တရုတ်ဖိအားကြောင့် မိုးကုတ်ကနေ ဆုတ်ခွါပေးဖို့သဘောတူရတဲ့အထိ TNLA ကို အပြစ်မတင်ရက်သေးဘူး။ အခု အကြမ်းဖက်တွေ အန္တရယ်ကင်းကင်းဝင်လာနိုင်ဖို့ TNLA က PDF တွေတပ်စွဲထားတဲ့နေရာအထိ တပ်ဖြန့်ပြီးကာကွယ်ပေးမယ်ဆိုတာက များသွားပြီလို့ပြောရမယ်။

ဒါက တရုတ်ဖိအားမဟုတ်တော့ဘူး၊ အကြမ်းဖက်စစ်တပ်နဲ့ အပေးအယူသဘောလုပ်တာဆိုတာ သိသာလွန်းအားကြီးသွားပြီလို့ပြောချင်တယ်။ အသေခံတိုက်ယူ၊ သိမ်းယူတုန်းက PDF တွေရဲ့အသက်တွေအများကြီးစတေးခဲ့ရပြီး ဘယ်လိုမှအပြန်အလှန်၊ အသိအမှတ်ပြုလေးစားမှုမရှိတာ စိတ်ထဲတော်တော်ဘဝင်မကျဖြစ်တယ်။
၁၀၂၇ စစ်ဆင်ရေးမှာ MNDAA ၊ TNLA တို့နှင့် သွားပေါင်းတိုက်တဲ့ PDF တွေက NUG ကို ခွင့်ပြုချက်တောင်းပြီး ၊ အသိပေးပြီးသွားပူးပေါင်းတာမဟုတ်ခဲ့ဘူး။ NUG နှင့် MNDAA , TNLA တို့ညှိနှိုင်း၊ နိုင်ငံရေးစစ်ရေးမဟာဗျုဟာချပြီးတိုက်ခဲ့တာမဟုတ်တော့ ERO တွေက ဘာနိုင်ငံရေးဩဇာမှမရှိတဲ့ PDF တွေကို ဖုတ်လေတဲ့ငပိရှိတယ်လို့တောင်မမြင်ပဲ သူတို့ဆက်ဆံချင်သလိုဆက်ဆံကြတာဖြစ်တယ်။
NUG အနေနဲ့က သူနဲ့သဘောတူထားတာလည်းမရှိ၊ နိုင်ငံရေး စစ်ရေးမဟာဗျုဟာ အတူတူချထားတာလည်းမဟုတ်ပဲ PDF တွေက သူတို့သဘောနဲ့သူတို့လုပ်ချင်တာလုပ်ထားကြတာကို လိုက်ပြီးပြောနေဖို့၊ တားဆီးဖို့ခက်ခဲခဲ့သလို ၊ အခုလိုအခြေအနေကြမှ TNLA ကိုသွားပြောရတာလည်းခက်ခဲနေတယ်။ NUG နှင့် KIA ပူးတွဲအကောင်အထည်ဖော်တဲ့ ‘စစ်ဒေသ ၁ ‘လိုမျိုးကိစ္စမျိုးဆိုရင် PDF တွေကို KIA အနေနဲ့ လေးလေးစားစားတာဝန်ယူမှုအပြည့်နဲ့ဆက်ဆံလုပ်ကိုင်ကြတာတွေ့ရမယ်။

PDF တွေက သူတို့သဘောနဲ့သူတို့ ၊ NUG ဆိကခွင့်ပြုချက်မတောင်း ၊ NUG ကိုအသိမပေးပဲ ဘာနိုင်ငံရေး၊ စစ်ရေးသဘောတူညီချက်မှမရှိ ၊ သူတို့ပေါင်းချင်သလိုသွားပေါင်းပြီး အခုလိုဖြစ်လာမှ NUG ဘာလုပ်မှလည်းဆိုတာက NUG ကို သက်သက်အပြစ်မရှိအပြစ်ရှာတာဖြစ်တယ်။ NUG လည်းတတ်နိုင်သလောက်ပြောဆိုညှိနှိုင်းတယ်။ ဘာသဘောတူညီချက်မှမရှိတော့ ပြောရတာခက်တယ်။
၁၀၂၇ က NUG နှင့်မဆိုင်ဘူးလို့ အော်ခဲ့ကြတာဖြစ်တယ်။ အခုလိုဖြစ်မှ NUG ကိုအတင်းဆိုင်ခိုင်းနေကြတယ်။ NUG နှင့် နိုင်ငံရေးအရပူးပေါင်းဆောင်ရွက်တဲ့ KIA အောက်မှာလက်တွဲလုပ်တဲ့ PDF တွေနဲ့ ၊ MNDAA , TNLA တို့ကိုကိုယ့်ဖာကိုယ်သွားရောက်ပူးပေါင်းတဲ့အဖွဲ့တွေ ကွာခြားတယ်။
ဒါဟာ သင်ခန်းစာဖြစ်တယ်။ သင်ယူတတ်ကြဖို့လိုတယ်၊ ပြင်ဆင်ကြဖို့လိုတယ်။နိုင်ငံရေးဟာ စစ်ရေးရဲ့အထက်မှာရှိတယ်၊ အရာရာအားလုံးရဲ့အထက်မှာ နီုင်ငံရေးရှိတယ်ဆိုတာကို နားလည်သဘောပေါက်ကြဖို့လိုတယ်။ပြည်မဒေသမှာ PDF တွေအားလုံး၊ တပ်တော်အမည်ခံတွေအားလုံး၊ စစ်ဦးစီးချုပ်တွေအားလုံး ၊ စစ်ကော်မရှင်ဥက္ကဌတွေအားလုံး NUG ရဲ့ အမိန့်ပေးမှုစနစ်အောက်မှာ၊ CoC အောက်မှာချွင်းချက်မဲ့ရောက်ဖို့လိုတယ်။ NUG အောက်မှာ တစုတစည်းထဲမဟုတ်ပဲ အကြမ်းဖက်စစ်တပ်ကိုယှဉ်နိုင်မှာမဟုတ်သလို ERO တွေရဲ့လေးစားမှုလည်းမရနိုင်ဘူးဆိုတာနားလည်ရမယ်။

NUG နှင့် ERO တွေနိုင်ငံရေး၊ စစ်ရေးမဟာဗျုဟာချတိုက်ကြတာမျိုးမဟုတ်ပဲ ၊ PDF တွေက ကိုယ့်သဘာနဲ့ကိုယ် ERO တွေနဲ့သွားပူးပေါင်းပြီးတိုက်တာဟာ က ကိုယ့်ကိုအသုံးချယုံသက်သက်ကနေပိုလာမှ,မဟုတ်ဘူး။ ဒါကလက်တွေ့ပဲဖြစ်တယ်။ ဒါက ခါးသီးတဲ့အမှန်တရားဖြစ်တယ်။
MyonYan Naung Thein


Leave a Reply