အမျိုးသားအစောင့်တပ်ဖွဲ့ဝင်နှစ်ဦးဟာ ဒီကနေ့ မွန်းလွဲပိုင်းမှာ ဝါရှင်တန်ဒီစီရှိ အိမ်ဖြူတော်အနီးမှာ ပစ်ခတ်ခံရပြီး ပြင်းထန် ဒဏ်ရာရသွားခဲ့တယ်လို့ ပြည်နယ်အုပ်ချုပ်ရေးမှူးက ပြောကြားခဲ့ပါတယ်။

အနောက်ဗာဂျီးနီးယား အမျိုးသားအစောင့်တပ်ဖွဲ့ဝင်နှစ်ဦးဟာ ပစ်ခတ်ခံရခြင်းမပြုမီ သံသယရှိသူနဲ့ သေနတ်ပစ်ခတ်မှုတွေဖြစ်ပွားခဲ့တယ်လို့ ဥပဒေစိုးမိုးရေးသတင်းရင်းမြစ်နှစ်ခုက ပြောကြားခဲ့တယ်လို့ CNN သတင်းမှာ ဖော်ပြပါတယ်။

သံသယရှိသူကို ဖမ်းဆီးထိန်းသိမ်းပြီး အခင်းဖြစ်ပွားရာနေရာကနေ ထမ်းစင်နဲ့ ရွှေ့ပြောင်းခဲ့ကြောင်း သတင်းရင်းမြစ်များက ပြောကြားခဲ့ပါတယ်။

အစောင့်တပ်ဖွဲ့ဝင်တွေ သေဆုံးကြောင်း ကနဦးသတင်းထွက်ပေါ်ခဲ့ပါတယ်။

ဒီသတင်းမထွက်ပေါ်မီ သမ္မတဒေါ်နယ်ထရမ့်က လူမှုမီဒီယာမှာ သေနတ်သမားဟာ “ပြင်းထန်စွာ ဒဏ်ရာရရှိ” ပြီး “ တန်ဖိုးကြီးကြီး ပေးဆပ်ရမယ်” လို့ ပြောကြားခဲ့ပါတယ်။

အနောက်ဗာဂျီးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူးက လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ဒဏ်ရာရသွားခဲ့ပြီး ရဲတပ်ဖွဲ့က သံသယရှိသူတစ်ဦးကို ဖမ်းဆီးထားကြောင်း ပြောကြားခဲ့ပါတယ်။

Ref: CNN


Leave a Reply

Your email address will not be published. Required fields are marked *