📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန် ➔
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

ဇန်နဝါရီ တစ်လအတွင်း စစ်ကောင်စီတပ်သား တစ်ရာကျော် ပြည်သူ့ရင်ခွင်အဖွဲ့ထံ ခိုလှုံ

—

by

in

ဇန်နဝါရီလ တစ်လအတွင်းမှာပဲ စစ်ကောင်စီတပ်သား ၁၃၆ ဦးဟာ အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) အနေနဲ့ ပြည်သူ့ရင်ခွင်ကို ခိုလှုံလာတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၁ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။

ပြည်သူ့ရင်ခွင် ခိုလှုံလာတဲ့ ၁၃၆ ဦးထဲမှာ ဗိုလ်မှူး တစ်ဦး၊ ဗိုလ်ကြီး လေးဦးနဲ့ အရာခံဗိုလ် တစ်ဦး အပါအဝင် တပ်သား ၁၂၇ ဦးနဲ့ ရဲ ကိုးဦးတို့ ပါဝင်ပြီး လက်နက်ယူဆောင်ထွက်ပြေးလာတဲ့ ၈၃ ဦးကိုတော့ NUG ကာကွယ်ရေး ဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ လက်နက်တန်ဖိုးအလိုက် ဂုဏ်ပြုငွေတွေ ပေးအပ်ခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။

အာဏာသိမ်း လေးနှစ်အတွင်းမှာ ပြည်သူ့ရင်ခွင် ခိုလှုံလာသူ တပ်သားနဲ့ ရဲ အားလုံး ၁၅,၀၀၀ နီးပါး ရှိတယ်လို့ ပြည်သူ့ရင်ခွင်ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“အာဏာစသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်ကနေ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအထိ ပြည်သူ့ရင်ခွင်ကို ခိုလှုံလာကြတဲ့ တပ်သားနဲ့ ရဲ တိတိကျကျဆိုရင် ၁၄,၇၆၀ ရှိပါတယ်။ အဲဒီထဲမှာ တပ်သားက ၃၈၇၂ ယောက်ရှိပြီး ရဲကတော့ ၁၀,၈၈၈ ယောက်ရှိပါတယ်။ ၂၀၂၄ ခုနှစ် တစ်နှစ်တည်းဆိုရင် တပ်သား ၄၂၅ ယောက်နဲ့ ရဲ ၁၄၂ ယောက် အားလုံး ၅၆၇ ယောက်ရှိပါတယ်”

ပြည်သူ့ရင်ခွင် ခိုလှုံလာတဲ့ စစ်ကောင်စီတပ်သား ၁၅,၀၀၀ နီးပါးမှာ ဒုဗိုလ်မှူးကြီးအဆင့် ငါးဦးနဲ့ ဗိုလ်မှူး ၄၂ ဦး၊ ဗိုလ်ကြီး ၃၂၃ ဦး၊ ဗိုလ် ၁၀၂ ဦးရှိခဲ့ပြီး လက်နက်နဲ့ ဝင်ရောက်လာသူက ၂၁၀ ရှိတယ်လို့ သူက ပြောပါတယ်။

အဲဒီလို ပြည်သူ့ရင်ခွင် ခိုလှုံလာတဲ့ တပ်သားနဲ့ ရဲတွေအတွက် NUG က လစဉ် ကျပ်သိန်း ခြောက်ထောင်ကျော် သုံးစွဲပြီး ကူညီနေတယ်လို့လည်း ဆိုပါတယ်။

စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီးနောက်ပိုင်း ပြည်သူ့ရင်ခွင်ကို ဝင်လာတဲ့ စစ်ကောင်စီတပ်သားတွေအထဲမှာ စစ်မှုထမ်းဖို့ အဓမ္မစုဆောင်းခံရသူတွေ ပါဝင်ပေမဲ့ အတိအကျကိုတော့ ပြည်သူ့ရင်ခွင်အဖွဲ့က ထုတ်မပြောပါဘူး။

ဆောမြို့တွင် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်နေ့က လက်နက်နှင့်အတူ ခိုလှုံလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တွေ့ရစဉ်။ (ဓာတ်ပုံ – အမှတ်-၁ စစ်ဒေသ)

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်