မိဘကို ၅၀၀၀ ကျပ်ပေးမိလို့ ယောက်ျားက ဖိနပ်နဲ့ပါးရိုက်တာခံရတဲ့ မိန်းကလေး

တစ်ဦးတည်းသော သမီးလေးက သူတို့ကို ငွေ ၅၀၀၀ ကျပ်ပေးမိလို့ ယောက်ျားက ဖိနပ်နဲ့ပါးရိုက်တာခံရတာကြောင့် မယူရဲတော့တဲ့ မိဘနှစ်ပါး

သမီးလေးတစ်ဦးတည်းမွေးထားပြီး အိမ်ထောင်ကျသွားချိန်မှာ သမီးရဲ့ ခင်ပွန်းဖြစ်သူက မိဘတွေနဲ့ အတူမနေချင်လို့ သပ်သပ်ခွဲနေကြတဲ့ ဦးလေးဇနီးမောင်နှံက ကျန်းမာရေးလည်း မကောင်းသလို အိမ်ငှားခလည်း ပေးစရာမရှိဖြစ်နေတာကြောင့် အလှူရှင်တွေရဲ့စုပေါင်းအလှူအနေနဲ့ အလှူရှင်ညီမလေးတစ်ဦးက လှူပေးခဲ့တာပါ။

သမီးက တစ်ဦးတည်းသောသမီးဖြစ်ပြီး အရင်ကအတူနေကြသေးပါတယ်တဲ့။

နောက်ပိုင်း သပ်သပ်ခွဲနေကြတာကတော့ သမီးဖြစ်သူက သူတို့ကို ငွေ ၅၀၀၀ ကျပ်ပေးတာကိုတောင် သမက်ဖြစ်သူက ဖိနပ်နဲ့သမီးကိုပါးရိုက်တာကြောင့်ပါတဲ့။

သမီးတွေအိမ်မှာအတူနေစဥ်ကလည်း ဦးလေးတို့ဇနီးမောင်နှံအတွက် ချစ်ခင်ခင်မင်သူတချို့က လှူပေးတဲ့ ငွေလေးတွေနဲ့စားကြရတာလို့ ဆိုပါတယ်။

အခုကတော့ နေတဲ့နေရာပြောင်းသွားတာရော လက်ရှိပတ်ဝန်းကျင်ကသူတွေကလည်း မရှိတဲ့သူချင်းအတူတူမို့ အခက်အခဲလေးဖြစ်ခဲ့ရတာလို့ သိရပါတယ်။

သမီးဖြစ်သူဆီကတော့ တပြားမှမယူရဲ မတောင်းရဲတော့ဘူးလို့ ပြောပါတယ်။

ပြီးတော့ သမီးကသူတို့ဆီလာတိုင်းလည်း အရိုက်ခံရတာမို့ မခေါ်တော့ပါဘူးတဲ့လေ။

ဦးလေးက ဂေါက်ရောဂါနဲ့ ဦးလေးရဲ့ဇနီးက သည်းခြေလမ်းကြောင်းမှာ ကျောက်တည်နေတာမို့ ဆေးကုဖို့ငွေရယ် အိမ်ငှားခရယ် စားသောက်စရာတွေရယ်ကို ဦးလေးတို့ဇနီးမောင်နှံအတွက် အလှူရှင်တွေစုပေါင်းလှူဒါန်းပေးခဲ့ကြတာဖြစ်ပါတယ်


Comments

Leave a Reply

Your email address will not be published. Required fields are marked *