မကြာသေးခင်က ထိုင်းနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ဝမ်းနည်းစရာ ယာဉ်မတော်တဆမှုကြောင့် လသားအရွယ် သားငယ်လေးရဲ့ မိခင်ဟာ မထင်မှတ်ဘဲ အသက်ဆုံးရှုံးခဲ့ရပါတယ်။

အသက်ရှင်နေစဉ်မှာ မိခင်ရဲ့မေတ္တာကို အနည်းငယ်သာ ခံစားခွင့်ရခဲ့တဲ့ သားငယ်လေးဟာ အခုတော့ “မေမေ” လို့တောင် မခေါ်တတ်သေးခင်မှာပဲ မိခင်ရဲ့အသံကို ထာဝရ မကြားရတော့ပါဘူး။ ဒါပေမဲ့ သားနဲ့မိခင်ကြားက သံယောဇဉ်ကတော့ အဆန်းတကြယ်ပါပဲ…။

”အမေကို မတွေ့ရတော့ပေမဲ့ အမေကို သိနေတဲ့ သားငယ်လေး…”
မိခင်ရဲ့ ဓာတ်ပုံလေးကို ရင်ခွင်ထဲပိုက်၊ ဓာတ်ပုံထဲက မိခင်ရဲ့မျက်နှာလေးကို အငမ်းမရ စိုက်ကြည့်ရင်း နမ်းရှိုက်နေတဲ့ အပြစ်ကင်းစင်တဲ့ မြင်ကွင်းက မြင်သူတိုင်းရဲ့ နှလုံးသားကို နာကျင်စေခဲ့ပါတယ်။

ကမ္ဘာကြီးဟာ တစ်ခါတရံမှာ တကယ်ကို ရက်စက်လွန်းလှပါတယ်။ မထင်မှတ်တဲ့ အခိုက်အတန့်လေးတစ်ခုက မိသားစုတစ်စုရဲ့ ဘဝကို ထာဝရ ပြောင်းလဲပစ်ခဲ့ပါပြီ။ မိခင်ဖြစ်သူ ကောင်းရာမွန်ရာ ရောက်ပါစေကြောင်း ဆုတောင်းပေးရင်း ကျန်ရစ်သူ သားငယ်လေးအတွက်လည်း ရင်ထဲမှာ မကောင်းလွန်းလှပါဘူး။


Leave a Reply