ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ အမှတ် (၂) စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ (၂၂)ရဲ့ တပ်ရင်းတပ်ဖွဲ့တွေဟာ လတ်တလော စစ်ရေးအရှိန်မြှင့်နေတာကြောင့် ပြည်သူတွေအနေနဲ့ စစ်ကောင်စီနဲ့ ဝေးဝေးနေကြဖို့ ဗျူဟာ (၂၂)တာဝန်ခံက သတိပေးပြောပါတယ်။

နိုဝင်ဘာလကုန်ပိုင်းမှာဗျူဟာ(၂၂)ရဲ့စစ်ဆင်ရေးနယ်မြေအတွင်းစစ်ကောင်စီတပ်တွေကို တိုက်ခိုက်တဲ့ စစ်ဆင်ရေးတွေ ဆက်တိုင်ဖော်ဆောင်နေတဲ့အခြေအနေနဲ့ပတ်သက်ပြီး မေးမြန်းရာမှာ ဗျူဟာ (၂၂) တာဝန်ခံက အခုလို ပြောပြတာပါ။
“မကြာခင်လည်းစစ်ရေးတွေအရှိန်မြှင့်လာနိုင်တာမို့အကြမ်းဖက် စစ်တပ်နဲ့ ဝေးဝေးနေပေးကြပါ။နောက် ဗျူဟာ(၂၂) ကွပ်ကဲမှု အောက်က တပ်ရင်းတပ်ခွဲနဲ့ ပကဖတွေကိုလည်း ယုံယုံကြည်ကြည်နဲ့ ထောက်ပို့ပေးကြပါ”လို့ ဗျူဟာ(၂၂)တာဝန်ခံက ပြောပါတယ်။
ဗျူဟာ(၂၂)ရဲ့စစ်ဆင်ရေးနယ်မြေကသာယာ၀တီခရိုင်နဲ့ ပဲခူးခရိုင် တပ်ရင်းတွေ ပါဝင်တယ်လို့လည်း အသိပေးပါတယ်။

ဒါ့အပြင် မကြာခင်မှာ ပြုလုပ်မယ့် အတုအယောင် ရွေးကောက်ပွဲမှာ မပါဝင်ကြဖို့၊ စည်းရုံးလှုံ့ဆော်တာ ပါဝင်အားဖြည့်တာတွေမလုပ်ဖို့လည်း ဗျူဟာ (၂၂) တာဝန်ခံက တိုက်တွန်းပါတယ်။
ဗျူဟာ (၂၂)ရဲ့ တပ်ရင်းတပ်ဖွဲ့တွေဟာ နိုဝင်ဘာ နောက်ဆုံးအပတ်က ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ ပေါင်းတည်မြို့နယ်၊ ကြို့ပင်ကောက်မြို့နယ်၊ နတ်တလင်းမြို့နယ် စတဲ့ မြို့နယ်တွေက စစ်ကောင်စီ တပ်ဖွဲ့တွေ ဂိတ်စခန်းတွေကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် သေဆုံးထိခိုက်ရှိခဲ့ပြီး လက်နက်ခဲယမ်းအချို့သိမ်းရခဲ့ပါတယ်။

လက်ပံတန်းမြိုနယ်၊ ကျောက်တွင်းကျေးရွာ လမ်းဆုံရှိ စစ်တပ်ဂိတ်စခန်းကို နိုဝင်ဘာ ၃၀ရက်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က ၅ဦး သေဆုံးကာ လက်နက် ၂လက်နဲ့ ခဲယမ်းတွေသိမ်းရခဲ့ပါတယ်။ အဲဒီစစ်ဆင်ရေးကို ဗျူဟာ (၂၂)၊ အမှတ်(၃၈၀၂) တပ်ရင်း၊ တပ်ခွဲ (၂)၊ ရွှေတန်းမြေ(ပကဖ)၊ လက်ပံတန်းမြိုနယ်(ပကဖ) အထူးတိုက်ခိုက်ရေးအဖွဲတို့က ဖော်ဆောင်ခဲ့တာပါ။
နတ်တလင်းမြိုနယ်၊ ရှားဖြူကုန်းကျေးရွာရှိ စစ်တပ်ဂိတ်စခန်းကို နိုဝင်ဘာ ၂၆ရက် တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲဝင် ၂ဦးသေဆုံးကာ ကျန်သူတွေ ဂိတ်စခန်းကို စွန့်ခွာထွက်ပြေးသွားတယ်လို့ဆိုပါတယ်။

စစ်တပ်ဂိတ်စခန်းက စစ်ကောင်စီတပ်ဖွဲဝင်တွေအသုံးပြုတဲ့ ဆိုင်ကယ်နဲ့ အခြားစစ်သုံးပစ္စည်းတွေ သိမ်းရတယ်လို ဗျူဟာ (၂၂)က ထုတ်ပြန်ထားပါတယ်။အဲဒီ စစ်ဆင်ရေးကို အမှတ် (၂) စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ (၂၂)၊ အမှတ်(၃၈၀၁) တပ်ရင်း၊ တပ်ခွဲ(၆)၊ နတ်တလင်းမြိုနယ်ပကဖ တိုပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် သာယာဝတီခရိုင်၊ ပေါင်းတည်မြိုနယ်၊ ပန်းသင်းပင်ကျေးရွာကနေဆိုင်ကယ်တွေနဲ့ ထွက်လာတဲ့စစ်ကောင်စီတပ်ဖွဲတွေကိုလည်း အမှတ် (၃၈၀၁) တပ်ရင်းရုံး ရဲဘော်တွေက ဒီကနေ့ မနက်ပိုင်းမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲဝင် ၁ဦးသေဆုံးကာ ၁ဦး ဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။

နိုဝင်ဘာ၂၃ရက်ကလည်း ပဲခူးတိုင်း စစ်ဌာန ဗျူဟာ ၂၂ တပ်ရင်း(၃၈၀၂) တပ်ခွဲ(၄) ရဲဘော်တွေဟာ သာယာ၀တီခရိုင် ကြိုပင်ကောက်မြိုအဝင် စစ်ကောင်စီ ဂိတ်စခန်းကို တိုက်ခိုက်ခဲ့ရာ ဒုရဲအုပ်ကျော်ဇင်ထွန်း အပါအဝင် စစ်ကောင်စီတပ်ဖွဲဝင် ၅ဦးသေဆုံးကာ ၂ဦးထက်မနည်း ဒဏ်ရာရခဲ့ပြီးလက်နက်အချို သိမ်းရခဲ့တယ်လို အမှတ်(၂) စစ်ဆင်ရေးနယ်မြေက အသိပေးထားပါတယ်။
ဒါ့အပြင်ပေါင်းတည်မြိုနယ်မှတ်တိုင်နယ်မြေရဲစခန်းက ကျောက်ကြီးတောင် အထိုင်တပ်စခန်းကို အင်အားဖြည့်တင်းဖို စစ်ကောင်စီတပ်ဖွဲဝင် ၃၀ ဦးခန့်တင်လာတဲ့ ကားကို ဗျူဟာ (၂၁) PDF တပ်ရင်း(၃၆၀၁) တပ်ခွဲ(၅)က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို ထုတ်ပြန်ထားပါတယ်။

နိုဝင်ဘာ ၂၂ ရက်ကလည်း သာယာ၀တီခရိုင် ဇီးကုန်းမြိုနယ် KTV တခုမှာ မူးရူးနေတဲ့ စစ်တပ်လက်အောက်ခံ ရဲနဲ့ ပြည်သူ့စစ်တွေကို ဗျူဟာ (၂၂) တပ်ရင်း(၃၈၀၁) တပ်ရင်းက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲဝင် ၅ဦးသေဆုံးကာ လက်နက်အချို သိမ်းရခဲ့ကြောင်း အမှတ်(၂) စစ်ဆင်ရေးနယ်မြေက ထုတ်ပြန်ထားပါတယ်။
(ပဲခူးတိုင်းစစ်ဌာန၊ဗျူဟာ(၂၂)က ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ – ဗျူဟာ -၂၂)


Leave a Reply