နှစ်ပေါင်း ၂၀ ပရဟိတလုပ်ခဲ့တဲ့ ကျွန်တော်ဘီဝမ်း… ဒီတစ်ခါတော့ မျက်ရည်မထိန်းနိုင်ခဲ့ဘူး

မြဝတီမြို့မှာ ပရဟိတလုပ်လာတာ နှစ်ပေါင်း ၂၀ ကျော်ရှိပါပြီ။

လူပေါင်းထောင်ချီကို ကူညီပေးခဲ့ဖူးပေမယ့်… ဒီညမှာတွေ့ကြုံခဲ့ရတဲ့ အဖြစ်အပျက်ကတော့ ကျွန်တော်ဘဝတစ်လျှောက် မမေ့နိုင်တဲ့ အမှတ်တရတစ်ခုဖြစ်ခဲ့ပါတယ်။

၁၉.၂.၂၀၂၆ ည ၇ နာရီခန့်မှာ မြဝတီမြို့ ရွှေမြင်းဝန်စေတီအနီး လမ်းသွယ်လေးတစ်ခုမှာ အသက် ၅၀ ဝန်းကျင်ရှိ အရက်သောက်လွန်ပြီး အမောဖောက်နေတဲ့ အမျိုးသားတစ်ဦးကို တွေ့ရှိခဲ့ရပါတယ်။

အဲ့ဒီအချိန်မှာ ပတ်ဝန်းကျင်ရှိသူတွေက ကျွန်တော်ဘီဝမ်းကို ဆက်သွယ်ပြီး အကူအညီတောင်းလာခဲ့တာကြောင့် အမြန်ဆုံး မြဝတီဆေးရုံကြီးကို တင်ပို့ပေးခဲ့ပါတယ်။

ဆေးရုံမှာ လူနာအခြေအနေကို သွားရောက်ကြည့်ရှုခဲ့တဲ့အခါ…

သူ့အခြေအနေက မကောင်းတော့ဘူးဆိုတာကို သိလိုက်ရပါတယ်။

အဲ့ဒီအချိန်မှာ သူက ကျွန်တော့်လက်ကို တင်းတင်းဆုပ်ကိုင်ပြီး…

“ကျွန်တော့်သမီးလေးကို ကူညီစောင့်ရှောက်ပေးပါ…” လို့ အားနည်းတဲ့အသံနဲ့ မှာကြားခဲ့ပါတယ်။

အဲ့ဒီစကားကို ကြားတဲ့အချိန်… ကျွန်တော့်ရင်ထဲမှာ မပြောနိုင်တဲ့ ဝမ်းနည်းမှုတစ်ခု တက်လာခဲ့ပါတယ်။

ဒါနဲ့ ကျွန်တော် သူ့သမီးလေးကို မြဝတီမြို့အနှံ လိုက်ရှာခဲ့ပါတယ်။

နောက်ဆုံးမှာတော့ ဘုရားကြီးမီးပွိုင့်အနီး လမ်းဘေးမှာ အလှူခံနေတဲ့ ကောင်မလေးကို တွေ့ရှိခဲ့ပါတယ်။

ညအချိန်အထိ အလှူခံနေတာကို မြင်လိုက်ရတဲ့အချိန်…

ကျွန်တော့်ရင်ထဲမှာ မျက်ရည်တွေ ထိန်းမရတော့ဘူး…

ကောင်မလေးက ကျွန်တော့်ကို ကြည့်ပြီး…

“အဖေဆေးကုဖို့နဲ့… အဖေအရက်ဖိုးအတွက် အလှူခံနေတာပါ…” လို့ ပြောပြခဲ့ပါတယ်။

အဖေ ဆေးရုံရောက်နေပြီဆိုတာ သိလားလို့ မေးလိုက်တော့…

သူမ မသိသေးဘူးလို့ ပြောလိုက်တဲ့အချိန်… ကျွန်တော့်ရင်ထဲ ပိုပြီး နာကျင်သွားခဲ့ပါတယ်။

ဒါနဲ့ ကောင်မလေးကို ဆေးရုံကြီးကို ခေါ်သွားပြီး ဖခင်နဲ့ ပြန်တွေ့ခွင့်ပေးလိုက်ပါတယ်။

ဖခင်ဖြစ်သူက သမီးလေးကို ကြည့်ပြီး…

“လိမ်လိမ်မာမာနေ… ဦးလေးနဲ့ လိုက်သွားနော်…” လို့ ပြောလိုက်ပါတယ်။

အဲ့ဒီအချိန်မှာ…

သမီးလေးက မျက်ရည်တွေ လျှံထွက်လာပြီး ဖခင်ကို တင်းတင်းဖက်လိုက်ပါတယ်။

ပြီးတော့…

ဒီနေ့ တစ်နေ့လုံး လမ်းဘေးမှာ အလှူခံပြီး ရရှိထားတဲ့ ငွေ ၅,၀၀၀ ကျပ်ကို ဖခင်လက်ထဲ ထည့်ပေးလိုက်ပါတယ်။

အဲ့ဒီမြင်ကွင်းကို မြင်လိုက်ရတဲ့အချိန်…

နှစ်ပေါင်း ၂၀ ပရဟိတလုပ်လာတဲ့ ကျွန်တော်ဘီဝမ်း…

ပထမဆုံးအကြိမ် မျက်ရည်မထိန်းနိုင်တော့ခဲ့ပါဘူး…

ဒီညမှာတော့ ကောင်မလေးကို လမ်းဘေးမှာ တစ်ယောက်တည်း မထားနိုင်တဲ့အတွက် ကျွန်တော် ခဏတာ စောင့်ရှောက်ထားပေးပါတယ်။

လူနာအခြေအနေနဲ့ ကောင်မလေးအတွက် ဆက်လက်ကူညီပေးသွားမယ့် အခြေအနေတွေကို ထပ်မံ အသိပေးပေးပါမယ်။

ကလေးတစ်ယောက်ရဲ့ မေတ္တာဟာ…

ဆင်းရဲမှုထက် ကြီးမားတယ်ဆိုတာ ဒီညမှာ ကျွန်တော် နက်နက်ရှိုင်းရှိုင်း သိလိုက်ရပါတယ်…

မနေညကမြဝတီဆေးရုံကြီးသို့ရောက်ရှိနေသော အမောဖောက်နေသူရဲ့သမီးအတွက် ကျွန်တော်ဘီဝမ်း အလှူခံထားတာမရှိသော်လည်း ဆေးကုသစရိတ်နှင့် လူနာစောင့်ခ ပေးရန်အတွက်အလှူငွေလက်ခံပါတယ်။

တစ်သိန်းအလှုငွေအား ကောင်မလေးလက်ခံခဲ့ပုံ

ကောင်မလေးဘဝရှေ့ရေးအတွက် ကျွန်တော်တစ်ခုခုစီစဥ်ပေးရမှာ သိသော်လည်း ကောင်မလေးဖခင်ဆေးကုသနေချိန်မို့လို့ ကျွန်တော်ဘီဝမ်းခဏယာယီခေါ်ထားတာပါ။

ကောင်မလေး မိဘတွေ တစ်ချိန်က ပဲခူးတိုင်း ကျောက်ကြီးဖက်မှာနေထိုင်ပီး သမီးတစ်ယောက်ထွန်းခဲ့ကာ သမီးအသက် ၆ နှစ်အကြာမှာ ကောင်မလေးဖခင်နဲ့ယောက်ခမတို့အဆင်မပြေကြတော့ အဖွားက သူ့သမီးကို အဖေနဲ့လမ်းခွဲခိုင်းကာ တစ်ခြားအိမ်ထောင်နဲ့ပြုခိုင်းလိုက်တယ်။

အမေနောက်အိမ်ထောင်မပြုခင် အဖွားက အမေကို အဖေဆင်ပေးထားသော သမီးနားကပ်ကိုဖြုတ်ခိုင်းကာ နောက်အိမ်ထောင်နဲ့ ရန်ကုန်ကိုထွက်သွားခဲ့တယ်။

နောက်ပိုင်း အဖေတစ်ယောက် စိတ်တွေညစ်ကာအရက်သမားဘဝနဲ့ တိုက်ပွဲရှောင်ရင်း မြဝတီမြို့ကို အဖေနဲ့တက်လာခဲ့တယ်။

မြဝတီရောက်တော့ ဘာအလုပ်မှမယ်မယ်ရရမလုပ်ရသည့်အတွက် အဖေနဲ့သမီးလမ်းဘေးနေလမ်းဘေးအိပ်ဘဝနဲ့ နေခဲ့ရကြောင်း

မြဝတီမြို့ ရှိပွဲခင်းတိုင်းလိုလိုမှာ အမြဲလိုလိုညအိပ်ခဲ့ရကြောင်း

နောက်ဆုံး ကားပေါ်တွင် အရက်သမားများနဲ့ပေါင်းမိကာ အရက်သမားဘဝနဲ့ လွန်ခဲ့သော ၆ လကတစ်ကြိမ်အဖေအမောဖောက်လို့ မြဝတီဆေးရုံတက်ခဲ့ရကြောင်း

လူနာစောင့်မရှိလို့ သမီးပဲ လူနာစောင့်ခဲ့ရကြောင်း ဆေးရုံကဆင်းပြီးနောက်ပိုင်း အဖေဆေးဝယ်သောက်ဖို့ရယ် အရက်ဝယ်သောက်ဖို့ရယ် သမီးရှာပေးရကြောင်း

သမီးရှာလို့ရသော ငွေတစ်သောင်းရပါက အဖေက သူ့ စီနီယာ အရက်သမားများကိုတစ်ဝက်ပေးကာဝယ်တိုက်ရကြောင်း ကျွန်တော်ဘီဝမ်းကိုရင်ဖွင့်ပြောဆိုတယ်။

ယခုလိုဖခင်အပေါ်ကျေးဇူသိတက်လို့ထင်ပါတယ်။

ဖော်ပြပါကောင်မလေးကို မွေးစားမည့်သူအယောက်တစ်ရာလောက်ထိများပြားလာတယ်။

အလှူရှင်တွေလည်း အလိုလိုရလာတယ်။

ဖခင်ဖြစ်သူကလည်း မနေ့ညကသူဆုံးပါးရတော့မည် သူ့သမီးကိုကျွန်တော်ဘီဝမ်းလက် ထဲအပ်တယ်။

ယနေ့ ရောဂါပြန်သက်သာလာတာတွေ့ရတယ်။

နေပြန်ကောင်းလို့ဆေးရုံကဆင်းသည့်အခါမှ ဖခင်နဲ့ သမီးကိုဘယ်လိုခွဲထားပေးရမလဲ ကျွန်တော်ဘီဝမ်း ။စဥ်စားပေးလို့ရမှာပါ

ယနေ့ အများအလှူငွေ ၆ သိန်း ၉ သောင်းရရှိထားပါတယ်။

တစ်သိန်းအလှုငွေအား ကောင်မလေးလက်ခံခဲ့ပုံ
တစ်သိန်းအလှူရှင်
တစ်သိန်းအလှူရှင်
တစ်သိန်းအလှူရှင်
ငါးသောင်းအလှူရှင်
ငါးသောင်းအလှူရှင်
ငါးသောင်းအလှူရှင်

လေးသောင်းအလှူရှင်

Leave a Reply

Your email address will not be published. Required fields are marked *