ဂိမ်းစွဲနေတဲ့ဖခင်က သားလေးငိုလို့ ကလေးရဲ့ ဇာတ်ပိုးကို အားကြီးနဲ့ ရိုက်
ဒီလိုရိုက်ချင်းက ပထမအကြိမ်လဲ မဟုတ်ပါဘူးတဲ့
ဒီတစ်ခါက အရမ်းကြမ်းတယ်လို့ မိခင်ဖြစ်သူကပြောပါတယ်
8 လသား ကလေးဇတ်နေရာဆိုတာ နုနယ်ပြီး အခန့်မသင့်ရင် ကလေး tay သွားနိုင်တယ်နော်
11/7/2025 က ထိုင်းနိုင်ငံ ယာလာပြည်နယ်မှာနေတဲ့အမေ ဖြစ်သူက တိုင်ကြားလာတာဖြစ်ပါတယ်
ဖြစ်စဉ်က မိန်းမဖြစ်သူက ယောင်္ကျားဖြစ်သူကို လှမ်းပြောတယ် ယောင်္ကျား ဒီနေ့ မိန်းမအဖေက ကလေးနို့မှုန့် ဝယ်ဖို့ ပိုက်ဆံ 2000 ပေးလာတယ်ဆိုပြီးပြောလိုက်ချိန် မှာ ယောင်္ကျားဖြစ်သူက ငါ့မှာပိုက်ဆံမှမရှိတာ ဘယ်လို ဝယ်ပေးနိုင်မလဲဆိုပြီး အော်ကြီးဟစ်ကျယ် မိန်းမကို ပြန်ပြောပါတယ်
ထို့နောက် မိန်းမက သားလေးကို သူ့အဖေဆီ ခဏထား ပြီး နောက်ဖေးထဲ ငါးမိနစ်တောင်မကြာပဲသွားလိုက်တဲ့ချိန်မှာ မိခင်က သားလေး စူးစူးနစ်နစ် အော်ငိုသံကြားလို့ ချက်ချင်း အခန်းတံခါးဖွင့် ဝင်သွားကြည့်ချိန်မှာ အဖေကိုယ်တိုင်က 8 လသားလေးရဲ့ ဇာတ်ပိုးကို ဖျောင်းကနဲ ရိုက်ချလိုက်တာ တွေ့လိုက်ရတဲ့မြင်ကွင်းက အမေတစ် ယောက်ရဲ့ အသည်းကို အပ်နဲ့တစ်ပေါက်ချင်း ထိုးဖောက် နေသလို ခံစားလိုက်ရတယ် ကလေးရဲ့ဇာတ်နေရာဟာလဲ နီရဲထွက်သွားတာပါပဲ
ထို့ကြောင့် အမေဖြစ်သူဟာ ကလေးသူငယ်ပရဟိတလုပ်နေတဲ့ ဖီ့တွန့်အော့ဆီ
ဖုန်းဆက် တိုင်ကြားခြင်းနဲ့ အဖေရင်းကို တရားစွဲဆိုမှု ပြုလုပ်လိုက်ပါတယ်
ရဲစခန်းကတော့ မိသားစုပြသနာမို့ မှတ်ထားပေးရုံလေးပဲ ပြုလုပ်ထားပေးပါတယ်တဲ့
ဒါပေမဲ့ ကလေးသူငယ်ညှင်းပန်းတဲ့ ဥပဒေရှိတယ်လေ အဲဒါကြောင့် ဖီ့တွန့်အော့က ကိုယ်တိုင် သွားရောက်ကူညီ ပေးပါမယ်တဲ့
ဒီလို အဖေရင်းလဲရှိသေးတယ်
ဒီလိုအဖေမျိုး အဖေလုံးဝမဖြစ်ထိုက်ဘူး

Leave a Reply