ကိုကျော်ကိုကိုနဲ့ အင်တာဗျူး
စစ်အုပ်စုဟာ တရုတ်နိုင်ငံနဲ့ပေါင်းပြီး TNLA ကိုစစ်ရေး၊ စီးပွားရေး၊ နိုင်ငံရေးဘက်ပေါင်းစုံကနေ ဖိအားပေးအကျပ်ကိုင်ခဲ့ပါတယ်။
TNLA ဘက် ဘယ်လိုတွေးခေါ်မြော်မြင်ပြီး မိုးကုတ်ကို စစ်အုပ်စုလက်ထဲ ပြန်အပ်လိုက်တာပါလဲ။
TNLA ရင်ဆိုင်ရတဲ့ ဖိအားက ဘယ်လောက်ကြီးပါသလဲ။ မိုးကုတ်မြို့ကို ခုခံကာကွယ်မယ်ဆိုတဲ့ တော်လှန်ရေးအဖွဲ့တွေ တကယ်ခုခံနိုင်မဲ့အနေအထားရှိရဲ့လား၊ ဆုတ်ပေးလိုက်ကြရပြီလား။
“စစ်အာဏာရှင်စနစ်ရှိနေသေးသရွေ့ကိုယ်ရထားတဲ့မြို့တွေဆိုတာကလည်း အပိုင်မဟုတ်ဘူး”
“မြို့ကိုသိမ်းရတာလွယ်တယ်၊ ထိန်းရတာခက်တတ်ပါတယ်”
“မြောက်ပိုင်းညီနောင်အဖွဲ့တွေကို လူထုထောက်ခံမှုမြင့်မားနေတာကို ပုံဖျက်ဖို့ စိတ်ဓာတ်စစ်ဆင်ရေး စနစ်တကျလုပ်တာပါပဲ”
မိုးကုတ်မြို့ထဲကို စစ်ကောင်စီတပ်တွေ နိုဝင်ဘာလ ၂၇ ရက်ည ၁၁ နာရီမှာ ပြန်ဝင်လာတော့မယ်လို့ အခိုင်အမာသတင်းရရှိထားပါတယ်။
အဲသလို ဝင်ရောက်မလာခင် TNLA နယ်မြေထဲမှာရှိနေတဲ့ ဆိုရှယ်ဒီမိုကရက်တစ်ပါတီ အထွေထွေ အတွင်းရေးမှူး ကိုကျော်ကိုကိုနဲ့ ဆက်သွယ်မေးမြန်းထားပါတယ်။


Leave a Reply