ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်းလုပ်ငန်းစဥ် ပြီးစီးသွားပြီမို့ ဒီကနေ့မနက်မှာ ဖူးမြင်ရတဲ့ မြင်ကွင်းပုံရိပ်
ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်းလုပ်ငန်းစဥ်ကို ပြီးခဲ့တဲ့ရက်တွေမှာ စတင်ခဲ့တာ ဖြစ်ပါတယ်.
မနေ့က ဖေဖော်ဝါရီလ ၂၄ ရက် ည ၁၁နာရီ ကျော်အချိန်မှာတော့ လုပ်ငန်းစဥ်အားလုံးပြီးစီး အောင်မြင်ခဲ့တာကြောင့် ငြမ်းတွေအားလုံး ဖြု-တ်သိမ်:လိုက်ပြီလို့ သိရပါတယ်.
ဒီကနေ့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ မနက်အစောမှာတော့ ရွှေသင်္ကန်းအသစ်ကပ်လှူထားတဲ့ စေတီတော်ကြီးကို ကြည်ညိုဖွယ်ရာ ဖူးတွေ့ရတဲ့ မြင်ကွင်းကို ကုသိုလ်ဝေမျှဖော်ပြပေးလိုက်ရပါတယ်.




ဆံတော်ရှင် ကျိုက်ထီးရိုး စေတီတော်မြတ်ကြီး (၃)နှစ် တစ်ကြိမ် လုံးတော်အပြည့် ရွှေသားအစစ် ရွှေသင်္ကန်းများ ကပ်လှူပူဇော်ခြင်းလုပ်ငန်းအား ပြီးစီး၍ ! ကျန်ရှိနေသည့် ငြမ်းအား ယနေ့ည(၁၀:၀၁) မိနှစ်အချိန်တွင် ဖြုတ်သိမ်းပြီးစီးပါသည် ။
🙏☘️~ ပံပိုးပေးခဲ့ကြသော ကလေးတွေ (၇)ရက်သားသမီးတွေ ပျော်ရွှင်ကြည်နူးရလေအောင် ရွှေမိုးငွေမိုး သိန်း(၃၀)တိတိ ရွာသွန်းဖြိုးကာ အောင်ခဲ့ကြလေပြီး ။
🙏☘️~ ကျိုက်ထီးရိုးဆရာတော်အား အမှူးထားပြီး ရွှေသင်္ကန်းများ လှူဒါန်းပေးခဲ့ကြသောအလှူရှင်များ ! ငြမ်းတိုင်များ လှူဒါန်းပေးခဲ့ကြသောအလှူရှင်များ ! လိုလေသေးမရှိ ပါရမီဖြည့်ဆည်းပေးခဲ့ကြသော (၇)ရက်သားသမီးများ ! အားလုံး ဆံတော်ရှင် ကျိုက်ထီးရိုး စေတီတော်မြတ်ကြီးအား တည်းထားခဲ့ပါသော အဘဘိုးသိကြား တိဿရသေ့ သီဟရသေ့တို့အားလည်းကောင်း ၊ မဟာဣသိန္ဒေဝဘိုးဘိုးကြီးနှင့် အဘဘိုးဘိုးနီတို့အားလည်းကောင်း ၊ ဟုန်းနတ်ဘိုးဘိုးကြီးနှင့် တောင်ပိုင်ဘိုးဘိုးကြီးတို့အားလည်းကောင်း ၊ အစ်မတော်ရွှေနန်းကျင် မိသားစုနှင့် အဖွားနန်းကြာဟဲ မိသားစုတို့အားလည်းကောင်း၊ ဆရာတော်နှင့် ဆက်နွယ်မူရှိကြကုန်သော အကျိုးဆက် အကြောင်းဆက် ပဋ္ဌာန်းဆက် သိုက်ဆက် နဂါးဆက်တို့အားလည်းကောင်း ၊ ယနေ့အချိန်အထိ ပြုသမျှ ကုသိုလ်အားလုံး ထပ်တူထပ်မျှ ကုသိုလ်ထူးတွေ ရရှိကြပါစေ ၊ ကုသိုလ်အားလုံး ကြားကြားသမျှ အမျှ အမျှ အမျှ ယူတော်မူကြပါကုန်လော့ သာဓု သာဓု သာဓု ~ ။ ။
ကျိုက်ထီးရိုးဆရာတော် ဘဒ္ဒန္တနန္ဒမာလာ

Leave a Reply