📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန်
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

VPN များနှင့် ပတ်သက်၍ သတိပြုရန် ..

ဒီဇင်ဘာ ၊ ဇန်န၀ါရီ ၂လအတွင်းမှာ ကျွန်တော်တို့
သတိထား/စောင့်ကြည့်ခဲ့ပြီးပြီ ..
သေချာပြီမို့လို့ ပြောပါမယ် ..

တလရဘက်ကသူများ Groupတွေမှာ
အလကားပေးနေတဲ့ VPN Key တွေကို မသုံးပါနဲ့ ..
(ကျွန်တော် ပြင်းပြင်းထန်ထန် လုံး၀ သတိပေးပါတယ်..)

Mizzima သတင်းဌာနကလဲ ပြောလာပြီ ..
Photon VPN လို ကုမ္ပဏီကြီးကလဲ ပြောလာပြီဆိုတော့
ကျွန်တော် သေချာပြောပါတော့မယ် ..

စကစဟာ Firewall တင်မကပဲ VPN အတုတွေပါ
လုပ်ဆောင်နေ ပါတယ် .. အွန်လိုင်းပေါ်မှာ VPN
ရောင်းနေတဲ့သူတွေဟာ စကစ အလိုကျ
လုပ်နေသူတွေ ပါတယ် ..

သူတို့ဆီက ထုတ်ပေးလိုက်တဲ့ VPN Config (Key) တွေက
အီရန် နဲ့ ရုရှား ဆာဗာတွေဆီကို သွားနေတယ် ..
ဒါကို သုံးတဲ့သူတွေ လုံး၀မသိပါဘူး ..

Outline, V2RayNG, V2Box လို Client App တွေမှာ
ကိုယ့် VPN က ဘယ်ကို သွားချိတ်နေတာလဲ
ပြန်မစစ်ကြပါဘူး ..

အဲဒီ VPN Client App တွေမှာလဲ
ဘယ် နိုင်ငံကို တကယ်သွားနေတာလဲ သိနိုင်တဲ့
IP Address Checker တွေမပါပါဘူး ..
User က တခြား Third Party App / Website
တွေကို စစ်မှ သိနိုင်ပါတယ် ..

သုံးစွဲသူအများစုက အင်တာနက် ချိတ်လို့ရပြီး
ဖေ့ဘုတ်သုံးရင် ရပြီ .. ကျန်တဲ့လုံခြုံရေးကိစ္စ
ဂရုမစိုက်တာက အန္တရာယ်ရှိပါတယ် ..

အနည်းဆုံး IP Checker , WebRTC Leak တွေ
စစ်ကြည့် တတ်ဖို့ လိုပါတယ် .. လိုင်းကောင်းရင်ပြီးရော ၊
ဖေ့ဘုတ်သုံး လိုင်းချိတ်လို့ရရင် ပြီးရော ဆို ခံရပါမယ် ..

VPN App က မှန်ပါရဲ့ .. စကစက တစ်ဖက် Server မှာ
မဟုတ်တာလုပ်ထားရင် ခင်ဗျား ဘယ်မှာရှိနေလဲ
ဘာဖိုင်တွေ ပို့နေလဲ ဘာလုပ်နေလဲ သိနိုင်တယ် ..
VPN သုံးလို့လဲ ဘာမှမထူးပါဘူး .. spyware,
malware တွေ ထည့်လို့ရတဲ့အခြေအနေမျိုး
ဖြစ်သွားပါလိမ့်မယ် .. ဒါက သဘောတရား
အနေနဲ့ ပြောပြတာပါ .. Geegde Network ထဲမှာ
ဒီလိုလုပ်နိုင်တဲ့ Feature တွေပါတယ်ဆိုတာ
သတိရပါ ..

နောက်တစ်ခုက ပြီးခဲ့တဲ့လ VPN တွေ Throttling ဖြစ်တယ်
လိုင်းကျကုန်တယ်လို့ ပြောတဲ့အချိန်မှာပဲ VPN Key တွေ
Free ပေးတဲ့ သူအသစ်တွေ အများအပြား ပေါ်လာတယ် ..

Free Key တွေပေးနေတဲ့သူတွေက ၃ – ၄ ရက် အကြာမှ
ဖွင့်ထားတဲ့ အကောင့်အသစ်တွေ ဖြစ်နေတာပါပဲ ..
တကယ့် VPN ရောင်းနေကျ သူတွေဆိုရင်
ယုံကြည်မှုအရ အကောင့်ဟောင်းနဲ့ပဲ ပေးကြမှာပါ ..
မရိုးရှင်းဘူးဆိုတာ သတိထားရပါမယ် ..

အဲဒီလူတွေရဲ့ Server တွေက ခုနက ပြောသလို
အီရန် နဲ့ ရုရှား ဆာဗာတွေကို သွားချိတ်နေတာပါ ..

App တွေကသာ Client App ဖြစ်လို့ ဘာ Key ထည့်
သုံးသုံးရပေမဲ့ Server ဘက်ခြမ်းမှာ ဘာလုပ်ထားလဲ
မမြင်နိုင်တဲ့အတွက် စိတ်မချရပါဘူး ..

ဒီဇင်ဘာလကုန် နဲ့ ဇန်န၀ါရီ လဆန်းမှာ လူတစ်ယောက်
(သို့မဟုတ်) တစ်ဖွဲ့တည်းကပဲ VPN နာမည်ပေါင်းစုံ နဲ့
VPN App များစွာကို တင်လာတာ တွေ့ရပါတယ် ..

ဒါက စီးပွားရေးအရဖြစ်ဖြစ် လုံခြုံရေးအရဖြစ်ဖြစ်
နည်းပညာအရ ဖြစ်ဖြစ် အဓိပ္ပါယ်မရှိပါဘူး ..
Branding တစ်ခုကို တည်ဆောက်ရမှာဖြစ်လို့
VPN App (နာမည်တစ်မျိုးတည်း နဲ့ စေ◌ျးကွက်ချဲ့ထွင်ဖို့
လုံလောက်ပါတယ် .. )

တစ်ဖွဲ့တည်းက VPN နာမည် ၅ခု ၆ခုလောက်
နာမည်အများကြီး ဖြစ်နေတာ ရိုးသားမှု မရှိပါဘူး ..
ဒါမျိုးတွေ အများကြီးပါပဲ .. သံသယပိုကြီး
စေတဲ့ အချက်ကတော့ အဲဒီ App ထဲမှာ သုံးစွဲသူရဲ့
ဓာတ်ပုံဖိုင်တွေကို ဖတ်ခွင့် (Permission) ထည့်ထားတယ် ..
သဘောက အဲဒီ VPN Appကို ထည့်လိုက်တာနဲ့
ဖုန်းထဲက ဒေတာတွေ ကိုယ်ရေးအချက်အလက်တွေ
ပါသွားနိုင်တယ်ဆိုတာပါပဲ ..

တလရ ဆောင်ရွက်နေသူတွေအနေနဲ့ အွန်လိုင်းပေါ်က
Free ပေးနေတဲ့ VPN Key တွေကို မသုံးပါနဲ့ ..

VPN ရောင်းနေတဲ့ Service တွေရဲ့ 85% က
ကျားဖြန့်တွေ ဖြစ်ပြီး ကျန်တဲ့ 13% က
ဘယ်သူဘယ်၀ါမှန်း မသိရတဲ့ ရောင်းချသူတွေ
ဖြစ်တယ် .. ဒီလူတွေက တလရဘက်က ဟုတ်လား
မဟုတ်လား လုံခြုံရေး ဘယ်လိုရှိလဲ ဆိုတာ
မသိရပါဘူး ..

တလရအတွက် VPN ရောင်းနေတဲ့သူတွေက
2% ပဲ ရှိပါလိမ့်မယ် .. ပြောချင်တာက
လုံခြုံရေးစိုးရိမ်ရတယ်ဆိုတာပါပဲ ..

ကျွန်တော်တို့မှာ လက်ရှိ VPN ရောင်းနေတဲ့သူတွေ
နဲ့ VPN Key Free ပေးနေတဲ့ အကောင့်တွေ ၊
သူတို့ပေးနေတဲ့ Keyတွေ App တွေ အားလုံး
စာရင်းပြုစုထားပြီးပါပြီ ..ဒါကြောင့်
သေချာ မှ ပြောတာဖြစ်ပါတယ် ..

———————————–

ဒါကို ကာကွယ်ဖို့ နည်းလမ်းကတော့ …….

ဖြစ်နိုင်ရင် တလရဘက်က စိတ်ချယုံကြည်ရတဲ့
လူသိများတဲ့သူတွေက ညွန်းပေးတဲ့ သူတွေဆီက
၀ယ်သုံးပါ .. ကိုယ့်ဘာသာ တတ်နိုင်ရင်
Visa/Master Card သုံးပြီး
နိုင်ငံခြားက တိုက်ရိုက် ExpressVPN, NordVPN,
Photon VPN တွေကို ၀ယ်သုံးပါ ..

တလရအဖွဲ့တွေ ၊ မြေပြင်အဖွဲ့တွေအနေနဲ့ ကိုယ့်ရဲ့
အမာခံပြညသူတွေကို ကိုယ်ပိုင် Server, ကိုယ်ပိုင် Key နဲ့
Premium VPN သုံးလို့ ရအောင် စီစဥ်ပေးစေချင်ပါတယ် ..
ဒါမှမဟုတ် ခုနကလို Paid VPN တွေ ၀◌ယ်ယူမျှသုံးဖို့
စီစဥ်ပေးစေချင်ပါတယ် ..

(ဒါက စိတ်ချရမဲ့နည်းလမ်းပါ .. ဘယ်လိုလုပ်ရမလဲ မသိရင်
ကျွန်တော် နည်းလမ်းပေးနိုင်ပါတယ် .. )

နိုင်ငံခြားက လုပ်ထားတဲ့ နာမည်ကြီး Free VPN တွေ
သုံးလို့ရလားဆိုတာက မရှိသုံး သုံးမယ်ဆိုရင် ခဏ
တစ်ဖြုတ်တော့ ရတော့ ရတယ်လို့ ပြောပါရစေ ..

ဘာကြောင့်လဲဆိုတော့ VPN Server ကွန်ရက်တွေကို
တကယ် စနစ်ကျကျ တည်ထောင်ဖို့ဆိုတာ မလွယ်ပါဘူး..
ကုန်ကျစရိတ်အလွန်များပါတယ် .. မကိုက်ဘူး ..

ဒီတော့ နိုင်ငံခြားက နာမည်ကြီး VPN Free ပေးတဲ့
Service တွေက ကိုယ့်ဒေတာ ကို AI ကုမ္ပဏီတွေကို
ရောင်းစာတာ ၊ ကြော်ငြာထည့်တာ တွေ လုပ်ကြလေ့
ရှိပါတယ် ..(ပြီးခဲ့တဲ့လကလဲ ဒီလိုကိစ္စတွေ ဖြစ်နေတာ
အွန်လိုင်းမှာ သတင်းဖတ်ကြရမှာပါ .. )

ဒါက ကျွန်တော် သေချာ သတိပေးချင်နေတဲ့ကိစ္စပါ ..

Min Khant Aung V

အင်တာနက်ဖြတ်တောက်ထားချိန် နိုင်ငံများက ဆင်ဆာစနစ် အဆင့်မြှင့်နေဟု Proton သတိပေး

နိုင်ငံအသီးသီးရှိ အစိုးရများသည် သဘောထားကွဲလွဲမှုများကို နှုတ်ဆိတ်သွားစေရန် အင်တာနက်ဖြတ်တောက်မှုများကို အရှိန်မြှင့်လုပ်ဆောင်လာရုံသာမ ထိုအခြေအနေကို အခွင့်ကောင်းယူကာ အင်တာနက်စိစစ်ထိန်းချုပ်ရေးစနစ် (Firewalls) များကိုပါ ပိုမိုခိုင်မာအောင် တည်ဆောက်လာကြသည်ဟု အင်တာနက်လုံခြုံရေးကုမ္ပဏီ Proton က AFP နှင့် ပြုလုပ်သည့် အင်တာဗျူးတွင် သတိပေးပြောကြားခဲ့သည်။

လုံခြုံရေးမြင့်မားသော အီးမေးလ်နှင့် အင်တာနက်ဗီပီအန် (VPN) ဝန်ဆောင်မှုများပေးသည့် ဆွစ်ဇာလန်အခြေစိုက် Proton သည် အာဏာရှင်အစိုးရများက “စိစစ်ဖြတ်တောက်ရေးကို စံနမူနာတရပ်အဖြစ် အသုံးချနေကြသည်” ကို နှစ်ပေါင်းများစွာ စောင့်ကြည့်လာခဲ့ကြောင်း ထုတ်ကုန်ဦးဆောင်မန်နေဂျာ အန်တိုနီယို စီဆာရာနိုက AFP သို့ ပြောသည်။

အထူးသဖြင့် လက်ရှိအခြေအနေတွင် အီရန်နှင့် မြန်မာနိုင်ငံ ကဲ့သို့သော နိုင်ငံများ၌ အင်တာနက်ပိတ်ဆို့မှုကာလပြီးနောက် ပြန်လည်အသုံးပြုခွင့်ရချိန်တွင် ယခင်ကထက် ပိုမိုတင်းကျပ်သည့် ဆင်ဆာဖြတ်တောက်မှုပုံစံများကို မြင်တွေ့လာရကြောင်း စီဆာရာနိုက ဆိုသည်။

Proton နှင့် အခြားကုမ္ပဏီများ ပံ့ပိုးပေးသော VPN များသည် အသုံးပြုသူနှင့် ဆာဗာအကြား ချိတ်ဆက်မှုကို လုံခြုံစိတ်ချရသော လျှို့ဝှက်ကုဒ်ဖြင့် ကာကွယ်ပေးထားကာ အသုံးပြုသူများအမည်ကို မသိရအောင် ထပ်မံအဆင့်မြှင့်ထားပြီး ဒေသတွင်း အင်တာနက်ကန့်သတ်ချက်များကို ရှောင်လွှဲနိုင်စေသည်။

သို့သော် လက်ရှိတွင် အစိုးရများသည် အင်တာနက်ကို အချိန်ကြာကြာပိတ်ထားမှုအတွင်း VPN များအား တားဆီးနိုင်စွမ်းကို မြှင့်တင်နေကြသည့်ပေါ် Proton က စိုးရိမ်နေသည်။

အချို့သော ကိစ္စရပ်များတွင် အင်တာနက်ပိတ်ခြင်းကြောင့် နိုင်ငံတချို့၏ စစ်ဆေးထိန်းချုပ်နိုင်စွမ်းသည် “ဘာမှမရှိသော အားနည်းနေသည့် အခြေအနေမှ အလွန်ကျွမ်းကျင်သည့် အဆင့်သို့ ခုန်တက်သွားသည်” ဟု စီဆာရာနိုက ပြောသည်။

“စိစစ်ဖြတ်တောက်မှုကို ဝန်ဆောင်မှုအဖြစ် ပေးနေ”

ထိုသို့ စွမ်းရည်များ အလွန်မြန်စွာ တိုးတက်လာခြင်းသည် “စိစစ်ဖြတ်တောက်သည့်နည်းပညာများကို ကျွမ်းကျင်မှုမြင့်မားသည့် နိုင်ငံများက အခြားနိုင်ငံများသို့ ရောင်းချနေခြင်း” ဖြစ်နိုင်သည်ဟု ညွှန်ပြကြောင်း Proton ၏ VPN အထွေထွေမန်နေဂျာ ဒေးဗစ် ပီတာဆန်က ဆိုသည်။

“ဥပမာအားဖြင့် လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း တရုတ်နိုင်ငံ၏ ‘Great Firewall’ နည်းပညာကို မြန်မာ၊ ပါကစ္စတန်နှင့် အာဖရိကနိုင်ငံအချို့တွင် အသုံးပြုလာကြသည်ကို တွေ့ရှိခဲ့သည်” ဟု ဒေးဗစ်က ပြောကြားခဲ့သည်။

အစိုးရများသည် အင်တာနက်ကို လုံးဝပိတ်ချနေချင်ကြောင်းလည်း Proton က သတိပေးထားသည်။

Proton သည် အခမဲ့ VPN ဝန်ဆောင်မှုအသုံးပြုမှု တောင်းဆိုမှုများကို စောင့်ကြည့်ခြင်းဖြင့် အစိုးရများ၏ ဖိနှိပ်မှုနှင့် လွတ်လပ်စွာ ပြောဆိုခွင့်ကို ထိခိုက်စေသည့် လုပ်ရပ်များကို ဖော်ထုတ်ရန် ရည်ရွယ်သည့် အကျိုးအမြတ်မယူသော VPN Observatory ကို တည်ထောင်ထားသည်။

အင်တာနက်စိစစ်ဖြတ်တောက်ရေးနှင့် အွန်လိုင်းလွတ်လပ်ခွင့်ဆိုင်ရာ Proton ၏ ပြောရေးဆိုခွင့်ရှိသူလည်းဖြစ်သည့် စီဆာရာနိုက ယခင်က မစဉ်းစားနိုင်လောက်အောင် ပြင်းထန်သည့် အရေးယူစီမံချက်သည် “ခြောက်လအတွင်း သုံးကြိမ် ဖြစ်ပွားခဲ့ပြီးဖြစ်သည်” ဟု ထောက်ပြခဲ့သည်။

စီဆာရာနိုက အီရန်ဖြစ်စဉ်ကို ဥပမာပေးပြောကြားခဲ့သည်။ အီရန်အစိုးရသည် လူဦးရေ သန်း ၉၀ ကျော်ရှိ ပြည်သူများအား သုံးပတ်နီးပါး အင်တာနက် ဖြတ်တောက်ခဲ့ကာ လူထောင်ချီ သေဆုံးခဲ့သည့် နိုင်ငံလုံးဆိုင်ရာ ဆန္ဒပြပွဲများအပေါ် ဖိနှိပ်မှုကို ဖုံးကွယ်ခဲ့သည်ဟု လူ့အခွင့်အရေးအဖွဲ့များက ပြောသည်။

ထို့ပြင် ယူဂန်ဒါနိုင်ငံတွင် ပြီးခဲ့သည့်လက ရွေးကောက်ပွဲမတိုင်မီ တပတ်ကြာ အင်တာနက်ပိတ်ဆို့မှုနှင့် မနှစ်က အာဖဂန်နစ္စတန်တွင် အင်တာနက်နှင့် ဆက်သွယ်ရေး ဝန်ဆောင်မှုများကို ပိတ်ခဲ့ခြင်းများလည်း ရှိခဲ့သည်။

အီရန်နိုင်ငံသည် အစ္စရေးနှင့် ဖြစ်ပွားခဲ့သည့် ပဋိပက္ခကာလအတွင်း ယမန်နှစ် ဇွန်လတွင်လည်း တပတ်ကြာ အင်တာနက်ကို လုံးဝပိတ်ခဲ့ဖူးသည်။

VPN “ထောင်ချောက်များ”

အင်တာနက်ကို လုံးဝပိတ်ချခြင်းသည် “အလွန်အမင်း စိုးရိမ်ဖွယ်ရာ ဖြစ်ပြီး အလွန်ပြင်းထန်သည့် အရေးယူမှုတရပ်” ဖြစ်ကြောင်းနှင့် အင်တာနက်ပိတ်သွားသောအခါ နိုင်ငံတနိုင်ငံ၏ စီးပွားရေးလုပ်ငန်းများသည် လုံးဝ ရပ်တန့်သွားသကဲ့သို့ ဖြစ်သွားကြောင်း စီဆာရာနိုက ဆိုသည်။

“ဒါဟာ ပြည်သူတွေအတွက် အလွန်အန္တရာယ်ရှိပြီး ဆိုးကျိုးတွေရှိပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

Proton သည် လူထုအား VPN များ၏ အလုပ်လုပ်ပုံ၊ အသုံးပြုပုံနှင့် ရွေးချယ်သင့်သည့် VPN များအကြောင်း ပညာပေးလုပ်ဆောင်နေသည့် နယ်ပယ်အတွင်းရှိ NGO များနှင့် ဆက်သွယ်လုပ်ကိုင်လျက်ရှိကြောင်း စီဆာရာနိုက ပြောသည်။

“ဒါဟာ ကြောင်နဲ့ ကြွက် ကစားပွဲလိုပဲ” ဟု စီဆာရာနိုက ဆိုသည်။

မြန်မာနိုင်ငံကဲ့သို့ VPN အသုံးပြုမှုကို တရားမဝင်အဖြစ် သတ်မှတ်ထားသည့် နိုင်ငံများတွင် အာဏာပိုင်များသည် အတိုက်အခံများကို ဖော်ထုတ်ရန် VPN အတုများကို “ထောင်ချောက်” အဖြစ် အသုံးပြုနေကြောင်းလည်း စီဆာရာနိုက ပြောသည်။

မြန်မာနှင့် အခြားနိုင်ငံများတွင် ရဲတပ်ဖွဲ့များက လမ်းပေါ်တွင် လူများကို တားဆီးကာ ဖုန်းများအတွင်း VPN ရှိ၊ မရှိ စစ်ဆေးမှုများ ပြုလုပ်ကြသည်။

Proton ပြောရေးဆိုခွင့်ရှိသူ ဗင်းဆင့် ဒါရီကာရဲရေက ကုမ္ပဏီအနေဖြင့် ထိုအန္တရာယ်များမှ လွတ်မြောက်နိုင်ရန် VPN အက်ပ်ကို မိုးလေဝသအက်ပ် သို့မဟုတ် ဂဏန်းတွက်စက်ကဲ့သို့ အခြားအက်ပ်များအဖြစ် ဖုံးကွယ်နိုင်သည့် အထူးလုပ်ဆောင်ချက်ကို မိတ်ဆက်ခဲ့ကြောင်း ပြောသည်။

စိစစ်ဖြတ်တောက်မှုများကို ရှောင်လွှဲရန် VPN အသုံးပြုလိုမှုများမှာလည်း မြင့်တက်လျက်ရှိသည်။

VPN အသုံးပြုမှု မြင့်တက်လာသည်ကိုကြည့်ခြင်းအားဖြင့် မကြာမီ ဖိနှိပ်မှုများ ဖြစ်ပေါ်လာမည်ဟု VPN Observatory က ခန့်မှန်းထားသည်။

“ကျွန်တော်တို့ရဲ့ ဝန်ဆောင်မှုတွေ တခုခု ဖြစ်လာတာကို မြင်ရင် ဘာတွေဖြစ်နေပြီလဲဆိုတာ ခန့်မှန်းနိုင်ပါတယ်” ဟု စီဆာရာနိုက ပြောကြားခဲ့ပြီး အီရန်၊ ယူဂန်ဒါ၊ ရုရှားနှင့် မြန်မာနိုင်ငံတို့တွင် ဖိနှိပ်မှု မဖြစ်ပွားမီကပင် VPN စာရင်းသွင်းတောင်းဆိုမှုများ အလွန်အမင်း တိုးလာခဲ့သည်ဟု ဆိုသည်။

အီရန်နိုင်ငံ၏ နောက်ဆုံး အင်တာနက်ပိတ်မှု စတင်ခဲ့သည့် ဇန်နဝါရီ ၈ ရက်နေ့တွင် မတိုင်မီ Proton VPN အသုံးပြုမှုသည် ပုံမှန်အခြေအနေထက် ၁,၀၀၀ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ကြောင်း VPN Observatory က မှတ်တမ်းတင်ခဲ့သည်။

ထို့အတူ ယူဂန်ဒါနိုင်ငံတွင်လည်း အစိုးရက အင်တာနက်ပိတ်မည်ဟု အချက်ပြနေသည့် ရွေးကောက်ပွဲမတိုင်မီနေ့ရက်များအတွင်း VPN အသုံးပြုရန် စာရင်းသွင်းမှုများသည် ၈၉၀ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့သည်။

ဗင်နီဇွဲလာနိုင်ငံ၌လည်း သမ္မတ နီကိုလပ် မာဒူရိုကို ဖယ်ရှားလိုက်သည့်နောက် ယခုနှစ်အစပိုင်းတွင် VPN အသုံးပြုမှုသည် ရက်ပိုင်းအတွင်း ၇၇၀ ရာခိုင်နှုန်းအထိ တက်လာခဲ့ကြောင်း Observatory က ဖော်ပြခဲ့သည်။

AFP မှ Countries using internet blackouts to boost censorship: Proton အား Brownie ဘာသာပြန်သည်။

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်