ချင်းတိုင်းရင်းသား ဖိုက်တာ ဂျိုရှူအာဗန် UFC ဖလိုင်းဝိတ်တန်း ချန်ပီယံဖြစ်လာ

အမေရိကန်နိုင်ငံ၊ လတ်ဗီးဂပ်စ်မှာ ဒီဇင်ဘာ ၇ ရက် ဒီနေ့ကျင်းပတဲ့ UFC ဖလိုင်းဝိတ်တန်း ချန်ပီယံ ခါးပတ်လုပွဲမှာ မြန်မာကိုယ်စားပြု ချင်းတိုင်းရင်းသား ဖိုက်တာ ဂျိုရှူအာဗန်က လက်ရှိချန်ပီယံ ဘရာဇီးဖိုက်တာ ပန်တိုဂျာကို ပထမအချီမှာပဲ အနိုင်ရသွားပါတယ်။

ပွဲအစ တမိနစ်မပြည့်ခင် ပထမအချီ ၂၆ စက္ကန့်မှာပဲ ပန်တိုဂျာရဲ့ ခြေကန်ချက်ကို ဗန်က ဖမ်းဆွဲယူလိုက်ပြီးနောက် ဘရာဇီးဖိုက်တာ ပန်တိုဂျာအကျမှာ လက်ထိခိုက်သွားလို့ ဆက် မထိုးနိုင်တော့ဘဲ အရှုံးပေးလိုက်ရတာပါ။

အသက် ၂၃ နှစ်အရွယ် ဂျိုရှူအာဗန်ဟာ UFC ချန်ပီယံဖြစ်လာတဲ့ ပထမဆုံး မြန်မာဖိုက်တာ တယောက် ဖြစ်သလို အာရှနွယ်ဖွားတွေထဲမှာလည်း ပထမဆုံး ချန်ပီယံအဖြစ် မှတ်တမ်းဝင်သွား ပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *