📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန်
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

ရပ်ကွက်တွေထဲမှာ စစ်မှုထမ်းမပါချင်ရင်

မန္တလေးက ရပ်ကွက်တွေထဲမှာ တချို့ စစ်မှုထမ်းမပါချင်ရင် ပျူလူမိုက်တွေ၊ အရပ်ခေါ် ဇိုးထဲဝင်ပြီး စခတွေ ကိုယ်စား လှည့်ကင်းလှည့်၊ လောင်းကစားဝိုင်း ပိုက်ဆံကောက် လုပ်ပေးရတယ်။

W ကားတွေနဲ့ ထောင်ထောင် ထောင်ထောင် လုပ်လို့ရလို့ အရပ်ထဲ ကောင်းကောင်းမွန်မွန် လုပ်မစားချင်တဲ့ ကောင်တွေလည်း ဝင်ကြတယ်။

အရက်ဆိုင်မှာဆို တရုန်းရုန်းပဲ အဖွဲ့လိုက်ကြီး။

သူတို့အခေါ် ခြံထဲသွားမယ်လို့ ပြောကြတယ်။

ခြံဆိုတာ ခြံကျယ်ကြီးတွေမှာ စုရပ်လုပ်ပြီး ဇိုးတွေ၊ ပျုတွေ စတည်းချကြတာ။

မန္တလေးမှာ ခြံတွေ တော်တော်များတယ်။

အစက ငွေရ ချောင်တာရယ် စစ်မှုထမ်း မပါချင်တာရယ် ဆိုပေမယ့် နောက်ပိုင်း ရပ်ကွက်ထဲက အလုပ်အကိုင်မရှိ၊ လက်ကြောမတင်း အရက်သမား၊ ဆေးသမားတွေ အများကြီး ၀င်ကြတယ်။

မြို့ထဲတင် တောင်ပတ်မြောက်ပတ် လူစု တန်းစီ။

ပြီးရင် လောင်းကစားဝိုင်းတွေ ပိုက်ဆံ ပတ် တောင်း။ အရက်ဆိုင်ထိုင်။

ပုံဝိုင်းလို့ခေါ်တဲ့ မင်သား မင်းသမီးပုံတွေနဲ့ ခြောက်ကောင်ဂျင်လို ထိုးရတဲ့ လောင်းကစားဝိုင်း တွေမှာ ဟောင်ဖွာ ဟောင်ဖွာနဲ့။

အဲ့လို၀င်ထားရင် အနေစား ချောင်မယ်၊ ရှေ့တန်းမလိုက်ရဘူး ဆိုပြီး မန္တလေးထဲတင် ပတ်ဒိုးနေရတာလေ။

W တွေ စီးပြီး ကားမောင်းရင်လည်း တရကြမ်း။ မဖယ်ရင် ၀င်တိုက်တာ။

လှည့်တောင် မကြည့်ဘူး။

သူတို့ကားကို ကျော်ရင်လည်း မကြိုက်ဘူး။

သူတို့ကားလာလို့ မဖယ်ပေးလည်း ရန်ရှာ ခံရတာ။

သူတို့စီးတာ ကားအနက် Mark II တွေ များတယ်။

ရှေ့ဒက်ဘုတ်မှာ မြန်မာအလံ​လေးတွေ တင်ထားရင် သူတို့ပဲ။

အိုး​​ဝေ မောင်းတဲ့ကောင်တွေထဲ မှာလည်း ပျူထဲ၀င်ထားတဲ့ကောင်တွေရှိတယ်။

ခုတော့ အဲ့ကောင်တွေ မမြင်မိဘူး။ ပျောက်နေကြတယ်။

ရှေ့တန်းတွေ ပါကုန်ပြီ ပြောတယ်။

(အခု မတ္တရာနားမှာ လူသားဒိုင်း လုပ်ပြီး ထိုးနေရတာ အဲ့ဒီကောင်တွေ ဖြစ်မယ်)

သူတို့က အတင်း အကြပ် စစ်မှုထမ်း ဆွဲခံရတဲ့သူတွေ မဟုတ်ဘူး။

အနေအစား ချောင်လို့ ပျူလုပ်ရင်း ရှေ့တန်း ပို့ခံရတာ။

မိရင် သူတို့ကိုယ် သူတို့ ပစတွေလို့ ပြောလိမ့်မယ်။

ဘာပစမှ မဟုတ်ဘူး။

ရပ်ကွက်ထဲမှာ ပတ် ရန်ရှာနေတဲ့ ဇိုးတွေ၊ ပျူတွေပါ။

(မန္တလေးက ညီအစ်ကို တစ်ယောက် ပေးပို့တာလေး ဆီလျော်အောင် ပြန်ရေး ထားတာပါ)

Zin Thaw Naing

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်