတော့ အားလုံးသိသလိုပဲ ရှိတာသိလို့
လာကျဲတာဟုတ်တယ် ဥပမာ ရွှေလိပ်ပြာလိုနေရာမျိုးတွေ…
အခုနောက်ပိုင်း ကြက်ခြံ တွေ ဖူဆယ်ကွင်းတွေ
သိသာထင်ရှားတဲ့ အဆောက်အဦးအကြီးတွေ အရှည်တွေ ကို
ပစ်မှတ်ထားပီး တိုက်ခိုက်လာနေပါတယ်
အဲ့တော့…ဗျာ
အဖွဲ့အစည်း မရှိဘူးဆိုရင်တောင် အဆောက်အဦးအကြီးတွေ အဆောက်အဦးတန်းလျားရှည် ပုံစံမျိုးတွေ ရှိတဲ့ နေရာတွေအနီးမှာ ရှိရင်
ပိုပြီးတော့ သတိထားကြဖို့ လိုပါတယ်
လူယုတ်မာ များက သတင်းမရရင်တောင်
ရှိမယ် ထင်တဲ့ နေရာမျိုးတွေကို ရွေးပြီး လေကြောင်းတိုက်ခိုက်နေတာမို့
ငါကတော့ ဝေးတယ် လွတ်တယ် ဆိုတာထက်
ကိုယ့်အနီးနားက
အဆောက်အဦးအနေအထားပေါ် မူတည်ပီး
ပိုပြီးတော့ သတိထားဖို့ လိုပါတယ်…
ဥပမာ စာသင်ကျောင်းတွေ ဘုန်းကြီးကျောင်းတွေ အလုပ်သမားတန်းလျားရှည်တွေ ဆိုင်ခန်းအရှည် တွေ… လုံးချင်းကြီးတဲ့ Rcတိုက်ကြီးတွေ… အားကစားကွင်းအဆောင်တွေ…. ကြက်ခြံတန်းလျားရှည်တွေ…. ဓမ္မာရုံအကြီးတွေ
အများအားဖြင့် အဆောက်အဦးတစ်ခုတည်း နဲ့ လူဦးရေ ဆယ်ဂဏန်းကနေ ရာဂဏန်းဝန်းကျင် နေထိုင်လို့ရနိုင်တယ် ထင်တဲ့ အဆောက်အဦးတွေ က ပစ်မှတ်ထားခံရနိုင်ပါတယ်…
လေကြောင်း သတင်း အသံကိုလဲ ကိုယ်နဲ့မဆိုင်သလိုမနေပဲ အချိန်တိုင်းဂရုစိုက်ဖို့လိုပါတယ်
နောင်ချိုမှ အရှေ့မြောက် ကျောက်မဲမှအရှေ့မြောက် ပြင်ဦးလွင်မှအရှေ့မြောက်
စသဖြင့် ကနေ လေယဥ်လမ်းကြောင်းပျောက်နေပါတယ် ဆိူလဲ ပိုပြီးဂရုစိုက်သင့်ပါတယ် …..
ဖူဆယ်ကွင်းမကျဲခင် ကတည်းက လေယဥ်လမ်းကြောင်းပျောက်နေလိူ့ ဂရုစိုက်ပေးကြပါလို့ လေကြောင်းအသံလွှင့်တာ ကြားမိကြမှာပါ….











မိုးကုတ်သူမိုးကုတ်သားများ အားလုံးအတွက် စေတနာဖြင့်….
အမည်မဖော်လိုသူ တစ်ဦး


Leave a Reply