ပွဲတစ်ပွဲမှာပေါ့ ဆုချချင်တာ ရင်ဘတ်ထဲထည့်ချင်လို့ပါတဲ့
“အဲ အဲ့လိုတော့မရဘူးလေအကို” လို့ပြန်ပြောလိုက်တော့ လက်ထဲထည့်ပြီး
“နာမည်ဘယ်သူဆို &&& အဲ့လိုဆုချခံတာ ရတယ် ငါတို့ကဘာစိတ်မှမရှိပါဘူး”တဲ့
နာမည်ရနေတဲ့အဆိုတော်ဖြစ်နေလို့ ဒီဒီးအရမ်းအံ့ဩသွားတယ်
“ဟုတ်ကဲ့ ညီမကတော့မရပါဘူးအကို”လ်ို့ပြန်ပြောပြီး ကိုယ့်အလုပ်ကိုယ်လုပ်ခဲ့လိုက်တယ်
အကျင့်လုပ်သွားတဲ့အဆိုတော်ကိုလဲ အပြစ်မမြင်ပါဘူး
အတွေးအခေါ်အယူအဆလဲမတူနိုင်ကြဘူးလေနော်
ဒါပေမယ့် အနုပညာခုတုံးလုပ်ပြီး သရုပ်ပျက်တဲ့ပုံစံမျိုးတွေ အမြင်မသင့်တဲ့ပုံစံမျိုးတွေကို အကျင့်မလုပ်ဖို့မေတ္တာရပ်ခံချင်တယ်
ခေတ်ဆန်တာနဲ့ သရုပ်ပျက်ပြီးအောတာနဲ့ မတူပါဘူး
ပုခုံးဖက်မလား လက်ဆွဲမလား တူတူကကြမလား ဒါတွေကလက်ခံနိုင်တယ်
Performance လေ
ပွဲတစ်ပွဲမှာ ပရိတ်သတ်ပျော်အောင်လုပ်ပေးရမှာ ဒီဒီးတို့ဖျော်ဖြေရေးသမားတွေအလုပ်ပါ
ချစ်တဲ့စိတ်နဲ့ဆုချပေးတာလက်ခံပါတယ်
ဒါပေမယ့်…
နို့ ၂ လုံးကြားငွေထည့်ခံတဲ့ထိတော့ မလိုအပ်ဖူးထင်ပါတယ်
ကျမအနေနဲ့တော့ မလုပ်ပါနဲ့ မလုပ်ပါနဲ့ ဟိုးစတော့မလုပ်ပါနဲ့ 😅
ချစ်တဲ့ချစ်ပရိတ်သတ်ကြီး ညီကိုမောင်နှမတွေကိုလဲ အထှာကျစေချင်ပါတယ်
မအောစေချင်ပါဘူးရှင် ❣️
Event / Bar / Club / Festival ပွဲတွေထိဆိုခဲ့ဖူးပေမယ့် တစ်ခါမှမကြုံဖူးတဲ့စကားမျိုးပါ
နိုင်ငံခြား ထိုင်းဘက်မှာတော့ဒါမျိုးတွေမြင်ဖူးပါတယ်
ဒီနိုင်ငံမှာတော့မမြင်ဖူးမကြုံဖူးပါဘူး
ကိုယ်တွေ့ဖူးသမျှအဆိုတော် အကြီးရော/အငယ်ရော ရင်ဘတ်ကြားထဲထည့်ခံပီး ဆုချခံတာမျိုးတော့ မတွေ့ဖူးမကြုံဖူးပါဘူး ရှင်🙏🏻
မေမဒီ

Leave a Reply