Mm News.xyz 2026 03 03 172536

ဒီးမော့ဆို အနောက်ခြမ်းရှိ KTV အတွင်း အမျိုးသမီး လုရာမှ ၄၀ မမ ဖြင့် ပစ်ခတ်မှုဖြစ်ပွား

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းရှိ KTV တစ်ခုတွင် အမျိုးသမီးလုရာမှ ၄၀ မမ ဖြင့် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ခိုင်မာသည့် သတင်းရင်းမြစ်က ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ည ၁၁ နာရီခန့်က ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းရှိ KTV ဆိုင်တစ်ခုတွင် အမျိုသမီးရွေးရာမှ အမျိုးသားနှစ်ဦး အကြိုက်တူခဲ့ပြီး၊ ကျူးလွန်သူမှ အမျိုးသမီးပြောင်းပေးရန် ဆိုင်မန်နေဂျာအား ပြောဆိုရာကတစ်ဆင့် အချင်းများခဲ့ပြီး ၄၀ မမ ဖြင့် ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“ပစ်တာက ရဲဘော်ပါ။ KTV လာတဲ့ နှစ်ဖွဲ့ဖြစ်တာလား၊ ဆိုင်ရှင်နဲ့ဖြစ်တာလားတော့ သေချာမသိဘူး။ ဘယ်အဖွဲ့ကလဲဆိုတာလည်း မသိဘူး။ စော်လုရာကနေ ပြဿနာတက်တာပါ။ KTV ထဲပစ်တယ်ဆိုပေမဲ့ ခြောက်ပြီးပစ်တဲ့သဘောပါ။ ၇၉ သေနတ်နဲ့ ပစ်သွားတာက အိမ်သာတွင်းနားကို တစ်လုံး၊ တောထဲကို နှစ်လုံး ပစ်သွားတာပါ။ ထိခိုက်ဒဏ်ရာရသူတော့ မရှိပါဘူး။ မယ်လိုဒီ KTV မှာ ဖြစ်သွားတယ်လို့ ကြားတယ်။ ပစ်တဲ့သူတွေက ဆိုင်ဆိုင်းဘုတ်ကိုလည်း ရိုက်ချိုးသွားတယ်၊ ဆဲဆိုသွားတာလည်း ရှိတယ်” ဟု ၎င်းက ပြောသည်။

Mm News.xyz 2026 03 03 172425

KTV ဆိုင်အား ၄၀ မမ (၇၉ သီး) ဖြင့် ပစ်ခတ်ခဲ့သူသည် ရဲဘော်ဟုသာ ကနဦးသိရပြီး မည်သည့်တပ်ဖွဲ့မှဖြစ်ကြောင်းနှင့် အရေးယူခံထားရခြင်း ရှိ၊ မရှိကိုမူ သီးခြားအတည်မပြုနိုင်သေးပေ။

ယင်းပစ်ခတ်မှုနှင့် ပတ်သက်ပြီး ယင်းဆိုင်အနီးနေ ဒေသခံများကမူ လက်နက်ကိုင် မူးယစ်ရမ်းကားသူများကို သက်ဆိုင်ရာ လူကြီးများမှ ထိရောက်စွာ အရေးယူပေးရန် လိုအပ်ကြောင်း MPA သို့ ပြောသည်။

“အခုက ဂန်းစတားကားထဲကလို ဖြစ်နေပြီ။ ညမှောင်နေတော့ ကားပဲ တွေ့လိုက်တယ်။ အစက လက်နက်ကြီးကျတယ် ထင်တာ။ ဆဲဆိုသံတွေကြားတော့မှ ရန်ဖြစ်ပြီး ထုကြမှန်းသိတာ၊ တကယ်လို့များ လူနေအိမ်တွေပေါ်ကိုကျရင်၊ KTV ထဲလာတဲ့သူတွေနဲ့ ကောင်မလေးတွေ သေရင် ဘယ်သူတာဝန်ယူမလဲပေါ့။ တစ်ဦးတစ်ယောက်လုပ်တာနဲ့ တစ်ဖွဲ့လုံးမကောင်းတာ မဟုတ်ပေမဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုမရှိရင်တော့ လုပ်တဲ့အဖွဲ့က နာမည်ပျက်မှာဘဲ” ဟု ၎င်းက ပြောသည်။

Mm News.xyz 2026 03 03 172439

ကရင်နီပြည်နယ်အတွင်း KTV ဆိုင်များသည် ဒီးဘောင်းခူမြို့နယ်အတွင်းတွင်သာရှိပြီး ကျန်မြို့နယ်များတွင် လုံးဝပိတ်ပင်ထားကြောင်း ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) အတွင်းရေးမှူး (၂) ကိုဗညားက ပြောသည်။

“KTV ကိစ္စမှာလည်း လက်နက်ကိုင်အင်အားစုတွေ ပါဝင်ပတ်သက်မှုက ပုံစံတစ်မျိုးမဟုတ်ရင် တစ်မျိုးရှိကြတော့ သက်ဆိုင်ရာ အင်အားစု၊ မြို့နယ်နဲ့ IEC တို့ ပူးပေါင်းကြပ်မတ်မှသာလျှင် အဆင်ပြေနိုင်မှာပါ။ ဒါကလည်း တော်လှန်ရေးအခြေအနေကြောင့်ပါ” ဟု ၎င်းက ပြောသည်။

Mm News.xyz 2026 03 03 172445

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လအတွင်းကလည်း ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းတွင် HIV ပိုးရှိသည့် သံသယလူနာ ၁၂ ဦး ထွက်ပေါ်ခဲ့ပြီးနောက် KTV ဆိုင်နှစ်ခု ပိတ်သိမ်းသွားခဲ့သေးသည်။

ဒီးဘောင်းခူမြို့နယ်သည် IEC မှ အသစ်ပြန်လည်ဖွဲ့စည်းထားသည့် မြို့နယ်တစ်ခုဖြစ်ပြီး ဒေါရောက်ခူအုပ်စု၊ လိုပူအုပ်စု၊ လိုဘာခိုအုပ်စု၊ ဟိုဝမ်အုပ်စု၊ ဝါဘန်းဘလိုအုပ်စုနှင့် ဘပန်ပက်အုပ်စုတို့ ပါဝင်ကြောင်း သိရသည်။

ပုံစာ-ယမန်နှစ်က ဒီးမော့ဆိုအနောက်ခြမ်းရှိ KTV တစ်ခုအား စစ်ကော်မရှင် ဗုံးကြဲပြီး မြင်ကွင်းနှင့် ၄၀ မမ လက်နက်အားတွေ့ရစဉ်


Comments

Leave a Reply

Your email address will not be published. Required fields are marked *